< Exodus 12 >

1 And the LORD spoke to Moses and Aaron in the land of Egypt, saying,
ထာဝရဘုရား သည် အဲဂုတ္တု ပြည် ၌ မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
2 This month [shall be] to you the beginning of months: it [shall be] the first month of the year to you.
ဤ လ သည် သင် တို့၌ လဦး တည်းဟူသောနှစ် စဉ်တွင် ပဌမ လ ဖြစ်ရမည်။
3 Speak ye to all the congregation of Israel, saying, In the tenth [day] of this month they shall take to them every man a lamb, according to the house of [their] fathers, a lamb for a house:
သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာ ထားရသောစကားဟူမူကား၊ ဤ လ ဆယ် ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင် လျှင် သိုးသငယ် တကောင်စီ ယူ ရမည်။
4 And if the household shall be too small for the lamb, let him and his neighbor next to his house take [it] according to the number of the souls; every man according to his eating shall make your count for the lamb.
အိမ်ထောင် ငယ် ၍ သိုးသငယ်တကောင်နှင့် မတန်လျှင် ၊ နီးစပ် သော အိမ်နီးချင်း နှင့် စပ်ဘက် ၍ လူ မည်မျှရှိသည်ဟု ရေတွက် ပြီးလျှင်၊ တကောင်ကို စား လောက်သော သူများကိုထောက် ၍ သိုးသငယ် တကောင်ကို ယူရမည်။
5 Your lamb shall be without blemish, a male of the first year: ye shall take [it] from the sheep or from the goats:
သိုး သငယ်ဖြစ်စေ ၊ ဆိတ် သငယ်ဖြစ်စေ၊ သင်တို့ယူ သော အကောင်သည် အပြစ် မပါ၊ အခါ မလည်သော အထီး ဖြစ် ရမည်။
6 And ye shall keep it until the fourteenth day of the same month: and the whole assembly of the congregation of Israel shall kill it in the evening.
ထိုသိုးသငယ်တို့ကို၊ ထို လ ဆယ် လေး ရက် တိုင်အောင် စောင့် ထားပြီးမှ ၊ ညဦး အချိန်၌ ဣသရေလ အမျိုး အစည်းအဝေး ပရိသတ် အပေါင်း တို့သည် သတ် ရကြမည်။
7 And they shall take of the blood, and strike [it] on the two side-posts, and on the upper door-post of the houses, in which they shall eat it.
သိုးသငယ် ၏အသားကို စား ရသောအိမ် ၏ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ၊ သိုးသငယ်၏အသွေး ကို ယူ ၍ ထိုး ရမည်။
8 And they shall eat the flesh in that night, roasted with fire; and unleavened bread, [and] with bitter [herbs] they shall eat it.
အသား ကို မီး နှင့်ကင် ပြီးမှ ၊ ထို ညဉ့် ခြင်းတွင် တဆေးမပါသောမုန့် ၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
9 Eat not of it raw, nor boiled at all with water, but roasted [with] fire; its head with its legs, and with its entrails.
အသားစိမ်း သည်ဖြစ်စေ ၊ ရေ နှင့် ပြုတ် သည်ဖြစ်စေမ စား ရ။ ခေါင်း ၊ ခြေထောက် ၊ အသည်း ၊ နှလုံး စသည်တို့နှင့်တကွ ၊ မီး ကင် ပြီးမှစားရမည်။
10 And ye shall let nothing of it remain till the morning: and that which remaineth of it till the morning ye shall burn with fire.
၁၀နံနက် တိုင်အောင် ထိုအသား ကို မ ကြွင်း စေရ။ အနည်းငယ်ကြွင်း လျှင် မီး နှင့် ရှို့ ရမည်။
11 And thus shall ye eat it; [with] your loins girded, your shoes on your feet, and your staff in your hand: and ye shall eat it in haste; it [is] the LORD'S passover.
