< 2 Corinthians 11 >
1 I earnestly wish ye could bear with me a little in [my] folly: and indeed bear with me.
၁ငါ မိုက်မဲ သောအပြစ်ကို သင်တို့သည် ခဏ သည်းခံ စေခြင်းငှာငါအလိုရှိ ၏။ ခဏသည်းခံ ကြပါလော့။
2 For I am jealous over you with godly jealousy: for I have espoused you to one husband, that I may present [you as] a chaste virgin to Christ.
၂အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
3 But I fear, lest by any means, as the serpent beguiled Eve through his subtilty, so your minds should be corrupted from the simplicity that is in Christ.
၃မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
4 For if he that cometh preacheth another Jesus, whom we have not preached, or [if] ye receive another spirit, which ye have not received, or another gospel, which ye have not accepted, ye might well bear with [him].
၄သင်တို့ရှိရာသို့ ရောက်လာ သောသူ သည် ငါတို့ မ ဟော မပြောသေးသော ယေရှု တပါး ကို ဟောပြော သော်၎င်း၊ သင်တို့သည်မ ခံရ သေးသော ဝိညာဉ် တော်တစ်ပါး ကို ခံရ သော်၎င်း၊ နားမ ထောင်သေးသော ဧဝံဂေလိ တရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံ ကောင်း ၏။
5 For I suppose I was not a whit behind the very greatest apostles.
၅ငါသည်အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်သည်ကို ငါသဘော ရှိ၏။
6 But though [I am] rude in speech, yet not in knowledge; but we have been thoroughly made manifest among you in all things.
၆စကား အားဖြင့်လူရိုင်း ဟုတ်သော်လည်း ၊ ပညာ အားဖြင့်လူရိုင်း မဟုတ်။ သင် တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှား စွာပြကြပြီ။
7 Have I committed an offense in abasing myself that ye might be exalted, because I have preached to you the gospel of God without reward?
၇သင် တို့ကိုချီးမြှောက် ခြင်းငှာ ၊ ကိုယ်ကိုကိုယ် နှိမ့်ချ လျက်၊ ကျေးဇူးဆပ် ခြင်းကိုမခံဘဲ၊ သင် တို့အား ဘုရားသခင် ၏ဧဝံဂေလိ တရားကို ဟောပြော သည့်အရာမှာ ငါသည် အပြစ် ရှိ သလော။
8 I robbed other churches, taking wages [of them], to do you service.
၈သင် တို့အမှု ကိုဆောင်ရွက်မည်အကြောင်း၊ အခြား သောအသင်းတော် များပေးသောစရိတ် ကို ငါခံ ၍၊ သူတို့ကို လုယူ ရာသို့ရောက်လေပြီတကား။
9 And when I was present with you, and wanted, I was chargeable to no man: for that which was lacking to me the brethren who came from Macedonia supplied: and in all [things] I have kept myself from being burdensome to you, and [so] will I keep [myself].
၉သင် တို့နှင့်အတူ ရှိ နေ၍ တစ်စုံတစ်ခုကိုလို သောအခါ အဘယ်သူ ကိုမျှ ငါမ နှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိ ပြည်က လာ သော ညီအစ်ကို တို့သည် ငါ လို သမျှကိုပေး ကြ၏။ သင် တို့ကို အလျှင်းမ နှောင့်ယှက်ဘဲ သတိ နှင့်နေခဲ့ပြီ။ နောင် ၌လည်း သတိ နှင့်နေဦးမည်။
10 As the truth of Christ is in me, no man shall stop me of this boasting in the regions of Achaia.
၁၀ခရစ်တော် ၏သစ္စာ တရားသည် ငါ ၌ ရှိ သည် ဖြစ်၍ ၊ အခါယ ပြည် များတို့၌ ဤသို့ ငါ ဝါကြွား သည်အမှု ကို အဘယ်သူ မျှမဆီးတား ရ။
11 Why? because I love you not? God knoweth.
၁၁အဘယ်ကြောင့် နည်း၊ သင် တို့ကိုငါမ ချစ် သလော။ ဘုရားသခင် သိ တော်မူ၏။
12 But what I do, that I will do, that I may cut off occasion from them who desire occasion; that in what they glory, they may be found even as we.
