< Daniel 8 >

1 In the third year of the reign of king Belshazzar a vision appeared to me, even to me Daniel, after that which appeared to me at the first.
ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-
2 And I saw in a vision; and it came to pass, when I saw, that I was at Shushan in the palace, which is in the province of Elam; and I saw in a vision, and I was by the river Ulai.
ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-
3 Then I lifted up my eyes, and saw, and, behold, there stood before the river a ram which had two horns: and the two horns were high; but one was higher than the other, and the higher came up last.
မျှော်​ကြည့်​လိုက်​ရာ​မြစ်​အ​နီး​တွင်​ရပ်​နေ သော​သိုး​ထီး​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သိုး မှာ​ဦး​ချို​ရှည်​ကြီး​နှစ်​ချောင်း​ရှိ​၍​တစ်​ချောင်း မှာ​အ​ခြား​တစ်​ချောင်း​ထက်​ပို​ရှည်​၍​နောက် မှ​ပေါက်​သော​ချို​ဖြစ်​သည်။-
4 I saw the ram pushing westward, and northward, and southward; so that no beasts might stand before him, neither was there any that could deliver out of his hand; but he did according to his will, and became great.
ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။
5 And as I was considering, behold, a male goat came from the west on the face of the whole earth, and touched not the ground: and the goat had a notable horn between his eyes.
ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-
6 And he came to the ram that had two horns, which I had seen standing before the river, and ran to him in the fury of his power.
သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။-
7 And I saw him come close to the ram, and he was moved with anger against him, and smote the ram, and broke his two horns: and there was no power in the ram to stand before him, but he cast him down to the ground, and stamped upon him: and there was none that could deliver the ram out of his hand.
ငါ​သည်​ဆိတ်​က​သိုး​အား​ဝှေ့​သည်​ကို​ကြည့် ၍​နေ​၏။ ဆိတ်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍ သိုး​ကို​တ​အား​ကုန်​ဝှေ့​လိုက်​ရာ​သိုး​၏​ဦး ချို​နှစ်​ချောင်း​ကျိုး​လေ​၏။ သိုး​သည်​ပြန်​လည် ခု​ခံ​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်​မြေ​ပေါ်​သို့​လဲ ကျ​ကာ​ခြေ​နှင့်​အ​နင်း​ခံ​ရ​လေ​သည်။ အ​ဘယ်​သူ​မျှ​သူ့​အား​မ​ကယ်​နိုင်​တော့​ပေ။
8 Therefore the male goat became very great: and when he was strong, the great horn was broken; and in its stead came up four notable ones toward the four winds of heaven.
ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-
9 And out of one of them came forth a little horn, which became exceeding great, toward the south, and toward the east, and toward the pleasant land.
ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-
10 And it grew great, even to the host of heaven; and it cast down some of the host and of the stars to the ground, and stamped upon them.
၁၀ချို​အ​တက်​သည်​ကောင်း​ကင်​ဗိုလ်​ခြေ​တည်း ဟူ​သော​ကြယ်​တာ​ရာ​များ​ကို​တိုက်​ခိုက်​နိုင် သည်​တိုင်​အောင် အင်​အား​ကြီး​မား​လာ​ကာ ထို​ကြယ်​တာ​ရာ​အ​ချို့​တို့​ကို​မြေ​သို့ ချ​၍​နင်း​ချေ​လေ​သည်။-
11 Yea, he magnified himself even to the prince of the host, and by him the daily sacrifice was taken away, and the place of his sanctuary was cast down.
၁၁ကောင်း​ကင်​ဗိုလ်​ခြေ​တို့​၏​အ​ရှင်​ကို​ပင်​အာ ခံ​လျက် ကိုယ်​တော်​အား​ပူ​ဇော်​နေ​ကျ​ဖြစ် သည့်​ယဇ်​များ​ကို​ရပ်​စဲ​စေ​၍​ဗိ​မာန်​တော် ကို​ပျက်​စီး​စေ​၏။-
12 And an host was given him against the daily sacrifice by reason of transgression, and it cast down the truth to the ground; and it continued, and prospered.
