< 2 Chronicles 11 >

1 And when Rehoboam had come to Jerusalem, he gathered of the house of Judah and Benjamin a hundred and eighty thousand chosen [men] who were warriors, to fight against Israel, that he might bring the kingdom again to Rehoboam.
ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။-
2 But the word of the LORD came to Shemaiah the man of God, saying,
သို့​ရာ​တွင်​ထာဝ​ရ​ဘု​ရား​က``သင်​တို့​အား​လုံး မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ​လော့။ ဣသ​ရေ​လ အ​မျိုး​သား​အ​ချင်း​ချင်း​မ​တိုက်​ခိုက်​ကြ နှင့်။ ယ​ခု​ဖြစ်​ပွား​ခဲ့​သော​အ​မှု​သည်​ငါ​၏ အ​လို​တော်​အ​ရ​ဖြစ်​ကြောင်း​ကို ရော​ဗောင် မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား​ဆင့်​ဆို​လော့'' ဟု​ပ​ရော ဖက်​ရှေ​မာ​ယ​အား​မိန့်​တော်​မူ​၏။ ထို​သူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​နာ​ခံ​လျက်​ယေ​ရော​ဗောင်​ကို​စစ် မ​တိုက်​ဘဲ​ပြန်​ကြ​ကုန်​၏။
3 Speak to Rehoboam the son of Solomon, king of Judah, and to all Israel in Judah and Benjamin, saying,
4 Thus saith the LORD, Ye shall not go up, nor fight against your brethren: return every man to his house: for this thing is done by me. And they obeyed the words of the LORD, and returned from going against Jeroboam.
5 And Rehoboam dwelt in Jerusalem, and built cities for defense in Judah.
ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​၌​နန်း​စံ​၍ ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​ရှိ၊-
6 He built even Beth-lehem, and Etam, and Tekoa,
ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊- ဗက်​ဇု​ရ မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊-
7 And Beth-zur, and Shocho, and Adullam,
8 And Gath, and Mareshah, and Ziph,
ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊-
9 And Adoraim, and Lachish, and Azekah,
10 And Zorah, and Ajalon, and Hebron, which [are] in Judah and in Benjamin, fortified cities.
၁၀ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​များ ကို​တံ​တိုင်း​ကာ​စေ​တော်​မူ​၏။-
11 And he fortified the strong holds, and put captains in them, and store of provisions, and of oil and wine.
၁၁ထို​မြို့​တို့​ကို​ခိုင်​ခံ့​စွာ​တံ​တိုင်း​ကာ​ပြီး​လျှင် မြို့​တိုင်း​တွင် တပ်​မှူး​တစ်​ဦး​စီ​ခန့်​ထား​၍ ဆီ၊ စ​ပျစ်​ရည်၊ စား​နပ်​ရိက္ခာ၊-
12 And in every several city [he put] shields and spears, and made them exceeding strong, having Judah and Benjamin on his side.
၁၂ဒိုင်း​လွှား​နှင့်​လှံ​တံ​များ​ကို​သို​လှောင်​ထား​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ယု​ဒ​နှင့်​ဗင်္ယာ မိန်​နယ်​မြေ​များ​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​ထား တော်​မူ​၏။
13 And the priests and the Levites that [were] in all Israel resorted to him from all their borders.
၁၃ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။-
14 For the Levites left their suburbs and their possession, and came to Judah and Jerusalem: for Jeroboam and his sons had cast them off from executing the priest's office to the LORD:
၁၄ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-
15 And he ordained him priests for the high places, and for the devils, and for the calves which he had made.
၁၅ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-
16 And after them out of all the tribes of Israel, such as set their hearts to seek the LORD God of Israel came to Jerusalem, to sacrifice to the LORD God of their fathers.
၁၆ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-
17 So they strengthened the kingdom of Judah, and made Rehoboam the son of Solomon strong, three years: for three years they walked in the way of David and Solomon.
