< Deuteronomy 16 >
1 Observe the month Abib, and keep the passover to the LORD thy God: for in the month of Abib the LORD thy God brought thee forth from Egypt by night.
၁သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဗိဗလ ၊ ညဉ့် အခါ၌ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလ ကို မှတ် ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ လော့။
2 Thou shalt therefore sacrifice the passover to the LORD thy God, of the flock and the herd, in the place which the LORD shall choose to place his name there.
၂ထာဝရဘုရား သည် နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ သိုး နွား တို့ကို ယဇ် ပူဇော်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံရမည်။
3 Thou shalt eat no leavened bread with it; seven days shalt thou eat unleavened bread with it, [even] the bread of affliction; for thou camest forth from the land of Egypt in haste: that thou mayest remember the day when thou camest forth from the land of Egypt, all the days of thy life.
၃သင် သည် အဲဂုတ္တု ပြည် မှ ထွက် လာသော နေ့ရက် ကို တသက်လုံး အောက်မေ့ ဘို့ရာပသခါပွဲခံစဉ်၊ တဆေး ပါသော မုန့်ကို မ စား ရဘဲ၊ တဆေး မပါသော မုန့်တည်းဟူသောဒုက္ခ မုန့် ကို ခုနှစ် ရက်ပတ်လုံး စား ရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တု ပြည် မှ အလျင် တဆောထွက် လာသတည်း။
4 And there shall be no leavened bread seen with thee in all thy borders seven days; neither shall there [any thing] of the flesh, which thou didst sacrifice the first day at evening, remain all night until the morning.
၄ခုနှစ် ရက် ပတ်လုံး ၊ သင့် နေရာပြည် ၌ တဆေး ပါ သောမုန့်မ ရှိ ရ။ ပဌမ နေ့ ညဦးယံ ၌ ပူဇော် သော ယဇ်၏အသား ကို တညဉ့်လုံး နံနက် တိုင်အောင် မ ကျန်ကြွင်း စေရ။
5 Thou mayest not sacrifice the passover within any of thy gates, which the LORD thy God giveth thee.
၅သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ အရပ်ရပ်တို့တွင် ပသခါ ယဇ် ကို ပူဇော်ရသောအခွင့် ရှိသည်မ ဟုတ်။
6 But at the place which the LORD thy God shall choose to place his name in, there thou shalt sacrifice the passover at evening, at the setting of the sun, at the time of thy departure from Egypt.
၆သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအချိန် ၊ နေဝင်ရာညဦးယံ အချိန်၌ ပသခါ ယဇ် ကို ပူဇော်ရမည်။
7 And thou shalt roast and eat [it] in the place which the LORD thy God shall choose: and thou shalt turn in the morning, and go to thy tents.
၇သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် မှာ မီး နှင့်ကင်၍ စား ပြီးမှ ၊ နံနက် အချိန် ၌ အိမ် သို့ ပြန်သွား ရမည်။
8 Six days thou shalt eat unleavened bread: and on the seventh day [shall be] a solemn assembly to the LORD thy God: [in it] thou shalt do no work.
၈ခြောက် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ရမည်။ သတ္တမ နေ့ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ဓမ္မ စည်းဝေး ခြင်းကို ပြု ရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
9 Seven weeks shalt thou number to thee: begin to number the seven weeks from [the time when] thou beginnest [to put] the sickle to the corn.
၉စပါး ကိုရိတ် စ ကာလနောက် ၊ အရေအတွက် အားဖြင့် ခုနှစ် သိတင်း လွန်မှ၊
10 And thou shalt keep the feast of weeks to the LORD thy God with a tribute of a free-will-offering of thy hand, which thou shalt give [to the LORD thy God], according as the LORD thy God hath blessed thee:
၁၀သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်တိုင်မှစ၍သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ အလိုလို ပြုသော ပူဇော်သက္ကာကို ဆောင် ခဲ့ရမည်။
11 And thou shalt rejoice before the LORD thy God, thou, and thy son, and thy daughter, and thy man-servant, and thy maid-servant, and the Levite that [is] within thy gates, and the stranger, and the fatherless, and the widow, that [are] among you, in the place which the LORD thy God hath chosen to place his name there.