၁၂အခွင့် ရလို သောသူ တို့သည် အခွင့် မ ရစေခြင်းငှာ ၎င်း၊ ဝါကြွား ခြင်းအရာ၌ သူတို့သည် ငါ ကဲ့သို့ ထင်ရှားစွာဖြစ် စေခြင်းငှာ ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြု ဦးမည်။
13 For such [are] false apostles, deceitful workers, transforming themselves into the apostles of Christ.
၁၃အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
14 And no wonder; for Satan himself is transformed into an angel of light.
၁၄ဤအမှုသည် အံ့ဩဖွယ် ဖြစ်သည်မ ဟုတ်။ စာတန် ပင်လျှင် လင်း သောကောင်းကင်တမန် ဖြစ် ယောင်ဆောင် တတ်၏။
15 Therefore [it is] no great thing if his ministers also are transformed as the ministers of righteousness; whose end shall be according to their works.
၁၅သို့ဖြစ်၍ သူ၏ဆရာ တို့သည်လည်း ဖြောင့်မတ် ခြင်းတရား ကို ဟောသောဆရာဖြစ်ယောင်ဆောင် လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူ တို့သည် ကိုယ်ကျင့်သောအကျင့် အတိုင်း နောက်ဆုံး ၌အကျိုးအပြစ်ကို ခံရ ကြ လတံ့။
16 I say again, Let no man think me a fool; if otherwise, yet as a fool receive me, that I may boast myself a little.
၁၆တဖန် ငါဆို သည်ကား၊ ငါ့ ကိုသူရူး ဖြစ် သည်ဟု အဘယ်သူ မျှ မ ထင် စေနှင့်။ သို့မဟုတ် ငါဝါကြွား စရာ အခွင့်အနည်းငယ် ရှိစေခြင်းငှာ ငါ့ ကိုသူရူး ကဲ့သို့ မှတ်၍ သည်းခံ ကြလော့။
17 That which I speak, I speak [it] not according to the Lord, but as it were foolishly, in this confidence of boasting.
၁၇ဤသို့ငါပြော သောစကားမှာ သခင် ဘုရား၏ နည်းတူ ငါပြော သည်မ ဟုတ်။ သူရူး ကဲ့သို့ ရဲရင့် စွာဝါကြွား လျက်ပြောဆို၏။
18 Seeing that many glory after the flesh, I will glory also.
၁၈လူ များတို့သည် လောကီ အခြင်းအရာ၌ ဝါကြွား သောကြောင့် ငါ သည်လည်းဝါကြွား ရ၏။
19 For ye suffer fools gladly, seeing ye [yourselves] are wise.
၁၉သင်တို့သည်လိမ္မာ သောသူဖြစ် သောကြောင့်၊ သူရူး တို့ကို စေတနာ စိတ်နှင့် သည်းခံ ကြ၏။
20 For ye suffer, if a man bringeth you into bondage, if a man devoureth [you], if a man taketh [from you], if a man exalteth himself, if a man smiteth you on the face.
၂၀သူတစ်ပါးသည် သင် တို့ကို ကျွန် ခံစေခြင်း၊ ရောင်း ၍စားခြင်း၊ ဥစ္စာကိုလုယူ ခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံ ကြ၏။
21 I speak as concerning reproach, as though we had been weak. But in whatever respect any is bold, (I speak foolishly) I am bold also.
