< 1 Samuel 6 >
1 And the ark of the LORD was in the country of the Philistines seven months.
၁ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
2 And the Philistines called for the priests and the diviners, saying, What shall we do to the ark of the LORD? tell us how we shall send it to its place.
၂ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
3 And they said, If ye send away the ark of the God of Israel, send it not empty; but by all means return him a trespass offering: then ye shall be healed, and it shall be known to you why his hand is not removed from you.
၃သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
4 Then said they, What shall be the trespass offering which we shall return to him? They answered, Five golden haemorrhoids, and five golden mice, according to the number of the lords of the Philistines: for one plague was on you all, and on your lords.
၄အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
5 Therefore ye shall make images of your haemorrhoids, and images of your mice that mar the land; and ye shall give glory to the God of Israel: perhaps he will lighten his hand from off you, and from off your gods, and from off your land.
၅ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
6 Why then do ye harden your hearts, as the Egyptians and Pharaoh hardened their hearts? when he had wrought wonderfully among them, did they not let the people go, and they departed?
၆သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
7 Now therefore make a new cart, and take two milk cows, on which there hath come no yoke, and tie the cows to the cart, and bring their calves home from them:
၇ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
8 And take the ark of the LORD, and lay it upon the cart; and put the jewels of gold, which ye return to him for a trespass offering, in a box by its side; and send it away, that it may go.
၈ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
9 And see, if it goeth up by the way of its own land to Bethshemesh, then he hath done us this great evil: but if not, then we shall know that it is not his hand that smote us: it was a chance that happened to us.
၉သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
10 And the men did so; and took two milk cows, and tied them to the cart, and shut up their calves at home:
၁၀လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
11 And they laid the ark of the LORD upon the cart, and the box with the mice of gold and the images of their haemorrhoids.
၁၁ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
12 And the cows took the straight way to the way of Bethshemesh, and went along the highway, lowing as they went, and turned not aside to the right hand or to the left; and the lords of the Philistines went after them to the border of Bethshemesh.
၁၂နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
13 And they of Bethshemesh were reaping their wheat harvest in the valley: and they lifted up their eyes, and saw the ark, and rejoiced to see it.
၁၃ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
14 And the cart came into the field of Joshua, a Bethshemite, and stood there, where there was a great stone: and they cut up the wood of the cart, and offered the cows as a burnt offering to the LORD.
၁၄လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
15 And the Levites took down the ark of the LORD, and the box that was with it, in which were the jewels of gold, and put them on the great stone: and the men of Bethshemesh offered burnt offerings and sacrificed sacrifices the same day to the LORD.
၁၅ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
16 And when the five lords of the Philistines had seen it, they returned to Ekron the same day.
၁၆ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
17 And these are the golden haemorrhoids which the Philistines returned for a trespass offering to the LORD; for Ashdod one, for Gaza one, for Askelon one, for Gath one, for Ekron one;
၁၇ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
18 And the golden mice, according to the number of all the cities of the Philistines belonging to the five lords, both of fortified cities, and of country villages, even to the great stone of Abel, on which they set down the ark of the LORD: which stone remaineth to this day in the field of Joshua, the Bethshemite.
၁၈ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
19 And he smote the men of Bethshemesh, because they had looked into the ark of the LORD, even he smote of the people fifty thousand and seventy men: and the people lamented, because the LORD had smitten many of the people with a great slaughter.
၁၉ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
20 And the men of Bethshemesh said, Who is able to stand before this holy LORD God? and to whom shall he go up from us?
၂၀ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
21 And they sent messengers to the inhabitants of Kirjathjearim, saying, The Philistines have brought again the ark of the LORD; come ye down, and bring it up to you.
၂၁ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။