၁၇သူ​တို့​သည်​ယု​ဒ​ပြည်​ကို​အင်​အား​တောင့် တင်း​လာ​စေ​လျက် သုံး​နှစ်​တိုင်​တိုင်​ရှော​လ​မုန် ၏​သား​ရော​ဗောင်​ကို​အား​ပေး​ထောက်​ခံ​ကာ ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​တို့​အုပ်​စိုး ချိန်​ကဲ့​သို့​နေ​ထိုင်​ကြ​လေ​သည်။
18 And Rehoboam took to himself Mahalath the daughter of Jerimoth the son of David for a wife, [and] Abihail the daughter of Eliab the son of Jesse;
၁၈ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-
19 Who bore him children, Jeush, and Shamariah, and Zaham.
၁၉သူ​တို့​သည်​ယု​ရှ၊ ရှ​မာ​ရိ​နှင့်​ဇာ​ဟံ​ဟူ​သော သား​သုံး​ယောက်​ကို​ရ​ကြ​၏။-
20 And after her he took Maachah the daughter of Absalom; who bore him Abijah, and Attai, and Ziza, and Shelomith.
၂၀ထို​နောက်​ရော​ဗောင်​သည်​အ​ဗ​ရှ​လုံ​၏​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်​၍ အ​ဘိ​ယ၊ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော မိတ်​ဟူ​သော​သား​လေး​ယောက်​ကို​ရ​လေ​သည်။-
21 And Rehoboam loved Maachah the daughter of Absalom above all his wives and his concubines: (for he took eighteen wives, and sixty concubines; and begat twenty and eight sons, and sixty daughters.)
၂၁ရော​ဗောင်​တွင်​စု​စု​ပေါင်း​မိ​ဖု​ရား​တစ်​ဆယ့် ရှစ်​ပါး​နှင့် မောင်း​မ​မိ​ဿံ​ခြောက်​ဆယ်​ရှိ​၏။ သူ​သည်​သား​နှစ်​ဆယ့်​ရှစ်​ယောက်​နှင့်​သ​မီး ခြောက်​ဆယ်​တို့​၏​ဖခင်​ဖြစ်​သော်​လည်း မိ​မိ​၏ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​အ​ပေါင်း​တို့ အ​နက်​မာ​ခါ​ကို​အ​များ​ဆုံး​ချစ်​တော်​မူ​၏။-
22 And Rehoboam made Abijah the son of Maachah the chief, [to be] ruler among his brethren: for [he thought] to make him king.
၂၂သို့​ဖြစ်​၍​မင်း​ကြီး​သည်​မာ​ခါ​နှင့်​ရ​သော​သား တော်​အ​ဘိ​ယ​ကို အ​ခြား​သား​သ​မီး​အ​ပေါင်း တို့​ထက်​ပို​၍​မျက်​နှာ​သာ​ပေး​ကာ မိ​မိ​၏​အ ရိုက်​အ​ရာ​ကို​ဆက်​ခံ​မင်း​လုပ်​ရ​မည့်​သူ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ထား​တော်​မူ​လေ​သည်။-
23 And he dealt wisely, and dispersed of all his children throughout all the countries of Judah and Benjamin, to every fortified city: and he gave them provisions in abundance. And he desired many wives.
၂၃ရော​ဗောင်​သည်​ပ​ညာ​သ​တိ​ရှိ​စွာ​မိ​မိ​၏​သား တော်​များ​အား​တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ဝေ​သတ် မှတ်​ပေး​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တစ် လျှောက်​ရှိ​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား တော်​မူ​၏။ မင်း​ကြီး​သည်​သူ​တို့​အား​ရက်​ရော စွာ​စား​နပ်​ရိက္ခာ​များ​ထောက်​ပံ့​၍​ကြင်​ဖော် အ​မြောက်​အ​မြား​ကို​လည်း​ရှာ​ပေး​တော် မူ​၏။

< 2 Chronicles 11 >