< Leviticus 9 >

1 And it came to pass on the eighth day, [that] Moses called Aaron and his sons, and the elders of Israel;
သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။-
2 And he said to Aaron, Take thee a young calf for a sin-offering, and a ram for a burnt-offering, without blemish, and offer [them] before the LORD.
ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-
3 And to the children of Israel thou shalt speak, saying, Take ye a kid of the goats for a sin-offering; and a calf and a lamb, [both] of the first year, without blemish, for a burnt-offering;
ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်၊ အ​ပြစ်​အ​နာ​ကင်း​သော​တစ်​နှစ်​သား အ​ရွယ်​နွား​က​လေး​တစ်​ကောင်​နှင့် သိုး​ငယ် တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်၊ နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို မိတ်​သ​ဟာ ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လော့။ သူ​တို့ သည်​ထို​ယဇ်​ကောင်​များ​ကို​ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ယ​နေ့​တွင်​ထာ ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ တော်​မူ​မည်'' ဟု​ဆို​၏။
4 Also a bullock and a ram for peace-offerings, to sacrifice before the LORD; and a meat-offering mingled with oil: for to-day the LORD will appear to you.
5 And they brought [that] which Moses commanded before the tabernacle of the congregation: and all the congregation drew near and stood before the LORD.
ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။-
6 And Moses said, This [is] the thing which the LORD commanded that ye should do: and the glory of the LORD shall appear to you.
ထို​အ​ခါ​မော​ရှေ​က``သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ စေ​ခြင်း​ငှာ ကိုယ်​တော်​သည်​သင်​တို့​အား​ဤ အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​မိန့်​တော်​မူ ပြီ'' ဟု​ဆို​လေ​သည်။-
7 And Moses said to Aaron, Go to the altar, and offer thy sin-offering, and thy burnt-offering, and make an atonement for thyself, and for the people: and offer the offering of the people, and make an atonement for them; as the LORD commanded.
ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
8 Aaron therefore went to the altar, and slew the calf of the sin-offering, which [was] for himself.
ထို​အ​ခါ​အာ​ရုန်​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ မိ​မိ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​နွား ပျို​ကို​သတ်​လေ​သည်။-
9 And the sons of Aaron brought the blood to him: and he dipped his finger in the blood, and put [it] upon the horns of the altar, and poured out the blood at the bottom of the altar:
သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။-
10 But the fat, and the kidneys, and the caul above the liver of the sin-offering, he burnt upon the altar; as the LORD commanded Moses.
၁၀ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း နွား​၏​အ​ဆီ ကျောက်​ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး အ​ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ သည်။-
11 And the flesh and the hide he burnt with fire without the camp.
၁၁သို့​ရာ​တွင်​အ​သား​နှင့်​သား​ရေ​ကို​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​သည်။
12 And he slew the burnt-offering; and Aaron's sons presented to him the blood, which he sprinkled around upon the altar.
၁၂ထို​နောက်​သူ​သည်​မိ​မိ​အ​တွက် မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​လေ​သည်။ သူ​၏​သား​တို့​က​သူ ထံ​သို့​သွေး​အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ်​ပလ္လင်​လေး​ဘက်​အ​ပေါ်​သို့ သွေး​ကို​ပက်​ဖျန်း​လေ​သည်။-
13 And they presented the burnt-offering to him, with the pieces of it, and the head: and he burnt [them] upon the altar.
၁၃တစ်​ဖန်​သူ​တို့​သည်​နွား​၏​ဦး​ခေါင်း​နှင့်​အ​ခြား သော​အ​သား​တစ် အ​ပိုင်း​များ​ကို​သူ့​အား​ပေး အပ်​သ​ဖြင့် သူ​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
14 And he washed the inwards and the legs, and burnt [them] upon the burnt-offering on the altar.
၁၄ထို​နောက်​သူ​သည်​နွား​၏​ဝမ်း​တွင်း​သား​နှင့် နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​သို့​တင်​လျက်​မီး​ရှို့ ပူ​ဇော်​လေ​သည်။
15 And he brought the people's offering, and took the goat, which [was] the sin-offering for the people, and slew it, and offered it for sin, as the first.
၁၅ထို့​နောက်​သူ​သည်​လူ​များ​အ​တွက် ပူ​ဇော် သ​ကာ​ကို​ဆက်​သ​လေ​သည်။ သူ​သည်​လူ​များ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ဆိတ်​ကို ယူ​၍​သတ်​ပြီး​လျှင် မိ​မိ​အ​တွက်​အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​နည်း​အ​တိုင်း​ဆိတ်​ကို ပူ​ဇော်​လေ​သည်။-
16 And he brought the burnt-offering, and offered it according to the manner.
၁၆မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ယူ​ခဲ့​ပြီး​လျှင် ပြ​ဋ္ဌာန်း ထား​သော​နည်း​အ​တိုင်း​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
17 And he brought the meat-offering, and took a handful of it, and burnt [it] upon the altar, beside the burnt-sacrifice of the morning.
၁၇ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-)
18 He slew also the bullock and the ram [for] a sacrifice of peace-offerings, which [was] for the people: and Aaron's sons presented to him the blood, which he sprinkled around upon the altar,
၁၈သူ​သည်​လူ​များ​အ​တွက်​မိတ်​သ​ဟာ​ယ​ယဇ် ဖြစ်​သော နွား​ထီး​နှင့်​သိုး​ထီး​ကို​လည်း​သတ် လေ​သည်။ သူ​၏​သား​တို့​သည်​သူ့​ထံ​သို့​သွေး အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ် ပလ္လင်​လေး​ဘက်​ပေါ်​သို့​သွေး​ကို​ပက်​ဖျန်း သည်။-
19 And the fat of the bullock, and of the ram, the rump, and that which covereth [the inwards], and the kidneys, and the caul [above] the liver:
၁၉သို့​ရာ​တွင်​နွား​နှင့်​သိုး​၏​ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ အ​ဆီ​ပိုင်း​များ၊ ကျောက် ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း တို့​ကို၊-
20 And they put the fat upon the breasts, and he burnt the fat upon the altar:
၂၀အာ​ရုန်​သည်​နွား​နှင့်​သိုး​တို့​၏​ရင်​ဒူး​များ အ​ပေါ်​တွင် အ​ဆီ​ပိုင်း​များ​ကို​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​၏။-
21 And the breasts and the right shoulder Aaron waved [for] a wave-offering before the LORD; as Moses commanded.
၂၁သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။
22 And Aaron lifted up his hand towards the people, and blessed them; and came down from offering the sin-offering, and the burnt-offering, and peace-offerings.
၂၂အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-
23 And Moses and Aaron went into the tabernacle of the congregation, and came out, and blessed the people: and the glory of the LORD appeared to all the people.
၂၃မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​ကြ​၏။ ပြန်​၍ ထွက်​လာ​ကြ​သော​အ​ခါ သူ​တို့​သည်​လူ​တို့ ကို​ကောင်း​ချီး​ပေး​လေ​သည်။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ​ကြ​၏။-
24 And there came out a fire from before the LORD, and consumed upon the altar the burnt-offering and the fat: [which], when all the people saw, they shouted, and fell on their faces.
၂၄ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။

< Leviticus 9 >