< Joshua 15 >
1 [This] then was the lot of the tribe of the children of Judah by their families; [even] to the border of Edom, the wilderness of Zin southward [was] the uttermost part of the south border.
၁ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
2 And their south border was from the shore of the salt-sea, from the bay that looketh southward:
၂တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
3 And it went out to the south side to Maaleh-acrabbim, and passed along to Zin, and ascended on the south side to Kadesh-barnea, and passed along to Hezron, and went up to Adar, and fetched a compass to Karkaa:
၃
4 [From thence] it passed towards Azmon, and went out to the river of Egypt; and the limits of that border were at the sea: this shall be your south limit.
၄
5 And the east border [was] the salt-sea, [even] to the end of Jordan: and [their] border in the north quarter [was] from the bay of the sea, at the uttermost part of Jordan:
၅အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။ မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6 And the border went up to Beth-hogla, and passed along by the north of Beth-arabah; and the border went up to the stone of Bohan the son of Reuben:
၆ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7 And the border went up towards Debir from the valley of Achor, and so northward looking towards Gilgal, that [is] before the going up to Adummim, which [is] on the south side of the river: and the border passed towards the waters of En-shemesh, and the borders of it were at En-rogel:
၇ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8 And the border went up by the valley of the son of Hinnom, to the south side of the Jebusite; the same [is] Jerusalem: and the border went up to the top of the mountain that [lieth] before the valley of Hinnom westward, which [is] at the end of the valley of the giants northward:
၈ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9 And the border was drawn from the top of the hill to the fountain of the water of Nephtoah, and went out to the cities of mount Ephron; and the border was drawn to Baalah, which [is] Kirjath-jearim:
၉ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
10 And the border compassed from Baalah westward to mount Seir, and passed along to the side of mount Jearim (which [is] Chesalon) on the north side, and went down to Beth-shemesh, and passed on to Timnah:
၁၀ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11 And the border went out to the side of Ekron northward: and the border was drawn to Shicron, and passed along to mount Baalah, and went out to Jabneel; and the terminations of the border were at the sea.
၁၁ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
12 And the west border [was] to the great sea, and its coast: this [is] the border of the children of Judah round about, according to their families.
၁၂
13 And to Caleb the son of Jephunneh he gave a part among the children of Judah, according to the commandment of the LORD to Joshua, [even] the city of Arba the father of Anak, which [city is] Hebron.
၁၃ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
14 And Caleb drove thence the three sons of Anak, Sheshai, and Ahiman, and Talmai, the children of Anak.
၁၄ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
15 And he went up thence to the inhabitants of Debir: and the name of Debir before [was] Kirjath-sepher.
၁၅သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
16 And Caleb said, He that smiteth Kirjath-sepher, and taketh it, to him will I give Achsah my daughter for a wife.
၁၆ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
17 And Othniel the son of Kenaz, the brother of Caleb, took it: and he gave him Achsah his daughter for a wife.
၁၇ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-
18 And it came to pass, as she came [to him], that she moved him to ask of her father a field. And she lighted off [her] ass; and Caleb said to her, What wouldst thou?
၁၈ထိမ်းမြားမင်္ဂလာနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံမှလယ်တစ် ကွက်တောင်းရန်တိုက်တွန်းလေသည်။ အာခသ သည်မြည်းပေါ်မှဆင်းလိုက်၏။ ထိုအခါ ကာလက်ကသူ၏သမီးအား``မည်သည့် အရာကိုအလိုရှိသနည်း'' ဟုမေးလျှင်-
19 Who answered, Give me a blessing; for thou hast given me a south land, give me also springs of water. And he gave her the upper springs, and the nether springs.
