< Psalms 25 >

1 [A Psalm] of David. To thee, O LORD, do I lift up my soul.
အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် တသ လျက်နေပါ၏။
2 O my God, I trust in thee: let me not be ashamed, let not my enemies triumph over me,
အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ သည်ဖြစ်၍၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။ အကျွန်ုပ် ၏ ရန်သူ တို့သည် အကျွန်ုပ် ကို အောင် ၍ အောင် ပွဲကိုမ ခံပါစေနှင့်။
3 Also, let none that wait on thee be ashamed: let them be ashamed who transgress without cause.
အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
4 Show me thy ways, O LORD; teach me thy paths.
အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း တို့ကို အကျွန်ုပ် အား ပြညွှန် ၍၊ ခရီး တော်တို့ကို သွန်သင် တော်မူ ပါ။
5 Lead me in thy truth, and teach me: for thou [art] the God of my salvation; on thee do I wait all the day.
ကိုယ်တော် ၏ သမ္မာ တရားကို ပြ ၍ ၊ အကျွန်ုပ် ကို သွန်သင် တော်မူပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကယ်တင် သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို အစဉ် မြော်လင့် လျက် နေပါ၏။
6 Remember, O LORD, thy tender mercies and thy loving kindnesses; for they [have been] ever of old.
အိုထာဝရဘုရား ၊ ရှေး ကာလမှစ၍ ၊ ပြတော်မူသောကရုဏာ နှင့် မေတ္တာ သဘောကို အောက်မေ့ တော်မူ ပါ။
7 Remember not the sins of my youth, nor my transgressions: according to thy mercy remember thou me for thy goodness' sake, O LORD.
အကျွန်ုပ် သည် အသက်အရွယ်ငယ် စဉ်၊ ပြစ်မှား မိသောအပြစ် တို့ကို အောက်မေ့ တော်မ မူပါနှင့်။ ကောင်းမြတ် တော်မူသည်ဖြစ်၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါထာဝရဘုရား။
8 Good and upright [is] the LORD: therefore will he teach sinners in the way.
ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
9 The meek will he guide in judgment: and the meek will he teach his way.
နှိမ့်ချ လျက်ရှိသောသူတို့ ကို တရား လမ်း၌ သွေးဆောင် တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့အား ခရီး တော်တို့ကို သွန်သင် တော်မူ၏။
10 All the paths of the LORD [are] mercy and truth to such as keep his covenant and his testimonies.
၁၀ထာဝရဘုရား ၏ လမ်း ခရီးရှိသမျှ တို့သည် ပဋိညာဉ် တရားတော်နှင့် သက်သေ ခံတော်မူချက်တို့ကို စောင့်ရှောက် သောသူတို့ အား ကရုဏာ နှင့် သစ္စာ ဖြစ်ကြ သတည်း။
11 For thy name's sake, O LORD, pardon my iniquity; for it [is] great.
၁၁အိုထာဝရဘုရား ၊ အကျွန်ုပ် အပြစ် များ လှသောကြောင့် နာမတော် ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
12 What man [is] he that feareth the LORD? him shall he teach in the way [that] he shall choose.
၁၂အကြင်သူ သည်ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ထိုသူ အား နှစ်သက် ဘွယ်သောလမ်း ကို ပြ ညွှန် တော်မူမည်။
13 His soul shall dwell at ease; and his seed shall inherit the earth.
၁၃ထိုသူ သည် ကိုယ်တိုင် ကောင်းမွန် စွာ ကျိန်းဝပ် ၍ ၊ သူ ၏အမျိုး အနွယ်သည်လည်း ပြည် တော်ကို အမွေ ခံရလိမ့်မည်။
14 The secret of the LORD [is] with them that fear him; and he will show them his covenant.
၁၄ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
15 My eyes [are] ever towards the LORD; for he will pluck my feet out of the net.
၁၅အကျွန်ုပ် သည် ထာဝရဘုရား ကို အစဉ် မြော်လင့် လျက် နေပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် ၏ခြေ ကို ကျော့ကွင်း ထဲ က နှုတ် ယူတော်မူမည်။
16 Turn thee to me, and have mercy upon me; for I [am] desolate and afflicted.
၁၆အကျွန်ုပ် သည် တ ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချ ခြင်းကို ခံရသောကြောင့် ၊ အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူပါ။
17 The troubles of my heart are enlarged: O bring thou me out of my distresses.
၁၇အကျွန်ုပ် စိတ် နှလုံးဆင်းရဲ သည်ကို ချမ်းသာ ပေး၍၊ အမှု များထဲက ကယ်နှုတ် တော်မူပါ။
18 Look upon my affliction and my pain; and forgive all my sins.
၁၈အကျွန်ုပ် နှိမ့်ချ ခြင်းနှင့် ပူပန် ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူပါ။
19 Consider my enemies, for they are many; and they hate me with cruel hatred.
၁၉အကျွန်ုပ် ၏ ရန်သူ တို့သည် များပြား ကြောင်း နှင့် အကျွန်ုပ် ကို ပြင်းစွာ မုန်း ထားကြောင်းကို ဆင်ခြင် တော်မူ ပါ။
20 O keep my soul, and deliver me: let me not be ashamed; for I put my trust in thee.
၂၀အကျွန်ုပ် အသက် ကိုစောင့်ရှောက် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ခိုလှုံ ပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။
21 Let integrity and uprightness preserve me; for I wait on thee.
၂၁ကိုယ်တော် ကိုမြော်လင့် လျက် နေပါသည်ဖြစ်၍ ၊ အပြစ် ကင်းခြင်းနှင့် သဘော ဖြောင့်ခြင်းသည် အကျွန်ုပ် ကို စောင့်ရှောက် ပါစေသော။
22 Redeem Israel, O God, out of all his troubles.
၂၂အိုဘုရား သခင်၊ ဣသရေလ အမျိုးကို ခပ်သိမ်း သော ဒုက္ခ အထဲ က ရွေးနှုတ် တော်မူပါ။

< Psalms 25 >