< Mark 4 >
1 And he began again to teach by the sea-side: and there was gathered to him a great multitude, so that he entered into a boat, and sat on the sea; and the whole multitude was by the sea, on the land.
၁နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။
2 And he taught them many things by parables, and said to them in his doctrine,
၂ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
3 Hearken; Behold, a sower went out to sow:
၃နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”
4 And it came to pass as he sowed, some fell by the way-side, and the fowls of the air came and devoured it.
၄အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
5 And some fell on stony ground, where it had not much earth; and immediately it sprang up, because it had no depth of earth.
၅အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”
6 But when the sun had risen, it was scorched; and because it had no root, it withered away.
၆နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”
7 And some fell among thorns, and the thorns grew up, and choked it, and it yielded no fruit.
၇အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”
8 And other fell on good ground, and yielded fruit that sprang up, and increased, and brought forth, some thirty, and some sixty, and some a hundred.
၈အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”
9 And he said to them, He that hath ears to hear, let him hear.
၉ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
10 And when he was alone, they that were about him, with the twelve, asked of him the parable.
၁၀ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊
11 And he said to them, To you it is given to know the mystery of the kingdom of God: but to them that are without, all [these] things are done in parables:
၁၁ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”
12 That seeing they may see, and not perceive; and hearing they may hear, and not understand; lest at any time they should be converted, and [their] sins should be forgiven them.
၁၂ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”
13 And he said to them, Know ye not this parable? and how then will ye know all parables?
၁၃သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”
14 The sower soweth the word.
၁၄မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”
15 And these are they by the way-side, where the word is sown; but when they have heard, Satan cometh immediately, and taketh away the word that was sown in their hearts.
၁၅တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”
16 And these are they likewise who are sown on stony ground; who, when they have heard the word, immediately receive it with gladness;
၁၆ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
17 And have no root in themselves, and so endure but for a time: afterward, when affliction or persecution ariseth for the word's sake, immediately they relapse.
၁၇စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”
18 And these are they who are sown among thorns; such as hear the word,
၁၈ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”
19 And the cares of this world, and the deceitfulness of riches, and the lusts of other things entering in, choke the word, and it becometh unfruitful. (aiōn )
၁၉လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” (aiōn )
20 And these are they who are sown on good ground; such as hear the word, and receive [it], and bring forth fruit, some thirty-fold, some sixty, and some a hundred.
၂၀ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”
21 And he said to them, Is a candle brought to be put under a close vessel, or under a bed? and not to be set on a candlestick?
၂၁ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”
22 For there is nothing hid, which shall not be manifested; neither hath any thing been kept secret, but that it should come abroad.
၂၂ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”
23 If any man hath ears to hear, let him hear.
၂၃ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”
24 And he said to them, Take heed what ye hear: With the measure which ye give, it shall be measured to you: and to you that hear shall more be given.
၂၄ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
25 For he that hath, to him shall be given: and he that hath not, from him shall be taken even that which he hath.
၂၅အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”
26 And he said, So is the kingdom of God, as if a man should cast seed into the ground;
၂၆ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”
27 And should sleep, and rise night and day, and the seed should spring and grow up, he knoweth not how.
၂၇ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”
28 For the earth bringeth forth fruit of itself; first the blade, then the ear, after that the full corn in the ear.
၂၈မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”
29 But when the fruit is brought forth, immediately he putteth in the sickle, because the harvest is come.
၂၉အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
30 And he said, To what shall we liken the kingdom of God? or with what comparison shall we compare it?
၃၀ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”
31 [It is] like a grain of mustard-seed, which, when it is sown in the earth, is less than all the seeds that are in the earth.
၃၁မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
32 But when it is sown, it groweth up, and becometh greater than all herbs, and shooteth out great branches; so that the fowls of the air may lodge under its shade.
၃၂မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
33 And with many such parables he spoke the word to them, as they were able to hear [it].
၃၃ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
34 But without a parable he spoke not to them: and when they were alone, he expounded all things to his disciples.
၃၄ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။
35 And the same day, when the evening was come, he saith to them, Let us pass over to the other side.
၃၅ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊
36 And when they had sent away the multitude, they took him even as he was in the boat. And there were also with him other small boats.
၃၆တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။
37 And there arose a great storm of wind, and the waves beat into the boat, so that it was now full.
၃၇ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။
38 And he was in the hinder part of the boat, asleep on a pillow: and they awake him, and say to him, Master, carest thou not that we perish?
၃၈ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊
39 And he arose, and rebuked the wind, and said to the sea, Peace, be still: and the wind ceased, and there was a great calm.
၃၉ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။
40 And he said to them, Why are ye so fearful? how is it that ye have no faith?
၄၀ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊
41 And they feared exceedingly, and said one to another, What manner of man is this, that even the wind and the sea obey him?
၄၁သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။