< Numbers 33 >

1 These are the journeys of the children of Israel, who went forth from the land of Egypt with their armies under the hand of Moses and Aaron.
မော​ရှေ​နှင့်​အာ​ရုန်​ခေါင်း​ဆောင်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​မှ​အ​နွယ် အ​လိုက်​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။ သူ​တို့​၏ ခ​ရီး​စဉ်​ကို​ဖော်​ပြ​ပေ​အံ့။-
2 And Moses wrote their goings out according to their journeys by the commandment of the LORD: and these are their journeys according to their goings out.
ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် သူ​တို့​ရပ်​နား​ရာ​စ​ခန်း​အ​ဆင့် ဆင့်​တို့​၏​နာ​မည်​များ​ကို​မှတ်​သား​ထား လေ​သည်။
3 And they departed from Rameses in the first month, on the fifteenth day of the first month; on the next day after the passover the children of Israel went out with an high hand in the sight of all the Egyptians.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​ထ​မ​ဦး ဆုံး​ကျင်း​ပ​သော​ပ​သ​ခါ​ပွဲ​တော်​လွန်​ပြီး နောက်​တစ်​နေ့​ဖြစ်​သော​ပ​ထ​မ​လ​တစ်​ဆယ် ငါး​ရက်​နေ့​၌ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့ ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကာ အ​ကွယ်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ရှေ့​မှောက် တွင်​ရာ​မ​သက်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​၏။-
4 For the Egyptians buried all their firstborn, whom the LORD had smitten among them: upon their gods also the LORD executed judgments.
ထို​စဉ်​အ​ခါ​က​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း​ခံ​ရ​သော သား​ဦး​များ​ကို​မြှုပ်​နှံ​လျက်​နေ​ကြ​၏။ ထို သို့​ဒဏ်​ခတ်​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏​ဘု​ရား​များ ထက်​တန်​ခိုး​ကြီး​ကြောင်း​ပြ​တော်​မူ​၏။
5 And the children of Israel departed from Rameses, and encamped in Succoth.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-
6 And they departed from Succoth, and encamped in Etham, which is in the edge of the wilderness.
ထို​မှ​တစ်​ဆင့်​တော​ကန္တာ​ရ​အ​စွန်​ရှိ​ဧ​သံ စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-
7 And they departed from Etham, and turned again to Pihahiroth, which is before Baalzephon: and they encamped before Migdol.
တစ်​ဖန်​သူ​တို့​သည်​ဗာ​လ​ဇေ​ဖုန်​စ​ခန်း အ​ရှေ့​ရှိ​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​သို့​ပြန်​လှည့် ကြ​ပြီး​လျှင် မိ​ဂ​ဒေါ​လ​စ​ခန်း​အ​နီး​၌ ရပ်​နား​ကြ​၏။-
8 And they departed from before Pihahiroth, and passed through the midst of the sea into the wilderness, and went three days’ journey in the wilderness of Etham, and encamped in Marah.
သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။-
9 And they departed from Marah, and came to Elim: and in Elim were twelve fountains of water, and seventy palm trees; and they encamped there.
ထို​စ​ခန်း​မှ​ထွက်​လာ​ပြီး​နောက်​စမ်း​ရေ​တွင်း တစ်​ဆယ့်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ် ရှိ​သော​ဧ​လိမ်​စ​ခန်း​သို့​ရောက်​လာ​ကြ​၏။
10 And they departed from Elim, and encamped by the Red sea.
၁၀တစ်​ဖန်​သူ​တို့​သည်​ဧ​လိမ်​စ​ခန်း​မှ​ထွက် လာ​၍ ဆူး​အက်​ပင်​လယ်​ကွေ့​အ​နီး​တွင် စ​ခန်း​ချ​ကြ​၏။-
