< Acts 20 >

1 And after the uproar had ceased, Paul called to [him] the disciples, and embraced [them], and departed to go into Macedonia.
ထိုရုန်ရင်းခတ် သော အမှုငြိမ်း သောအခါ ပေါလု သည်၊ တပည့် တော်တို့ကိုခေါ် ၍ နှုတ်ဆက် ပြီးမှမာကေဒေါနိ ပြည်သို့ သွား လေ၏။
2 And when he had gone over those parts, and had given them much exhortation, he came into Greece,
ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။
3 And [there] abode three months. And when the Jews laid wait for him, as he was about to sail into Syria, he purposed to return through Macedonia.
သုံး လ နေ ပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိ ပြည်သို့ သွားမည်ပြုသော်၊ ယုဒ လူတို့သည် မကောင်း သောအကြံ ကို ကြံ သောကြောင့်၊ မာကေဒေါနိ ပြည်လမ်းဖြင့် ပြန် မည်ဟု အကြံ ရှိ ပြန်၏။
4 And there accompanied him into Asia Sopater of Berea; and of the Thessalonians, Aristarchus and Secundus; and Gaius of Derbe, and Timothy; and of Asia, Tychicus, and Trophimus.
ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။
5 These going before, tarried for us at Troas.
ဤသူ တို့သည် ငါ တို့အရင် သွား၍ တရော မြို့၌ ငံ့လင့် လျက် နေကြ၏။
6 And we sailed away from Philippi, after the days of unleavened bread, and came to them to Troas in five days; where we abode seven days.
အဇုမ ပွဲနေ့ရက် လွန် ပြီးမှငါ တို့သည် ဖိလိပ္ပိ မြို့မှ သင်္ဘောနှင့်လွှင့် ၍ ငါး ရက် အတွင်း တွင် သူ တို့ရှိရာ တရော မြို့သို့ ရောက် ၍ခုနစ် ရက် နေ ကြ၏။
7 And upon the first [day] of the week, when the disciples came together to break bread, Paul preached to them (ready to depart on the morrow) and continued his speech until midnight.
ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
8 And there were many lights in the upper chamber, where they were assembled.
စည်းဝေး ရာအထက် ခန်း၌ မီးခွက် များရှိ ၏။
9 And there sat in a window a certain young man named Eutychus, having fallen into a deep sleep: and as Paul was long preaching, he sunk down with sleep, and fell from the third loft, and was taken up dead.
ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။
10 And Paul went down, and fell on him, and embracing [him], said, Trouble not yourselves; for his life is in him.
၁၀ပေါလု သည်လည်း အောက် သို့ ဆင်း၍သူ ၏ အပေါ်သို့ကိုယ်ကိုလှဲလျက် ဖက်ယမ်း ပြီးမှ ၊ အုတ်အုတ်သဲသဲ မ ပြုကြနှင့်။ သူ သည် အသက် ရှိ ၏ ဟုဆို ၍ တက် ပြန် လေ၏။
11 When he had come up again, and had broken bread, and eaten, and discoursed a long while, even till break of day, so he departed.
၁၁မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။
12 And they brought the young man alive, and were not a little comforted.
၁၂အသက် ရှင်လျက်ရှိသောထိုလုလင် ကို ဆောင်ယူ ခဲ့၍ ၊ အလွန် သက်သာ ခြင်းရှိကြ၏။
13 And we went before to a ship, and sailed to Assos, there intending to take in Paul: for so he had appointed, intending himself to go on foot.
၁၃ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။
14 And when he met with us at Assos, we took him in, and came to Mitylene.
၁၄အဿု မြို့၌ သူသည်ငါ တို့နှင့်တွေ့မိ လျှင်၊ သူ့ ကိုခံယူ ၍ မိတုလင် မြို့သို့ သွား ကြ၏။
15 And we sailed thence, and came the next [day] over against Chios; and the next [day] we arrived at Samos, and tarried at Trogyllium; and the next [day] we came to Miletus.
၁၅ထိုမြို့ မှလွှင့် ပြန်လျှင် နက်ဖြန် နေ့၌ ခိအု ကျွန်းနား မှာရှောက်သွား၍ နောက်တစ်နေ့၌ သာမု ကျွန်းသို့ ရောက် သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တစ်နေ့၌လည်း မိလက် မြို့သို့ ရောက် ကြ၏။
16 For Paul had determined to sail by Ephesus, because he would not spend the time in Asia: for he hasted, if it were possible for him, to be at Jerusalem the day of Pentecost.
