< Numbers 18 >
1 And the LORD said to Aaron, Thou and thy sons and thy father's house with thee shall bear the iniquity of the sanctuary: and thou and thy sons with thee shall bear the iniquity of your priesthood.
၁တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
2 And thy brethren also of the tribe of Levi, the tribe of thy father, bring thou with thee, that they may be joined to thee, and minister to thee: but thou and thy sons with thee [shall minister] before the tabernacle of witness.
၂သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
3 And they shall keep thy charge, and the charge of all the tabernacle: only they shall not come nigh the vessels of the sanctuary and the altar, that neither they, nor ye also, die.
၃လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
4 And they shall be joined to thee, and keep the charge of the tabernacle of the congregation, for all the service of the tabernacle: and a stranger shall not come nigh to you.
၄သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
5 And ye shall keep the charge of the sanctuary, and the charge of the altar: that there be no wrath any more upon the children of Israel.
၅နောက် တဖန် အမျက် တော်ထွက်၍ ဣသရေလ အမျိုးသား တို့အပေါ် သို့ မ ရောက် မည်အကြောင်း ၊ သင်တို့သည် သန့်ရှင်း ရာဌာနတော်နှင့် ယဇ်ပလ္လင် ကို စောင့် ရကြမည်။
6 And I, behold, I have taken your brethren the Levites from among the children of Israel: to you [they are] given [as] a gift for the LORD, to do the service of the tabernacle of the congregation.
၆ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
7 Therefore thou and thy sons with thee shall keep your priest's office for every thing of the altar, and within the vail; and ye shall serve: I have given your priest's office [to you as] a service of gift: and the stranger that cometh nigh shall be put to death.
၇ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
8 And the LORD spoke to Aaron, Behold, I also have given thee the charge of my heave-offerings of all the hallowed things of the children of Israel; to thee have I given them by reason of the anointing, and to thy sons, by an ordinance for ever.
၈တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
9 This shall be thine of the most holy things [reserved] from the fire: every oblation of theirs, every meat-offering of theirs, and every sin-offering of theirs, and every trespass-offering of theirs, which they shall render to me, [shall be] most holy for thee and for thy sons.
၉မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
10 In the most holy [place] shalt thou eat it; every male shall eat it: it shall be holy to thee.
၁၀သန့်ရှင်း ရာဌာန၌ စား ရမည်။ ယောက်ျား အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။ သင် တို့အဘို့ သန့်ရှင်း ပေ၏။
11 And this [is] thine; the heave-offering of their gift, with all the wave-offerings of the children of Israel: I have given them to thee, and to thy sons, and to thy daughters with thee, by a statute for ever: every one that is clean in thy house shall eat of it.
၁၁ထိုမှတပါး ဣသရေလ အမျိုးသား တို့ ပူဇော်သော ချီမြှောက် ရာ ပူဇော်သက္ကာ၊ ချီလွှဲ ရာ ပူဇော်သက္ကာတို့ကို၊ သင် နှင့် သင် ၏သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့်ငါပေး ပြီ။ သင့် အိမ် ၌ သန့်ရှင်း သောသူ အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။
12 All the best of the oil, and all the best of the wine, and of the wheat, the first-fruits of them which they shall offer to the LORD, them have I given to thee.
၁၂ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
13 [And] whatever is first ripe in the land, which they shall bring to the LORD, shall be thine; every one that is clean in thy house shall eat [of] it.
၁၃ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင် ဆိုင် ရ မည်။ သင့် အိမ် ၌ သန့်ရှင်း သော သူအပေါင်း တို့သည် စား ရသောအခွင့် ရှိ၏။
14 Every thing devoted in Israel shall be thine.
၁၄ဣသရေလ အမျိုး၌ ကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သင် ဆိုင် ရ မည်။
15 Every thing that openeth the matrix in all flesh, which they bring to the LORD, [whether] of men or beast, shall be thine: nevertheless, the first born of man shalt thou surely redeem, and the firstling of unclean beasts shalt thou redeem.
၁၅အဦး ဘွားသောသား၊ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ တို့ကို သင် ဆိုင် ရ မည်။ သို့ရာတွင် လူ ၏သားဦး နှင့် မ စင်ကြယ်သော တိရစ္ဆာန် ၏သားဦး ကို အမှန်ရွေး ရမည်။
16 And those that are to be redeemed from a month old shalt thou redeem, according to thy estimation, for the money of five shekels, after the shekel of the sanctuary, which [is] twenty gerahs.
၁၆ရွေး ရသောသား တို့ကို အသက်တလ လွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရ နှစ်ဆယ် နှင့်မျှသော အကျပ် တော်အလိုက် ငွေ ငါး ကျပ် နှင့် ရွေး ရမည်။
17 But the firstling of a cow, or the firstling of a sheep, or the firstling of a goat, thou shalt not redeem; they [are] holy: thou shalt sprinkle their blood upon the altar, and shalt burn their fat [for] an offering made by fire, for a sweet savor to the LORD.