11 And they departed from the Red sea, and encamped in the wilderness of Sin.
၁၁ထို​နောက်​သိန်​တော​ကန္တာ​ရ​သို့​ရောက်​လာ ကြ​၏။-
12 And they took their journey out of the wilderness of Sin, and encamped in Dophkah.
၁၂တစ်​ဖန်​ဒေါ​ဖ​ကာ​စ​ခန်း​၌​လည်း​ကောင်း၊-
13 And they departed from Dophkah, and encamped in Alush.
၁၃ထို​မှ​တစ်​ဆင့်​အာ​လု​ရှ​စ​ခန်း​၌​လည်း ကောင်း​ရပ်​နား​ကြ​၏။-
14 And they departed from Alush, and encamped at Rephidim, where was no water for the people to drink.
၁၄တစ်​ဖန်​ခ​ရီး​ဆက်​ကြ​ရာ​လူ​တို့​အ​တွက် သောက်​ရေ​မ​ရှိ​သော​ရေ​ဖိ​ဒိမ်​စ​ခန်း​သို့ ရောက်​ကြ​၏။
15 And they departed from Rephidim, and encamped in the wilderness of Sinai.
၁၅သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။
16 And they departed from the desert of Sinai, and encamped at Kibrothhattaavah.
၁၆
17 And they departed from Kibrothhattaavah, and encamped at Hazeroth.
၁၇
18 And they departed from Hazeroth, and encamped in Rithmah.
၁၈
19 And they departed from Rithmah, and encamped at Rimmonparez.
၁၉
20 And they departed from Rimmonparez, and encamped in Libnah.
၂၀
21 And they departed from Libnah, and encamped at Rissah.
၂၁
22 And they journeyed from Rissah, and encamped in Kehelathah.
၂၂
23 And they went from Kehelathah, and encamped in mount Shapher.
၂၃
24 And they departed from mount Shapher, and encamped in Haradah.
၂၄
25 And they departed from Haradah, and encamped in Makheloth.
၂၅
26 And they departed from Makheloth, and encamped at Tahath.
၂၆
27 And they departed from Tahath, and encamped at Tarah.
၂၇
28 And they departed from Tarah, and encamped in Mithcah.
၂၈
29 And they went from Mithcah, and encamped in Hashmonah.
၂၉
30 And they departed from Hashmonah, and encamped at Moseroth.
၃၀
31 And they departed from Moseroth, and encamped in Benejaakan.
၃၁
32 And they departed from Benejaakan, and encamped at Horhagidgad.
၃၂
33 And they went from Horhagidgad, and encamped in Jotbathah.
၃၃
34 And they departed from Jotbathah, and encamped at Ebronah.
၃၄
35 And they departed from Ebronah, and encamped at Eziongaber.
၃၅
36 And they departed from Eziongaber, and encamped in the wilderness of Zin, which is Kadesh.
၃၆
37 And they departed from Kadesh, and encamped in mount Hor, in the edge of the land of Edom.
၃၇
38 And Aaron the priest went up to mount Hor at the commandment of the LORD, and died there, in the fortieth year after the children of Israel departed from the land of Egypt, in the first day of the fifth month.
၃၈ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။
39 And Aaron was an hundred and twenty and three years old when he died in mount Hor.
၃၉
40 And king Arad the Canaanite, who dwelt in the south in the land of Canaan, heard of the coming of the children of Israel.
၄၀ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။
41 And they departed from mount Hor, and encamped in Zalmonah.
၄၁ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။
42 And they departed from Zalmonah, and encamped in Punon.
၄၂
43 And they departed from Punon, and encamped in Oboth.
၄၃
44 And they departed from Oboth, and encamped in Ijeabarim, in the border of Moab.
၄၄
45 And they departed from Iim, and encamped in Dibongad.
၄၅
46 And they departed from Dibongad, and encamped in Almondiblathaim.
၄၆
47 And they departed from Almondiblathaim, and encamped on the mountains of Abarim, before Nebo.
၄၇
48 And they departed from the mountains of Abarim, and encamped in the plains of Moab by Jordan near Jericho.
၄၈
49 And they encamped by Jordan, from Bethjesimoth even to Abelshittim in the plains of Moab.
၄၉
50 And the LORD spoke to Moses in the plains of Moab by Jordan near Jericho, saying,
၅၀ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-
51 Speak to the children of Israel, and say to them, When ye have passed over Jordan into the land of Canaan;
၅၁မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-
52 Then ye shall drive out all the inhabitants of the land from before you, and destroy all their stone images, and destroy all their molten images, and destroy all their high places:
၅၂ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-
53 And ye shall dispossess the inhabitants of the land, and dwell in it: for I have given you the land to possess it.
၅၃ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-
54 And ye shall divide the land by lot for an inheritance among your families: to the more ye shall give the more inheritance, and to the fewer ye shall give the less inheritance: every man’s inheritance shall be in the place where his lot falleth; according to the tribes of your fathers ye shall inherit.
၅၄ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-
55 But if ye will not drive out the inhabitants of the land from before you; then it shall come to pass, that those whom ye let remain of them shall be pricks in your eyes, and thorns in your sides, and shall trouble you in the land in which ye dwell.
၅၅သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-
56 Moreover it shall come to pass, that I shall do to you, as I thought to do to them.
၅၆သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။

< Numbers 33 >