< 1 Chronicles 24 >

1 Now [these are] the divisions of the sons of Aaron. The sons of Aaron; Nadab, and Abihu, Eleazar, and Ithamar.
အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
2 But Nadab and Abihu died before their father, and had no children: therefore Eleazar and Ithamar executed the priests' office.
နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။
3 And David distributed them, both Zadok of the sons of Eleazar, and Ahimelech of the sons of Ithamar, according to their offices in their service.
ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။
4 And there were more chief men found of the sons of Eleazar than of the sons of Ithamar; and [thus] were they divided. Among the sons of Eleazar [there were] sixteen chief men of the house of [their] fathers, and eight among the sons of Ithamar according to the house of their fathers.
ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။
5 Thus were they divided by lot, one sort with another; for the governors of the sanctuary, and governors [of the house] of God, were of the sons of Eleazar, and of the sons of Ithamar.
စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။
6 And Shemaiah the son of Nethaneel the scribe, [one] of the Levites, wrote them before the king, and the princes, and Zadok the priest, and Ahimelech the son of Abiathar, and [before] the chief of the fathers of the priests and Levites: one principal household being taken for Eleazar, and [one] taken for Ithamar.
လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊
7 Now the first lot came forth to Jehoiarib, the second to Jedaiah,
ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊
8 The third to Harim, the fourth to Seorim,
တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊
9 The fifth to Malchijah, the sixth to Mijamin,
ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊
10 The seventh to Hakkoz, the eighth to Abijah,
၁၀သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊
11 The ninth to Jeshuah, the tenth to Shecaniah,
၁၁နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊
12 The eleventh to Eliashib, the twelfth to Jakim,
၁၂ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊
13 The thirteenth to Huppah, the fourteenth to Jeshebeab,
၁၃တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊
14 The fifteenth to Bilgah, the sixteenth to Immer,
၁၄တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊
15 The seventeenth to Hezer, the eighteenth to Aphses,
၁၅တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
16 The nineteenth to Pethahiah, the twentieth to Jehezekel,
၁၆တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊
17 The one and twentieth to Jachin, the two and twentieth to Gamul,
၁၇နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊
18 The three and twentieth to Delaiah, the four and twentieth to Maaziah.
၁၈နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။
19 These [were] the orderings of them in their service to come into the house of the LORD, according to their manner, under Aaron their father, as the LORD God of Israel had commanded him.
၁၉ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။
20 And the rest of the sons of Levi [were these]: Of the sons of Amram; Shubael: of the sons of Shubael; Jehdeiah.
၂၀ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊
21 Concerning Rehabiah: of the sons of Rehabiah, the first [was] Isshiah.
၂၁ရေဟဘိ သား စုတွင် ဣရှယာ၊
22 Of the Izharites; Shelomoth: of the sons of Shelomoth; Jahath.
၂၂ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊
23 And the sons [of Hebron]; Jeriah [the first], Amariah the second, Jehaziel the third, Jekameam the fourth.
၂၃ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊
24 [Of] the sons of Uzziel; Michah: of the sons of Michah; Shamir.
၂၄ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊
25 The brother of Michah [was] Isshiah: of the sons of Isshiah; Zechariah.
၂၅မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။
26 The sons of Merari [were] Mahli, and Mushi: the sons of Jaaziah; Beno.
၂၆မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊
27 The sons of Merari by Jaaziah; Beno, and Shoham, and Zaccur, and Ibri.
၂၇မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။
28 Of Mahli [came] Eleazar, who had no sons.
၂၈မဟာလိ သားဧလာဇာ ၌သား မ ရှိ။
29 Concerning Kish: the son of Kish [was] Jerahmeel.
၂၉ကိရှ သား ကား ယေရမေလ တည်း။
30 The sons also of Mushi; Mahli, and Eder, and Jerimoth. These [were] the sons of the Levites after the house of their fathers.
၃၀မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။
31 These likewise cast lots over against their brethren the sons of Aaron in the presence of David the king, and Zadok, and Ahimelech, and the chief of the fathers of the priests and Levites, even the principal fathers over against their younger brethren.
၃၁ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။

< 1 Chronicles 24 >