၁၁သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
12 And thou shalt remember that thou wast a bond-man in Egypt: and thou shalt observe and do these statutes.
၁၂သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ၍ ၊ ဤ ပညတ် တရားတို့ကို ကျင့် စောင့် ရမည်။
13 Thou shalt observe the feast of tabernacles seven days, after that thou hast gathered in thy corn, and thy wine.
၁၃စပါး နှင့် စပျစ်ရည် ကို သိမ်းယူ ပြီးမှ ၊ ခုနှစ် ရက် ပတ်လုံးသကေနေ ပွဲ ကို ခံ ရကြမည်။
14 And thou shalt rejoice in thy feast, thou, and thy son, and thy daughter, and thy man-servant, and thy maid-servant, and the Levite, the stranger, and the fatherless, and the widow, that [are] within thy gates:
၁၄ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
15 Seven days shalt thou keep a solemn feast to the LORD thy God in the place which the LORD shall choose: because the LORD thy God shall bless thee in all thy increase, and in all the works of thy hands, therefore thou shalt surely rejoice.
၁၅ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ ခုနှစ် ရက် ပတ်လုံးသင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ၊ ဓမ္မပွဲ ကို ခံရမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်၊ တိုးပွား လေရာရာ ၊ သင် လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူသောကြောင့် ၊ အမှန် ရွှင်လန်း ခြင်းကို ပြု ရမည်။
16 Three times in a year shall all thy males appear before the LORD thy God in the place which he shall choose; in the feast of unleavened bread, and in the feast of weeks, and in the feast of tabernacles: and they shall not appear before the LORD empty:
၁၆အဇုမ ပွဲ ခံချိန်၊ ခုနှစ် သိတင်းပွဲ ခံချိန်၊ သကေနေ ပွဲ ခံချိန်တည်းဟူသောတနှစ် တွင် သုံး ကြိမ် မြောက်အောင် သင် တို့ယောက်ျား အပေါင်း တို့သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ရှေ့ တော်မှာ မျက်နှာ ပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံ တော်သို့ အဘယ်သူ မျှလက်ချည်း မပေါ် မလာရ။
17 Every man [shall give] as he is able, according to the blessing of the LORD thy God which he hath given thee.
၁၇သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ လူအသီးသီး တို့သည် တတ်နိုင် သည် အတိုင်း ဆက် ရကြမည်။
18 Judges and officers shalt thou make thee in all thy gates, which the LORD thy God giveth thee, throughout thy tribes: and they shall judge the people with just judgment.
၁၈သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။
19 Thou shalt not wrest judgment; thou shalt not respect persons, neither take a gift; for a gift doth blind the eyes of the wise, and pervert the words of the righteous.
၁၉သင်သည် တရား လမ်းမှ မ လွှဲ ရ။ လူမျက်နှာ ကို မ ထောက် ရ။ တံစိုး ကို မ စား ရ။ တံစိုး သည် ပညာရှိ မျက်စိ ကို ကွယ် စေတတ်၏။ ဖြောင့်မတ် သောသူ၏ စကား ကို ကောက် စေတတ်၏။
20 That which is altogether just shalt thou follow, that thou mayest live, and inherit the land which the LORD thy God giveth thee.
၂၀သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင် သည် အသက်ရှင် ၍ အမွေခံ မည်အကြောင်း ၊ ဖြောင့် သောတရားလမ်းသို့သာ လိုက် ရမည်။
21 Thou shalt not plant thee a grove of any trees near to the altar of the LORD thy God, which thou shalt make for thee.
၂၁သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သင် တည် သော ယဇ် ပလ္လင်အနား မှာ အဘယ်သို့သော အာရှရ ပင် ကို မျှ မ စိုက် ရ။
22 Neither shalt thou set thee up [any] image; which the LORD thy God hateth.
၂၂သင် ၏ဘုရားသခင် ထာဝရဘုရား မုန်း တော်မူသော ရုပ်တု ဆင်းတုကို မ တည် မထားရ။