၁၁အဘယ်သို့စား ရမည်နည်းဟူမူကား၊ ခါးစည်း ကို စည်း လျက်၊ ခြေနင်း ကို စီး လျက် ၊ တောင်ဝေး ကို ကိုင် လျက် အလျင်အမြန် စား ရမည်။ ထာဝရဘုရား ၏ ပသခါ ဖြစ်သတည်း။
12 For I will pass through the land of Egypt this night, and will smite all the first-born in the land of Egypt, both man and beast: and against all the gods of Egypt I will execute judgment: I [am] the LORD.
၁၂အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13 And the blood shall be to you for a token upon the houses where ye [are]: and when I see the blood, I will pass over you, and the plague shall not be upon you to destroy [you], when I smite the land of Egypt.
၁၃သိုးသငယ်၏ အသွေး သည် သင် တို့နေရာ အိမ် ၌ သင် တို့၏ လက္ခဏာ သက်သေဖြစ် ၍ ၊ ထို အသွေး ကို ငါမြင် သောအခါ ၊ သင် တို့ကို ငါလွန် သွားမည်။ ထိုသို့ အဲဂုတ္တု ပြည် ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဖျက်ဆီး ခြင်း ဘေးဥပဒ် သည် သင် တို့ကို မ သင့် မရောက်ရ။
14 And this day shall be to you for a memorial; and ye shall keep it a feast to the LORD throughout your generations: ye shall keep it a feast by an ordinance for ever.
၁၄ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
15 Seven days shall ye eat unleavened bread; even the first day ye shall put away leaven out of your houses: for whoever eateth leavened bread, from the first day till the seventh day, that soul shall be cut off from Israel.
၁၅ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ရမည်။ ပဌမ နေ့ရက် ၌ တဆေး ကို အိမ် များမှ ပယ် ရမည်။ ပဌမ နေ့ မှစ၍ ခုနစ် ရက် နေ့တိုင်အောင် ၊ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ ဣသရေလ အမျိုးမှ ပယ်ရှင်း ခြင်းကိုခံရမည်။
16 And in the first day [there shall be] a holy convocation, and in the seventh day there shall be a holy convocation to you: no manner of work shall be done in them, save [that] which every man must eat, that only may be done by you.
၁၆ပဌမ နေ့ ၌ ၎င်း ၊ ခုနစ် ရက် နေ့၌ ၎င်း၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရမည်။ ထို နေ့ရက်၌ လူ တိုင်း စား ခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ် ကို မ လုပ် မဆောင်ရ။
17 And ye shall observe [the feast of] unleavened bread; for in this same day have I brought your armies out of the land of Egypt: therefore shall ye observe this day in your generations by an ordinance for ever.
၁၇ထိုအဇုမ ပွဲကိုခံရ သောအကြောင်းဟူမူကား၊ထို နေ့ ရက်၌ သင် တို့ဗိုလ်ခြေ များကို၊ အဲဂုတ္တု ပြည် ထဲက ငါနှုတ်ဆောင် သည်ဖြစ်၍ ၊ ထိုအကြောင်းကြောင့် ပညတ် တော်ရှိသည်အတိုင်း၊ သင် တို့၏အမျိုး အစဉ် အဆက်မပြတ်ထို နေ့ရက် ကို အမြဲစောင့် ရကြမည်။
18 In the first [month], on the fourteenth day of the month at evening, ye shall eat unleavened bread, till the one and twentieth day of the month at evening.
၁၈ပဌမ လ ဆယ် လေး ရက် နေ့ညဦး မှစ၍နှစ်ဆယ် တ ရက်နေ့ ညဦး တိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စား ရကြမည်။
19 Seven days shall there be no leaven found in your houses: for whoever eateth that which is leavened, even that soul shall be cut off from the congregation of Israel, whether he shall be a stranger, or born in the land.
၁၉ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
20 Ye shall eat nothing leavened: in all your habitations shall ye eat unleavened bread.
၂၀သင် တို့နေရာ အရပ်ရပ် တို့၌ တဆေး ပါသောမုန့်ကို မ စား ရ။ တဆေး မပါသောမုန့်ကိုသာ စား ရမည်ဟု မိန့် တော်မူ၏။
21 Then Moses called for all the elders of Israel, and said to them, Draw out, and take you a lamb, according to your families, and kill the passover.