၁၆ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
17 And from Miletus he sent to Ephesus, and called the elders of the church.
၁၇မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။
18 And when they had come to him, he said to them, Ye know, from the first day that I came into Asia, after what manner I have been with you at all seasons,
၁၈သူတို့သည် ရောက် ကြသောအခါ ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ ရောက် သော နေ့ မှစ၍ ယခုတိုင်အောင်သင်တို့ရှေ့မှာ အဘယ်သို့ ကျင့် နေသည်ကို သင် တို့သိ ကြ၏။
19 Serving the Lord with all humility of mind, and with many tears and temptations, which befell me by the lying in wait of the Jews:
၁၉အလွန် နှိမ့်ချ သောစိတ်ရှိလျက်၊ မျက်ရည် ကျလျက် ၊ ယုဒ လူတို့၏ မကောင်း သောအကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကိုခံ လျက်၊ သခင် ဘုရား၏ အမှု တော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
20 [And] how I kept back nothing that was profitable [to you], but have shown you, and have taught you publicly, and from house to house,
၂၀သင်တို့အကျိုး တစ်စုံတစ်ခုကိုမျှ ငါမ ထိမ် မဝှက်။ လူ စုဝေးရာ၌၎င်း ၊ အိမ် များ၌၎င်း၊ သင် တို့အားဟောပြော ဆုံးမ ဩဝါဒပေးသဖြင့် ၊
21 Testifying both to the Jews, and also to the Greeks, repentance towards God, and faith towards our Lord Jesus Christ.
၂၁ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။
22 And now behold, I go bound in the spirit to Jerusalem, not knowing the things that shall befall me there:
၂၂ယခု မှာငါ သည် ဝိညာဉ် တော်အားဖြင့်ချည်နှောင် ခြင်းကိုခံ၍၊ ယေရုရှလင် မြို့သို့ သွား ရ၏။ ထိုမြို့ ၌ အဘယ်အမှု ရောက် မည်ကိုမ သိ ။
23 Save that the Holy Spirit testifieth in every city, saying, that bonds and afflictions abide me.
၂၃သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။
24 But none of these things move me, neither count I my life dear to myself, so that I may finish my course with joy, and the ministry which I have received from the Lord Jesus, to testify the gospel of the grace of God.
၂၄သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
25 And now behold, I know that ye all, among whom I have gone preaching the kingdom of God, will see my face no more.
၂၅ယခု မူကား၊ ငါလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဟောပြော ရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာ ကို မ မြင်ရကြ ဟုငါ သိ ၏။
26 Wherefore I call you to witness this day, that I [am] pure from the blood of all [men].
၂၆ထိုကြောင့် ၊ လူအပေါင်း တို့၏အသွေး နှင့် ငါ ကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏။
27 For I have not shunned to declare to you all the counsel of God.
၂၇ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။
28 Take heed therefore to yourselves, and to all the flock over which the Holy Spirit hath made you overseers, to feed the church of God, which he hath purchased with his own blood.
၂၈ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
29 For I know this, that after my departure grievous wolves will enter in among you, not sparing the flock.
၂၉အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊
30 Also from your own selves will men arise, speaking perverse things, to draw away disciples after them.
၃၀တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။
31 Therefore watch, and remember, that by the space of three years I ceased not to warn every one night and day with tears.
၃၁ထိုကြောင့် စောင့်ရှောက် ၍နေကြလော့။ ငါသည်သုံး နှစ်ပတ်လုံးနေ့ ည မ ပြတ် လူအပေါင်းတို့ကို မျက်ရည် နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ ကြ လော့။
32 And now, brethren, I commend you to God, and to the word of his grace, which is able to build you up, and to give you an inheritance among all them who are sanctified.
၃၂ညီအစ်ကိုတို့၊ ယခု ငါသည်သင် တို့ကို ဘုရားသခင် ၌ အပ်နှံ ၏။ သင်တို့ကို တည်ဆောက် ခြင်းငှာ၎င်း ၊ သန့်ရှင်း သောသူ အပေါင်း တို့နှင့်အတူ သင်တို့အား အမွေ ပေး ခြင်းငှာ၎င်း၊ တတ်နိုင် သောဘုရားသခင် ၏ ကျေးဇူး တော်တရား ၌လည်း သင်တို့ကိုငါအပ်နှံ၏။
33 I have coveted no man's silver, or gold, or apparel.
၃၃သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။
34 And ye yourselves know, that these hands have ministered to my necessities, and to them that were with me.
၃၄ဤ လက် တို့သည် ငါ့ ကို၎င်း ၊ ငါ့ အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေး ပြီဟု သင်တို့သည် ကိုယ်တိုင် သိ ကြ၏။
35 I have shown you all things, that so laboring ye ought to support the weak, and to remember the words of the Lord Jesus, that he said, It is more blessed to give than to receive.
၃၅ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
36 And when he had thus spoken, he kneeled down, and prayed with them all.
၃၆ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။
37 And they all wept bitterly, and fell on Paul's neck, and kissed him,
၃၇ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။
38 Sorrowing most of all for the words which he spoke, that they should see his face no more. And they accompanied him to the ship.
၃၈နောက်တဖန် သူ ၏မျက်နှာ ကိုမ မြင် ရဟူသောစကား ကြောင့် သာ၍ကြေကွဲသောစိတ် နှင့် ပေါလု ကို သင်္ဘော သို့ ပို့ လိုက်ကြ၏။

< Acts 20 >