< Psalms 99 >
1 Yahweh reigns; let the nations tremble. He sits enthroned above the cherubim; the earth quakes.
၁ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။
2 Yahweh is great in Zion; he is exalted above all the nations.
၂ထာဝရဘုရား သည် ဇိအုန် တောင်မှာ ကြီးမြတ် တော်မူ၏။ လူများ အပေါင်း တို့ထက် ချီးမြှောက် ခြင်း ရှိတော်မူ၏။
3 Let them praise your great and awesome name; he is holy.
၃ကြီးမြတ် ၍ ကြောက်ရွံ့ ဘွယ်သော နာမ တော်ကို ချီးမွမ်း ကြစေ။ အကြောင်းမူကား၊ နာမ တော်သည် သန့်ရှင်း ခြင်း ရှိသတည်း။
4 The king is strong, and he loves justice. You have established fairness; you have done righteousness and justice in Jacob.
၄တရား ကို နှစ်သက် သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန် သော စီရင်ခြင်း ကို တည် စေတော်မူ၏။ ယာကုပ် အမျိုး၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
5 Praise Yahweh our God and worship at his footstool. He is holy.
၅ငါ့ တို့ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ ခြေတော် တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော် သည် သန့်ရှင်း တော်မူသတည်း။
6 Moses and Aaron were among his priests, and Samuel was among those who called on his name. They called to Yahweh, and he answered them.
၆ယဇ်ပုရောဟိတ် မောရှေ နှင့် အာရုန် ၊ နာမ တော်ကို ပဌနာ ပြုသောသူ ရှမွေလ ၊ ဤသူ တို့သည် ထာဝရဘုရား ကို ပဌနာ ပြု၍ ၊ ကိုယ်တော် သည် ထူး တော်မူ၏။
7 He spoke to them from the pillar of cloud. They kept his solemn commands and the statutes that he gave them.
၇သူ တို့အား မိုဃ်းတိမ် တိုင် ထဲ က မိန့် တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံ တော်မူချက်များကို၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက် ကြ၏။
8 You answered them, Yahweh our God. A forgiving God you were to them, but one who punished their sinful deeds.
၈အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ထူး တော်မူ၏။ သူ တို့အမှု ကြောင့် အပြစ် ပေးသော်လည်း ၊ သူ တို့ကို သည်းခံ သော ဘုရား ဖြစ် တော်မူ၏။
9 Praise Yahweh our God, and worship at his holy hill, for Yahweh our God is holy.
၉ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ သန့်ရှင်း သော တောင် တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်း မူကား၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သန့်ရှင်း တော်မူသတည်း။