၂၁ထိုအခါ မောရှေ သည် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ကိုခေါ် ၍ ၊ သင် တို့သည် အိမ်ထောင် များ အသီးအသီးကိုယ်စီကိုယ်စီသိုးသငယ် တို့ကို ယူ ၍ ပသခါ ပွဲဘို့ သတ် ကြလော့။
22 And ye shall take a bunch of hyssop, and dip [it] in the blood that [is] in the basin, and strike the lintel and the two side-posts with the blood that [is] in the basin: and none of you shall go out at the door of his house till the morning.
၂၂ဟုဿုပ် ပင်ညွန့်တစည်း ကို ယူ ၍ အင်တုံ ၌ ထည့်သော အသွေး ထဲမှာ နှစ် ပြီးလျှင် ၊ တံခါးထုပ် တံခါးတိုင် နှစ် ဘက်တို့ကို ထိုးသုတ် ကြလော့။ ထိုနောက်မှ နံနက် တိုင်အောင် အဘယ်သူမျှ မိမိ အိမ် တံခါး ပြင်သို့ မ ထွက် မသွားရ။
23 For the LORD will pass through to smite the Egyptians; and when he seeth the blood upon the lintel, and on the two side-posts, the LORD will pass over the door, and will not suffer the destroyer to come in to your houses to smite [you].
၂၃အကြောင်းမူကား၊ ထာဝရဘုရား သည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ခြင်းငှာ ထုတ်ချင်းခတ်သွား တော်မူမည်။ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ရှိသောအသွေး ကို မြင် သောအခါ ၊ ထာဝရဘုရား သည် တံခါး ကို လွန် သွားတော်မူမည်။ ဖျက်ဆီး သောသူသည် သင်တို့ကို ဒဏ်ခတ် ခြင်းငှာ ၊ အိမ် ထဲ သို့ဝင် ရသောအခွင့် ကိုပေး တော်မ မူ။
24 And ye shall observe this thing for an ordinance to thee and to thy sons for ever.
၂၄သင် တို့နှင့် သင် တို့၏သား များ၌ ပညတ် တော်ရှိသည်ဖြစ်၍၊ ဤ အမှု ကို အစဉ်အမြဲ စောင့် ရကြမည်။
25 And it shall come to pass, when ye shall have come to the land which the LORD will give you, according as he hath promised, that ye shall keep this service.
၂၅ဂတိ တော်ရှိသည်အတိုင်း ၊ ထာဝရဘုရား ပေး တော်မူလတံ့သော ပြည် သို့ သင်တို့သည် ရောက် ကြသောအခါ ဤ ဝတ် ကို ပြု ရမည်။
26 And it shall come to pass, when your children shall say to you, What mean you by this service?
၂၆သင် တို့၏ သား မြေးတို့က၊ ဤ ဝတ် ကိုပြု၍ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း ကြလျှင် ၊
27 That ye shall say, It [is] the sacrifice of the LORD'S passover, who passed over the houses of the children of Israel in Egypt, when he smote the Egyptians, and delivered our houses. And the people bowed the head and worshiped.
၂၇ထာဝရဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ၍ ၊ ငါ တို့အိမ် များကို ချမ်းသာ ပေးတော်မူသောအခါ ၊ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏အိမ် များကို လွန် သွားတော်မူသောထာဝရဘုရား ၏ ပသခါ ယဇ် ဖြစ်သတည်းဟု ပြန်ပြော ရကြမည်ဟု မောရှေဆို ပြီးလျှင် ၊ ထိုသူ တို့သည် ဦးညွတ်ချ ၍ ကိုးကွယ် ကြ၏။
28 And the children of Israel went away, and did as the LORD had commanded Moses and Aaron, so did they.
၂၈ထိုသို့ မောရှေ နှင့် အာရုန် တို့ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ သည် ပြု ကြ၏။
29 And it came to pass, that at midnight the LORD smote all the first-born in the land of Egypt, from the first-born of Pharaoh that sat on his throne, to the first-born of the captive that [was] in the dungeon; and all the first-born of cattle.