၁၂လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။
13 Then I heard one saint speaking, and another saint said to that certain saint who spoke, How long shall be the vision concerning the daily sacrifice, and the transgression of desolation, to give both the sanctuary and the host to be trodden under foot?
၁၃ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။
14 And he said to me, Until two thousand and three hundred days; then shall the sanctuary be cleansed.
၁၄ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ် ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။
15 And it came to pass, when I, even I Daniel, had seen the vision, and sought for the meaning, then, behold, there stood before me one having the appearance of a man.
၁၅ငါ​ဒံ​ယေ​လ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် ကို​သိ​ရှိ​နိုင်​ရန်​ကြိုး​စား​လျက်​နေ​စဉ် လူ့ သဏ္ဌာန်​ကို​ဆောင်​သူ​တစ်​ဦး​သည်​ငါ​၏​ရှေ့ တွင်​ရပ်​၍​နေ​သည်​ကို​မြင်​ရ​၏။-
16 And I heard a man’s voice between the banks of Ulai, which called, and said, Gabriel, make this man to understand the vision.
၁၆ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-
17 So he came near where I stood: and when he came, I was afraid, and fell upon my face: but he said to me, Understand, O son of man: for at the time of the end shall be the vision.
၁၇ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-
18 Now as he was speaking with me, I was in a deep sleep on my face toward the ground: but he touched me, and set me upright.
၁၈သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-
19 And he said, Behold, I will make thee know what shall be in the last end of the indignation: for at the time appointed the end shall be.
၁၉``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။
20 The ram which thou sawest having two horns are the kings of Media and Persia.
၂၀``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။-
21 And the rough goat is the king of Greece: and the great horn that is between his eyes is the first king.
၂၁ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-
22 Now that being broken, though four stood up in its place, four kingdoms shall stand up out of the nation, but not in his power.
၂၂ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။
23 And in the latter time of their kingdom, when the transgressors are come to the full, a king of fierce countenance, and understanding dark sentences, shall stand up.
၂၃``ထို​နိုင်​ငံ​များ​သည်​ပျက်​သုဉ်း​ချိန်​နီး​၍ အ​ပြစ်​ဒဏ်​သင့်​လောက်​အောင်​ယုတ်​မာ​လာ သော​အ​ခါ​ခေါင်း​မာ​ဆိုး​ညစ်၊ ကောက်​ကျစ် လိမ်​လည်​တတ်​သော​ဘု​ရင်​တစ်​ပါး​ပေါ် ပေါက်​လာ​လိမ့်​မည်။-
24 And his power shall be mighty, but not by his own power: and he shall destroy wonderfully, and shall prosper, and continue, and shall destroy the mighty and the holy people.
၂၄သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။-
25 And through his policy also he shall cause deceit to prosper in his hand; and he shall magnify himself in his heart, and by peace shall destroy many: he shall also stand up against the Prince of princes; but he shall be broken without hand.
၂၅သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
26 And the vision of the evening and the morning which was told is true: therefore shut thou up the vision; for it shall be for many days.
၂၆ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။
27 And I Daniel fainted, and was sick certain days; afterward I rose, and did the king’s business; and I was astonished at the vision, but none understood it.
၂၇ငါ​ဒံ​ယေ​လ​သည်​ရက်​ပေါင်း​များ​စွာ​စိတ် ညှိုး​ငယ်​လျက် မ​ကျန်း​မ​မာ​ဖြစ်​၍​နေ​၏။ ထို နောက်​ငါ​သည်​ထ​၍​ဘု​ရင်​ပေး​အပ်​ထား​သည့် အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​၏။ သို့​ရာ​တွင် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့်​စိတ်​ရှုပ်​ထွေး​လျက် နေ​သ​ဖြင့် ငါ​သည်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​နား​မ​လည်​နိုင်​ပါ။

< Daniel 8 >