< Psalms 111 >
1 Praise ye the LORD. I will praise the LORD with [my] whole heart, in the assembly of the upright, and [in] the congregation.
၁ငါသည် ဖြောင့်မတ် သောသူတို့ ၏ အစည်း အဝေး၌ ၎င်း၊ ပရိသတ် ၌၎င်း ၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း မည်။
2 The works of the LORD [are] great, sought out by all them that have pleasure in them.
၂ထာဝရဘုရား ၏ အမှုတော် တို့သည် ကြီးမြတ် ကြ၏။ ကြည်ညို သောသူ တို့ သည် ထို အမှုတော်တို့ကို ရှာဖွေ လိုက်စစ်တတ်ကြ၏။
3 His work [is] honorable and glorious: and his righteousness endureth for ever.
၃စီရင် တော်မူသောအရာသည် ဘုန်း အသရေနှင့် ပြည့်စုံ ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ် အမြဲတည် ၏။
4 He hath made his wonderful works to be remembered: the LORD [is] gracious and full of compassion.
၄အံ့ဘွယ် သော အမှုတော်တို့ကို အောက်မေ့ ဘို့ရာ စီရင် တော်မူပြီ။ ထာဝရဘုရား သည် ကျေးဇူးပြုတတ် သော သဘော၊ သနား စုံမက်တတ်သော သဘောနှင့် ပြည့်စုံ တော်မူ၏။
5 He hath given food to them that fear him: he will ever be mindful of his covenant.
၅ကြောက်ရွံ့ ရိုသေသောသူတို့ကို ကျွေးမွေး တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အောက်မေ့ တော်မူ ၏။
6 He hath shown his people the power of his works, that he may give them the heritage of the heathen.
၆အမှုတော် တို့၌ရှိသောတန်ခိုး ကို မိမိ လူ တို့အား ပြ ၍၊ တပါးအမျိုးသား တို့၏ အမွေ ကို ပေး တော်မူ၏။
7 The works of his hands [are] verity and judgment; all his commandments [are] sure.
၇လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
8 They stand fast for ever and ever, [and are] done in truth and uprightness.
၈သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ် ခြင်းနှင့် ယှဉ်သောကြောင့် ၊ အစဉ် အမြဲတည် ကြ၏။
9 He sent redemption to his people: he hath commanded his covenant for ever: holy and reverend [is] his name.
၉မိမိ လူ တို့၌ ရွေး တော်မူခြင်း ကျေးဇူးကို ပြု တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အမြဲထား တော်မူ ၏။ နာမ တော်သည် သန့်ရှင်း ၏။ ကြောက်ရွံ့ ရိုသေဘွယ် ဖြစ်၏။
10 The fear of the LORD [is] the beginning of wisdom: a good understanding have all they that do [his commandments]: his praise endureth for ever.
၁၀ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။