၂၉သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
30 And Pharaoh rose in the night, he, and all his servants, and all the Egyptians; and there was a great cry in Egypt: for [there was] not a house where [there was] not one dead.
၃၀ထိုညဉ့် တွင်၊ ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ အဲဂုတ္တု လူများတို့သည် ထ ကြ၍၊ အသေကောင် ကင်း သောအိမ် တအိမ်မျှ မရှိ သောကြောင့် ၊ အဲဂုတ္တု ပြည်၌ ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် လေ၏။
31 And he called for Moses and Aaron by night, and said, Arise, [and] depart from among my people, both ye and the children of Israel: and go, serve the LORD, as ye have said.
၃၁ထိုညဉ့် ခြင်းတွင် မောရှေ နှင့် အာရုန် ကို ခေါ် တော်မူလျှင် ၊ သင် တို့မှစ၍ ဣသရေလ အမျိုးသား တို့၊ ထ ၍ ငါ့ လူ စုထဲက ထွက်သွား ကြလော့။ သင် တို့တောင်း သည်အတိုင်း ထာဝရဘုရား အား သွား ၍ ဝတ်ပြု ကြလော့။
32 Also take your flocks and your herds, as ye have said, and be gone: and bless me also.
၃၂သင်တို့တောင်း သည်အတိုင်း သိုး နွား များကို ယူ ၍ သွား ကြလော့။ ငါ့ ကိုလည်း ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူ၏။
33 And the Egyptians were urgent upon the people, that they might send them out of the land in haste; for they said, We [are] all dead [men].
၃၃အဲဂုတ္တု လူတို့ကလည်း ၊ ငါ တို့ရှိသမျှ သည် အသေကောင် ဖြစ်ကြပြီဟုဆို လျက်၊ ဣသရေလလူ တို့ကို အဲဂုတ္တုပြည် ထဲက အလျင်အမြန် လွှတ် ခြင်းငှာ ကျပ်ကျပ်နှိုးဆော် ကြ၏။
34 And the people took their dough before it was leavened, their kneading troughs being bound up in their clothes upon their shoulders.
၃၄ထိုလူ တို့သည် တဆေး မ ရောသေးသော မုန့်စိမ်း ကိုယူ ၍ မုန့် နယ်သောခွက်တို့ကိုလည်း အဝတ် နှင့်တကွ ထုပ် ၍ ထမ်း ကြ၏။
35 And the children of Israel did according to the word of Moses: and they borrowed of the Egyptians jewels of silver, and jewels of gold, and raiment.
၃၅မောရှေ စီရင် သည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ် တန်ဆာများကို အဲဂုတ္တု လူတို့၌ တောင်း ကြ၏။
36 And the LORD gave the people favor in the sight of the Egyptians, so that they lent to them [such things as they requested]: and they spoiled the Egyptians.
၃၆တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။
37 And the children of Israel journeyed from Rameses to Succoth, about six hundred thousand on foot [that were] men, besides children.
၃၇ဣသရေလ အမျိုးသား မိန်းမနှင့် သူငယ် ကို မ ဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့်ခြောက် သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက် မြို့မှ ထွက်၍ သုကုတ် အရပ်သို့ ခရီးသွား ကြ၏။
38 And a mixed multitude went up also with them; and flocks, and herds, [even] very many cattle.
၃၈အမျိုးမျိုးသော လူ အများ တို့သည်လည်း ၊ သိုး နွား အစရှိသော များစွာ သောတိရစ္ဆာန် တို့နှင့်တကွ လိုက် ကြ၏။
39 And they baked unleavened cakes of the dough which they brought from Egypt, for it was not leavened: because they were driven from Egypt, and could not tarry, neither had they prepared for themselves any victuals.
၃၉တဆေး မ ရောဘဲ အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော မုန့်စိမ်း ကိုယူ၍၊ တဆေး မပါသောမုန့် ကို ဖုတ် ရကြ၏။ အကြောင်း မူကား၊ အဲဂုတ္တု ပြည်၌ မနွှဲမဖင့် အနှင် ခံရသောကြောင့် ၊ ကိုယ် စားစရာ ကို မ ပြင် ကြ။
40 Now the sojourning of the children of Israel who dwelt in Egypt, [was] four hundred and thirty years.
၄၀ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည်ဖြစ်၍၊ တည် နေကြသော ကာလ နှစ် ပေါင်း လေး ရာ သုံးဆယ် ဖြစ်သတည်း။
41 And it came to pass, at the end of the four hundred and thirty years, even the same day it came to pass, that all the hosts of the LORD departed from the land of Egypt.