၁၇နွား သားဦး ၊ သိုး သားဦး ၊ ဆိတ် သားဦး သည် သန့်ရှင်း သောကြောင့်မ ရွေး ရ။ သူ ၏အသွေး ကို ယဇ်ပလ္လင် ပေါ်မှာ ဖြန်း ရမည်။ ဆီဥ ကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေ၍၊ မီး ဖြင့် ပူဇော်သက္ကာပြုရမည်။
18 And the flesh of them shall be thine, as the wave-breast and as the right shoulder are thine
၁၈အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။
19 All the heave-offerings of the holy things, which the children of Israel offer to the LORD, have I given to thee, and to thy sons and thy daughters with thee, by a statute for ever: it [is] a covenant of salt for ever before the LORD to thee and to thy seed with thee.
၁၉ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
20 And the LORD spoke to Aaron, Thou shalt have no inheritance in their land, neither shalt thou have any part among them: I [am] thy part and thy inheritance among the children of Israel.
၂၀တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည် ၌ သင့်အမွေ ခံရာမြေ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မ ရှိ ရ။ ငါ သည်ကား သူ တို့တွင် သင် ပိုင်သောအဘို့ သင့် အမွေ ဥစ္စာဖြစ်၏။
21 And behold, I have given the children of Levi all the tenth in Israel for an inheritance, for their service which they serve, [even] the service of the tabernacle of the congregation.
၂၁လေဝိ သား တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် သောကြောင့်၊ သူ တို့အမွေခံ စရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို ငါပေး ပြီ။
22 Neither must the children of Israel henceforth come nigh the tabernacle of the congregation, lest they bear sin, and die.
၂၂ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
23 But the Levites shall do the service of the tabernacle of the congregation, and they shall bear their iniquity: [It shall be] a statute for ever throughout your generations, that among the children of Israel they have no inheritance.
၂၃လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
24 But the tithes of the children of Israel, which they offer [as] a heave-offering to the LORD, I have given to the Levites to inherit: therefore I have said to them, Among the children of Israel they shall have no inheritance.
၂၄ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
25 And the LORD spoke to Moses, saying,
၂၅တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် လေဝိ သားတို့အား ဆင့်ဆို ရမည်မှာ၊
26 Thus speak to the Levites, and say to them, When ye take of the children of Israel the tithes which I have given you from them for your inheritance, then ye shall offer up a heave-offering of it for the LORD, [even] a tenth [part] of the tithe.
၂၆သင် တို့အမွေခံ စရာ ငါပေး သော ဣသရေလ အမျိုးသား တို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ် ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
27 And [this] your heave-offering shall be reckoned to you, as though [it were] the corn of the threshing-floor, and as the fullness of the wine-press.
၂၇ထိုပူဇော်သက္ကာ ကို၊ ကောက်နယ် တလင်းထဲက ယူသော ဆန် စပါးကဲ့သို့ ၎င်း ၊ စပျစ်သီး နယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎င်း၊ သင် တို့အဘို့ မှတ် ရ လိမ့်မည်။
28 Thus ye also shall offer a heave-offering to the LORD of all your tithes which ye receive of the children of Israel; and ye shall give of them the LORD'S heave-offering to Aaron the priest.
၂၈ထိုသို့ သင်တို့သည် ဣသရေလ အမျိုးသား တို့မှ ခံယူ သော ဆယ်ဘို့တဘို့ ထဲက ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန် အား လှူ ရကြမည်။
29 Out of all your gifts ye shall offer every heave-offering of the LORD, of all the best of it, [even] its hallowed part out of it.
၂၉သင် တို့ခံရသမျှ သော အလှူ တို့အထဲ က အကောင်းဆုံး သောအဘို့ သန့်ရှင်း သောအဘို့ကို နှုတ်ယူ၍ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
30 Therefore thou shalt say to them, When ye have heaved from it the best of it, then it shall be counted to the Levites as the increase of the threshing-floor, and as the increase of the wine-press.
၃၀သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
31 And ye shall eat it in every place, ye and your households: for it [is] your reward for your service in the tabernacle of the congregation.
၃၁ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စား ရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေး ရာတဲ တော်၌ အမှု စောင့် သောအတွက် ငါချသောဆု ဖြစ်၏။
32 And ye shall bear no sin by reason of it, when ye have heaved from it the best of it: neither shall ye pollute the holy things of the children of Israel, lest ye die.
၃၂အကောင်းဆုံး သော အဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့်အပြစ် ရောက် စရာအကြောင်းမ ရှိ။ သေ ဘေးနှင့် မ တွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာတို့ကို မ ညစ်ညူး စေ ရဟု မိန့် တော်မူ၏။