< Psalms 82 >
1 A psalm of Asaph. God stands in the divine assembly; in the midst of the gods he renders judgment.
၁ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
2 How long will you judge unjustly and show favoritism to the wicked? (Selah)
၂သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
3 Defend the poor and fatherless; maintain the rights of the afflicted and destitute.
၃ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
4 Rescue the poor and needy; take them out of the hand of the wicked.
၄ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ၏လက်မှ ကယ်နှုတ်ကြလော့။
5 They neither know nor understand; they wander around in the darkness; all the foundations of the earth crumble.
၅သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
6 I said, “You are gods, and all of you sons of the Most High.
၆သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
7 Nevertheless you will die like men and fall like one of the princes.”
၇သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။
8 Arise, God, judge the earth, for you have an inheritance in all the nations.
၈အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင် တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ၏။