< Revelation 22 +

1 And he showed me a pure river of water of life, clear as crystal, proceeding out of the throne of God and of the Lamb.
ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-
2 In the midst of its street, and on each side of the river, was there the tree of life, which bore twelve kinds of fruits, and yielded her fruit every month: and the leaves of the tree were for the healing of the nations.
ထို​အ​သက်​ပင်​သည်​တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ် လျှင်​တစ်​ဆယ့်​နှစ်​ကြိမ်​အ​သီး​သီး​၏။ ထို​အ​ပင် ၏​အ​ရွက်​များ​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။-
3 And there shall be no more curse: but the throne of God and of the Lamb shall be in it; and his servants shall serve him:
ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည့်​အ​ရာ တစ်​စုံ​တစ်​ရာ​မျှ ထို​မြို့​တွင်​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​တော် သည် ထို​မြို့​တွင်​ရှိ​၍​ကိုယ်​တော်​၏​အ​စေ​ခံ​တို့ သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်။-
4 And they shall see his face; and his name shall be in their foreheads.
သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို​ဖူး မြင်​ရ​ကြ​လိမ့်​မည်။ နာ​မ​တော်​ကို​သူ​တို့​၏ န​ဖူး​တွင်​ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-
5 And there shall be no night there; and they need no lamp, neither light of the sun; for the Lord God giveth them light: and they shall reign for ever and ever. (aiōn g165)
ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။ (aiōn g165)
6 And he said to me, These words are faithful and true: and the Lord God of the holy prophets sent his angel to show to his servants the things which must shortly be done.
ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။
7 Behold, I come quickly: blessed is he that keepeth the words of the prophecy of this book.
သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ ငါ​သည်​မ​ကြာ မီ​ကြွ​လာ​မည်။ ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို လိုက်​လျှောက်​သော သူ​တို့​သည်​မင်္ဂလာ​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
8 And I John saw these things, and heard them. And when I had heard and seen, I fell down to worship before the feet of the angel who showed me these things.
ဤ​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ကြား​သိ​ရ​သူ ကား ငါ​ယော​ဟန်​ပင်​ဖြစ်​၏။ ထို​အ​ရာ​များ​ကို တွေ့​မြင်​ကြား​သိ​ရ​ပြီး​သော​အ​ခါ ငါ​သည် ကောင်း​ကင်​တ​မန်​အား​ရှိ​ခိုး​ရန်​သူ​၏​ခြေ​ရင်း တွင်​ပျပ်​ဝပ်​လိုက်​၏။-
9 Then saith he to me, See thou do it not: for I am thy fellowservant, and of thy brethren the prophets, and of them who keep the words of this book: worship God.
ကောင်း​ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​ပ​ရော​ဖက်​များ​နှင့် ဤ​ကျမ်း​စောင် ၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး​သာ​လျှင်​ဖြစ်​၏။ ဘု​ရား သ​ခင်​ကို​သာ​လျှင်​ရှိ​ခိုး​လော့'' ဟု​ဆို​၏။-
10 And he saith to me, Seal not the words of the prophecy of this book: for the time is at hand.
၁၀ထို​နောက်​ကောင်း​ကင်​တ​မန်​က``ဤ​အ​မှု​အ​ရာ အား​လုံး​ဖြစ်​ပျက်​မည့်​အ​ချိန်​သည်​နီး​ကပ်​လာ ပြီ​ဖြစ်​၍ ဤ​ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို​လျှို့​ဝှက်​၍​မ​ထား နှင့်။-
11 He that is unjust, let him be unjust still: and he who is filthy, let him be filthy still: and he that is righteous, let him be righteous still: and he that is holy, let him be holy still.
