< Numbers 28 >
1 Yahweh spoke to Moses and said,
၁တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊
2 “Command the people of Israel and say to them, 'You must offer sacrifices to me at the appointed times, the food of my offerings made by fire to produce a sweet aroma for me.'
၂ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။
3 You must also say to them, 'This is the offering made by fire that you must offer to Yahweh—male lambs a year old without blemish, two each day, as a regular burnt offering.
၃တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။
4 One lamb you must offer in the morning, and the other lamb you must offer in the evening.
၄နံနက်ယံ၌ သိုးသငယ်တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
5 You must offer a tenth of an ephah of fine flour as a grain offering, mixed with one-fourth of a hin of beaten oil.
၅သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။
6 This is the regular burnt offering that was commanded at Mount Sinai to produce a sweet aroma, an offering made by fire to Yahweh.
၆ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း။
7 The drink offering with it must be one-fourth of a hin for one of the lambs. You must pour out in the holy place a drink offering of strong drink to Yahweh.
၇သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။
8 The other lamb you must offer in the evening along with another grain offering like the one offered in the morning. You must also offer another drink offering with it, an offering made by fire, to produce a sweet aroma for Yahweh.
၈အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော် သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည်။
9 On the Sabbath day you must offer two male lambs, each a year old without blemish, and two-tenths of an ephah of fine flour as a grain offering, mixed with oil, and the drink offering with it.
၉နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။
10 This is to be the burnt offering for every Sabbath, in addition to the regular burnt offering and the drink offering with it.
၁၀
11 At the beginning of each month, you must offer a burnt offering to Yahweh. You must offer two young bulls, one ram, and seven male lambs a year old without blemish.
၁၁လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
12 You must also offer three-tenths of an ephah of fine flour as a grain offering mixed with oil for each bull, and two-tenths of fine flour as a grain offering mixed with oil for the one ram.
၁၂နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ၊
13 You must also offer a tenth of an ephah of fine flour mixed with oil as a grain offering for each lamb. This is to be the burnt offering, to produce a sweet aroma, an offering made by fire to Yahweh.
၁၃သိုးသငယ်တကောင်အဘို့၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာ ယဇ်ကို ပြုရမည်။
14 The people's drink offerings must be half a hin of wine for a bull, a third of a hin for a ram, and one-fourth of a hin for a lamb. This is to be the burnt offering for every month throughout the months of the year.
၁၄သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင် နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည်။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည်။
15 One male goat as a sin offering to Yahweh must be offered. This will be in addition to the regular burnt offering and the drink offering with it.
၁၅နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည်။
16 During the first month, on the fourteenth day of the month, comes Yahweh's Passover.
၁၆ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
17 On the fifteenth day of this month a feast is to be held. For seven days, bread without yeast must be eaten.
၁၇၎င်းလ တဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။
18 On the first day, there must be a holy assembly to honor Yahweh. You must not do regular work on that day.
၁၈ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
19 However, you must offer a sacrifice made by fire, a burnt offering to Yahweh. You must offer two young bulls, one ram, and seven male lambs a year old, without blemish.
၁၉ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
20 Along with the bull, you must offer a grain offering of three-tenths of an ephah of fine flour mixed with oil, and along with the ram, two-tenths.
၂၀နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
21 With each of the seven lambs, you must offer a tenth of an ephah of fine flour mixed with oil,
၂၁သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
22 and one male goat as a sin offering to make atonement for yourselves.
၂၂အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။
23 You must offer these in addition to the regular burnt offering required each morning.
၂၃နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။
24 As described here, you must offer these sacrifices daily, for the seven days of the Passover, the food of the offering made by fire, a sweet aroma for Yahweh. It must be offered in addition to the regular burnt offering and the drink offering with it.
၂၄ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။
25 On the seventh day you must have a holy assembly to honor Yahweh, and you must not do regular work on that day.
၂၅သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည်။ လောကီအလုပ်ကို မလုပ်ရ။
26 Also on the day of the firstfruits, when you offer a new grain offering to Yahweh in your Festival of Weeks, you must have a holy assembly to honor Yahweh, and you must not do regular work on that day.
၂၆ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီး နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
27 You must offer a burnt offering to produce a sweet aroma for Yahweh. You must offer two young bulls, one ram, and seven male lambs a year old.
၂၇ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။
28 Offer also grain offering to go with them: Fine flour mixed with oil, three-tenths of an ephah of fine flour mixed with oil for each bull and two-tenths for the one ram.
၂၈နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
29 Offer a tenth of an ephah of fine flour mixed with oil for each of the seven lambs,
၂၉သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
30 and one male goat to make atonement for yourselves.
၃၀အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည်။
31 When you offer those animals without blemish, along with their drink offerings, this must be in addition to the regular burnt offering and the grain offering with it.'”
၃၁ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။