< Job 41 >

1 Canst thou draw out leviathan with a hook? or his tongue with a cord [which] thou lettest down?
လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။
2 Canst thou put a hook into his nose? or bore his jaw through with a thorn?
သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။
3 Will he make many supplications to thee? will he speak soft [words] to thee?
သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
4 Will he make a covenant with thee? wilt thou take him for a servant for ever?
သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။
5 Wilt thou play with him as [with] a bird? or wilt thou bind him for thy maidens?
ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။
6 Shall the companions make a banquet of him? shall they part him among the merchants.
သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။
7 Canst thou fill his skin with barbed irons? or his head with fish spears?
သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။
8 Lay thy hand upon him, remember the battle, do no more.
သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။
9 Behold, the hope of him is in vain: shall not [one] be cast down even at the sight of him?
တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။
10 None [is so] fierce that he dare rouse him: who then is able to stand before me?
၁၀သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။
11 Who hath first benefited me, that I should repay [him]? [whatever is] under the whole heaven is mine.
၁၁ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
12 I will not conceal his parts, nor his power, nor his comely proportion.
၁၂လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။
13 Who can discover the face of his garment? [or] who can come [to him] with his double bridle?
၁၃သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။
14 Who can open the doors of his face? his teeth [are] terrible around.
၁၄သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။
15 [His] scales [are his] pride, shut together [as with] a close seal.
၁၅လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။
16 One is so near to another, that no air can come between them.
၁၆လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
17 They are joined one to another, they stick together, that they cannot be sundered.
၁၇တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။
18 His sneezings flash light, and his eyes [are] like the eyelids of the morning.
၁၈သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။
19 Out of his mouth go burning lamps, [and] sparks of fire dart forth.
၁၉ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။
20 Out of his nostrils issueth smoke, as [out] of a seething pot or caldron.
၂၀ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။
21 His breath kindleth coals, and a flame issueth from his mouth.
၂၁အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။
22 In his neck remaineth strength, and sorrow is turned into joy before him.
၂၂လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။
23 The flakes of his flesh are joined together: they are firm in themselves; they cannot be moved.
၂၃အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။
24 His heart is as firm as a stone; yes, as hard as a piece of the nether [millstone].
၂၄နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။
25 When he raiseth himself, the mighty are afraid: by reason of breakings they purify themselves.
၂၅သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။
26 The sword of him that attacketh him cannot hold: the spear, the dart, nor the habergeon.
၂၆သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။
27 He esteemeth iron as straw, [and] brass as rotten wood.
၂၇သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။
28 The arrow cannot make him flee: sling-stones are turned with him into stubble.
၂၈လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။
29 Darts are counted as stubble: he laugheth at the shaking of a spear.
၂၉ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။
30 Sharp stones [are] under him: he spreadeth sharp pointed things upon the mire.
၃၀သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။
31 He maketh the deep to boil like a pot: he maketh the sea like a pot of ointment.
၃၁အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။
32 He maketh a path to shine after him; [one] would think the deep [to be] hoary.
၃၂သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။
33 Upon earth there is not his like, who is made without fear.
၃၃မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။
34 He beholdeth all high [things]: he [is] a king over all the children of pride.
၃၄ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။

< Job 41 >