၁၁မ​တ​ရား​သော​အ​မှု​ကို​ပြု​သော​သူ​သည်​ပြု​မြဲ ပြု​ပါ​စေ။ ညစ်​ညမ်း​သူ​သည်​ဆက်​လက်​၍​ညစ်​ညမ်း လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သူ​သည်​ဆက်​လက်​၍ ဖြောင့်​မတ်​ပါ​စေ။ မြင့်​မြတ်​သန့်​ရှင်း​သူ​သည်​ဆက် လက်​၍​မြင့်​မြတ်​သန့်​ရှင်း​ပါ​စေ'' ဟု​ငါ့​အား ဆို​၏။
12 And, behold, I come quickly; and my reward is with me, to give to every man according as his work shall be.
၁၂သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ မ​ကြာ​မီ​ငါ ကြွ​လာ​မည်။ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​၏ အ​ကျင့်​အ​လျောက်​ပေး​အပ်​ရန်​ဆု​ကို​ငါ​ယူ လာ​မည်။-
13 I am Alpha and Omega, the beginning and the end, the first and the last.
၁၃ငါ​သည်​ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
14 Blessed are they that do his commandments, that they may have right to the tree of life, and may enter in through the gates into the city.
၁၄မိ​မိ​တို့​အ​ဝတ်​ကို​သန့်​ရှင်း​ဖြူ​စင်​အောင်​လျှော်​ဖွတ် သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ သူ​တို့​သည်​အ​သက်​ပင် ၏​အ​သီး​ကို​စား​သုံး​နိုင်​ခွင့်​နှင့် မြို့​တံ​ခါး​ဖြင့်​မြို့ တော်​တွင်း​သို့​ဝင်​နိုင်​ခွင့်​ကို​ရ​ကြ​လိမ့်​မည်။-
15 For outside are dogs, and sorcerers, and immoral persons, and murderers, and idolaters, and whoever loveth and maketh a lie.
၁၅သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။
16 I Jesus have sent my angel to testify to you these things in the churches. I am the root and the offspring of David, and the bright and morning star.
၁၆``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။
17 And the Spirit and the bride say, Come. And let him that heareth say, Come. And let him that is thirsty come. And whoever will, let him take the water of life freely.
၁၇ဝိ​ညာဉ်​တော်​နှင့်​မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ထို​သို့​ဆို​သည်​ကို​ကြား​သော​သူ​မှန်​သ​မျှ​သည် လည်း ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​ပါ​စေ။ ရေ​ငတ်​သူ​သည်​လာ​ပါ​စေ။ အ​သက်​ရေ​ကို​အ​လို​ရှိ​သူ​သည်​အ​ခ​မဲ့ ယူ​ပါ​စေ။
18 For I testify to every man that heareth the words of the prophecy of this book, If any man shall add to these things, God shall add to him the plagues that are written in this book:
၁၈ဤ​ကျမ်း​စောင်​ပါ​ဗျာ​ဒိတ်​တော်​များ​ကို​ကြား​ရ သူ​အ​ပေါင်း​တို့​အား ငါ​ယော​ဟန်​သည်​ကြပ်​တည်း စွာ​သ​တိ​ပေး​လိုက်​၏။ မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင် တွင် တစ်​စုံ​တစ်​ရာ​ထပ်​လောင်း​၍​ဖြည့်​စွက်​ပါ​က ထို​သူ​အ​ပေါ်​သို့​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း စောင်​၌​ဖော်​ပြ​သော​ဘေး​ဒဏ်​များ​ကို​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
19 And if any man shall take away from the words of the book of this prophecy, God shall take away his part out of the book of life, and out of the holy city, and from the things which are written in this book.
၁၉မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။
20 He who testifieth these things saith, Surely I come quickly. Amen. Even so, come, Lord Jesus.
၂၀ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သက်​သေ​ခံ​တော်​မူ သော​အ​ရှင်​က``မု​ချ​မ​ကြာ​မီ​ငါ​ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ သော။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။
21 The grace of our Lord Jesus Christ be with you all. Amen.
၂၁သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​လူ​တိုင်း ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဋ္ဌမ္မ​သစ်​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း​တည်း ဟူ​သော​ရှင်​ယော​ဟန်​စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ် ကျမ်း​ပြီး​၏။

< Revelation 22 +