၄၁အနှစ် လေး ရာ သုံးဆယ် စေ့ သောနေ့ ခြင်းတွင် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေ အပေါင်း တို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။
42 It [is] a night to be much observed to the LORD, for bringing them out from the land of Egypt: this [is] that night of the LORD to be observed by all the children of Israel in their generations.
၄၂အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူသောအတွက်ကြောင့်၊ ထို နေ့ညဉ့် ကို အထူးသဖြင့်ထာဝရဘုရား ၌ စောင့် စရာကောင်း၏။ ဣသရေလ အမျိုးသား တို့၏ အမျိုး အစဉ် အဆက်မပြတ်စောင့် ရသောထာဝရဘုရား ၏ ညဉ့်ကား၊ ဤ သည် ညဉ့် ပေတည်း။
43 And the LORD said to Moses and Aaron, This [is] the ordinance of the passover: there shall no stranger eat of it.
၄၃ပသခါ ပွဲတရား ဟူမူကား ၊ တပါး အမျိုးသားမ စား ရ။
44 But every man's servant that is bought for money, when thou hast circumcised him, then shall he eat of it.
၄၄သို့ရာတွင် ငွေ နှင့် ဝယ် သော ကျွန် သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးလျှင် စား ရ၏။
45 A foreigner, and a hired servant shall not eat of it.
၄၅တကျွန်း တနိုင်ငံသားဖြစ်စေ ၊ အခစား သောကျွန်ဖြစ်စေ၊ မ စား ရ။
46 In one house shall it be eaten; thou shalt not carry aught of the flesh abroad out of the house: neither shall ye break a bone of it.
၄၆တအိမ် တည်း၌ တကောင်ကိုစား ရ၏။ အသား ကို အိမ် ပြင် သို့ ယူ မ သွားရ။ အရိုး ကိုလည်း မ ချိုး ရ။
47 All the congregation of Israel shall keep it.
၄၇ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် ထိုပွဲ ကို ခံရကြမည်။
48 And when a stranger shall sojourn with thee, and will keep the passover to the LORD, let all his males be circumcised, and then let him come near and keep it; and he shall be as one that is born in the land: for no uncircumcised person shall eat of it.
၄၈သင် တို့ထံမှာ တည်းခို သော တပါး အမျိုးသားသည် ထာဝရဘုရား အဘို့ ပသခါပွဲ ကို ခံခြင်းငှာအလို ရှိလျှင် ၊ သူ ၌ ရှိသောယောက်ျား အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည် သား ကဲ့သို့ ဖြစ် သောကြောင့်၊ ချဉ်း၍ ထိုပွဲ သို့ ဝင် စေ။ အရေဖျား လှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မ စား ရ။
49 One law shall be to him that is home-born, and to the stranger that sojourneth among you.
၄၉အမျိုးသား ချင်းဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ တပါး တည်းသောတရား နှင့် ဆိုင် ကြ၏ဟု ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ၌ ပညတ် ထားတော်မူ၏။
50 Thus did all the children of Israel; as the LORD commanded Moses and Aaron, so did they.
၅၀ထိုသို့ မောရှေ နှင့် အာရုန် ၌ ထာဝရဘုရား ပညတ် ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် ပြု ကြ၏။
51 And it came to pass the same day, [that] the LORD brought the children of Israel out of the land of Egypt by their armies.
၅၁ထို နေ့ ခြင်းတွင် ထာဝရဘုရား သည်၊ ဣသရေလ အမျိုးသား ဗိုလ်ခြေ တို့ကို အဲဂုတ္တု ပြည် မှ ဆောင်သွား တော်မူပြီးလျှင်၊

< Exodus 12 >