၁၉သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
20 This [is] the inheritance of the tribe of the children of Judah according to their families.
၂၀ယုဒအနွယ်ဝင်မိသားစုတို့ပိုင်ဆိုင်သော နယ်မြေသည်ကားဤသို့တည်း။-
21 And the uttermost cities of the tribe of the children of Judah towards the border of Edom southward were Kabzeel, and Eder, and Jagur,
၂၁ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
22 And Kinah, and Dimonah, and Adadah,
၂၂ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊-ကေဒေရှ မြို့။ ဟာဇော်မြို့၊ ဣသနန်မြို့၊-ဇိဖမြို့၊ တေလင် မြို့၊ ဗာလုတ်မြို့၊-
23 And Kedesh, and Hazor, and Ithnan,
၂၃
24 Ziph, and Telem, and Bealoth,
၂၄
25 And Hazor, Hadattah, and Kerioth, [and] Hezron, which [is] Hazor,
၂၅ဟာဇော်ဟဒတ္တာမြို့၊ ကဲရိယောဟေဇရုန်မြို့ (သို့မဟုတ်ဟာဇော်မြို့၊-)
26 Aman, and Shema, and Moladah,
၂၆အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊- ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊- ဟာဇာရွှာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊- ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊-
27 And Hazar-gaddah, and Heshmon, and Beth-palet,
၂၇
28 And Hazar-shual, and Beer-sheba, and Bizjothjah,
၂၈
29 Baalah, and Iim, and Azem,
၂၉
30 And Eltolad, and Chesil, and Hormah,
၃၀ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊- ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊-
31 And Ziglag, and Madmannah, and Sansannah,
၃၁
32 And Lebaoth, and Shilhim, and Ain, and Rimmon: all the cities [are] twenty and nine, with their villages:
၃၂လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့နှင့် ရိမ္မုန်မြို့စသောမြို့ကြီးနှစ်ဆယ့်ကိုးမြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများဖြစ် သည်။
33 [And] in the valley, Eshtaol, and Zoreah, and Ashnah,
၃၃တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊-
34 And Zanoah, and En-gannim, Tappuah, and Enam,
၃၄ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊- ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေ ကာမြို့၊- ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့နှင့် ဂဒေရောသိမ်မြို့စသောမြို့ကြီးတစ်ဆယ် လေးမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိကျေးရွာ များဖြစ်သည်။
35 Jarmuth, and Adullam, Socoh, and Azekah,
၃၅
36 And Sharaim, and Adithaim, and Gederah, and Gederothaim; fourteen cities with their villages:
၃၆
37 Zenan, and Hadashah, and Migdalgad,
၃၇ထို့အပြင်ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလ ဂဒ်မြို့၊-ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလ မြို့၊- လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊- ကဗ္ဗုန်၊ လာမံမြို့၊ ကိသလိတ်မြို့၊-
38 And Dilean, and Mizpeh, and Joktheel,
၃၈
39 Lachish, and Bozkath, and Eglon,
၃၉
40 And Cabbon, and Lahman, and Kithlish,
၄၀
41 And Gederoth, Beth-dagon, and Naamah, and Makkedah; sixteen cities with their villages:
၄၁ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
42 Libnah, and Ether, and Ashan,
၄၂ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
43 And Jiphtah, and Ashnah, and Nezib,
၄၃
44 And Keilah, and Achzib, and Mareshah; nine cities with their villages:
၄၄
45 Ekron, with her towns and her villages:
၄၅ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
46 From Ekron even to the sea, all that [lay] near Ashdod, with their villages:
၄၆ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
47 Ashdod, with her towns and her villages; Gaza, with her towns and her villages, to the river of Egypt, and the great sea, and its border:
၄၇ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
48 And in the mountains, Shamir, and Jattir, and Socoh,
၄၈တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊-
49 And Dannah, and Kirjath-sannah, which [is] Debir,
၄၉ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-)
50 And Anab, and Eshtemoh, and Anim,
၅၀အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
51 And Goshen, and Holon, and Giloh: eleven cities with their villages:
၅၁ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
52 Arab, and Dumah, and Eshean,
၅၂ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
53 And Janum, and Beth-tappuah, and Aphekah,
၅၃
54 And Humtah, and Kirjath-arba (which [is] Hebron) and Zior; nine cities with their villages:
၅၄ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။
55 Maon, Carmel, and Ziph, and Juttah,
၅၅ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊-
56 And Jezreel, and Jokdeam, and Zanoah,
၅၆
57 Cain, Gibeah, and Timnah; ten cities with their villages:
၅၇ကာဣနမြို့၊ ဂိဘာမြို့နှင့်တိမနမြို့စ သောမြို့ကြီးဆယ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
58 Halhul, Beth-zur, and Gedor,
၅၈ထို့အပြင်ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59 And Maarath, and Beth-anoth, and Eltekon; six cities with their villages:
၅၉မာရပ်မြို့၊ ဗေသနုတ်မြို့နှင့်ဧလတေကုန် မြို့စသောမြို့ကြီးခြောက်မြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ရွာများလည်းပါဝင် လေသည်။
60 Kirjath-baal (which [is] Kirjath-jearim) and Rabbah; two cities with their villages:
၆၀ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။-
61 In the wilderness, Beth-arabah, Middin, and Secacah,
၆၁တောကန္တာရဒေသတွင်ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊-
62 And Nibshan, and the city of Salt, and En-gedi; six cities with their villages.
၆၂နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
63 As for the Jebusites, the inhabitants of Jerusalem, the children of Judah could not expel them: but the Jebusites dwell with the children of Judah at Jerusalem to this day.
၆၃ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။