၂၁ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့် ခြင်းရှိ၏ဟု သူရူး ကဲ့သို့ငါဆို ၏။
22 Are they Hebrews? so [am] I. Are they Israelites? so [am] I. Are they the offspring of Abraham? so [am] I.
၂၂သူတို့သည် ဟေဗြဲ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည် ဣသရေလ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည်အာဗြဟံ အမျိုး ဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။
23 Are they ministers of Christ? (I speak as a fool) I [am] more; in labors more abundant, in stripes above measure, in prisons more frequent, in deaths often.
၂၃သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
24 From the Jews five times I received forty [stripes] save one.
၂၄ငါးကြိမ် မြောက်အောင် ယုဒ လူတို့လက်တွင် ဒဏ်ချက်လေးဆယ် တစ်ခု ယုတ်ငါခံ ခဲ့ရပြီ။
25 Thrice was I beaten with rods, once I was stoned, thrice I suffered shipwreck, a night and a day I have been in the deep;
၂၅သုံး ကြိမ်မြောက်အောင်ကြိမ်လုံး နှင့် ရိုက်ခြင်းကို၎င်း၊ တစ် ကြိမ်ခဲ နှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံး ကြိမ်မြောက်အောင် သင်္ဘော ပျက်ခြင်းကို ခံရပြီ။ တစ် နေ့နှင့် တညဉ့်ပတ်လုံးပင်လယ် ထဲမှာ နေ ရပြီ။
26 [In] journeyings often, [in] perils of waters, [in] perils of robbers, [in] perils by [my own] countrymen, [in] perils by the heathen, [in] perils in the city, [in] perils in the wilderness, [in] perils in the sea, [in] perils among false brethren;
၂၆အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီး။ မြစ် ကို ကူးသောဘေး ၊ ဓါးပြ တိုက်သောဘေး ၊ အမျိုးသား ချင်းပြုသောဘေး ၊ တစ်ပါး အမျိုးသားပြုသောဘေး ၊ မြို့ ရွာ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
27 In weariness and painfulness, in watchings often, in hunger and thirst, in fastings often, in cold and nakedness.
၂၇ပင်ပန်း စွာအမှု ဆောင်ရွက်ခြင်း၊ အကြိမ် များစွာမအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း၊ အကြိမ်ကြိမ် အစာရှောင် ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
28 Besides those things that are without, that which cometh upon me daily, the care of all the churches.
၂၈ထိုအပမှုမှတပါး၊ အသင်းတော် အပေါင်း တို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှု ပြုစု၍ နေ့တိုင်း အစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
29 Who is weak, and I am not weak? who is made to fall into sin, and I burn not?
၂၉ငါမ နွမ်းရိ ဘဲအဘယ်သူ နွမ်းရိ သနည်း။ ငါ သည် စိတ် မ ပူပန်ဘဲ အဘယ်သူ ဖောက်ပြန် သနည်း။
30 If I must needs glory, I will glory of the things which concern my infirmities.
၃၀ငါသည်မဝါကြွား ဘဲမနေရသည်မှန်လျှင် ၊ ကိုယ် နွမ်းရိ သောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွား မည်။
31 The God and Father of our Lord Jesus Christ, who is blessed for evermore, knoweth that I lie not. (aiōn )
၃၁ငါသည်မုသာ မ ပြောသည်ကို ထာဝရ မင်္ဂလာ ရှိ တော်မူသော ငါတို့သခင် ယေရှု ခရစ်၏ခမည်းတော် ဘုရားသခင် သိ တော်မူ၏။ (aiōn )
32 In Damascus the governor under Aretas the king kept the city of the Damascenes with a garrison, desirous to apprehend me:
၃၂ဒမာသက် မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန် သည် ငါ့ ကို ဖမ်းဆီး ခြင်းငှာအလိုရှိ၍၊ ဒမာသက် မြို့ ကိုစောင့် စဉ်တွင်၊
33 And through a window in a basket I was let down by the wall, and escaped his hands.
၃၃တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက် မှထုတ်၍ မြို့ရိုး ပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက် မှ ငါပြေး၍လွတ် ရ၏။