< Leviticus 21 >

1 Yahweh said to Moses: “Speak to the priests, the sons of Aaron, and say to them, 'No one among you shall make himself unclean for those who die among his people,
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် အာရုန် ၏သား ၊ ယဇ်ပုရောဟိတ် တို့အား ဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှညစ်ညူး ခြင်းမ ရှိရ။
2 except for his closest relatives—his mother, his father, his son, his daughter, his brother,
သို့ရာတွင်ပေါက်ဘော် ရင်းတည်းဟူသောမိဘ ၊ သား သမီး ၊ ညီအစ်ကို၊
3 or his virgin sister who is dependent on him, since she has no husband—for her he may make himself unclean.
လင် မနေသောကညာနှမ ရင်းအတွက် ညစ်ညူး ခြင်းကို ခံရသောအခွင့်ရှိ ၏။
4 But he must not make himself unclean for other relatives and so defile himself.
အမျိုးသား ချင်း သူကြီး အတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူး ခြင်းမ ရှိရ။
5 Priests must not shave their heads or shave off the corners of their beards, nor cut their bodies.
ယဇ်ပုရောဟိတ်သည် ဆံပင်ကို မ ရိတ် ရ။ ပါးမုန်း ကို မ ရိတ် ရ။ အသား ၌ ခုတ်ရှ ခြင်းကို မ ပြုရ။
6 They must be holy to their God and not disgrace the name of their God, because the priests offer Yahweh's food offerings, the bread of their God. Therefore the priests must be holy.
သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
7 They must not marry any woman who is a prostitute and who is defiled, and they must not marry a woman divorced from her husband, for they are separate for their God.
သူသည် ပြည်တန်ဆာ မိန်းမ ၊ သီလပျက်သောမိန်းမ၊ လင် နှင့် ကွာ သောမိန်းမ နှင့် မ စုံဘက် ရ။ မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ၏။
8 You will set him apart, for he is the one who offers bread to your God. He must be holy to you, because I, Yahweh who makes you holy, am holy.
သင် ၏ ဘုရား သခင်ပွဲတော် ကို ဆက် သောကြောင့် ၊ သူ့ ကို သန့်ရှင်း စေ၍ ၊ သူသည် သင့် အဘို့ သန့်ရှင်း ရမည်။ သင် တို့ကို သန့်ရှင်း စေသော ငါ ထာဝရဘုရား သန့်ရှင်း ၏။
9 Any daughter of any priest who defiles herself by becoming a prostitute disgraces her father. She must be burned.
ယဇ်ပုရောဟိတ် သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချ လျှင် ၊ မိမိ အဘ ကို ရှုတ်ချ ရာ ရောက်၏။ ထိုသူကို မီး ရှို့ ရမည်။
10 The one who is the high priest among his brothers, on whose head the anointing oil has been poured, and who has been consecrated to wear the special garments of the high priest, must not wear his hair loose or tear his clothes.
၁၀မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။
11 He must not go anywhere that a dead body is present and defile himself, even for his father or his mother.
၁၁အသေ ကောင်ကို မ ချဉ်း ရ။ မိဘ အတွက် ညစ်ညူး ခြင်းကို မ ခံရ။
12 The high priest must not leave the sanctuary area of the tabernacle or profane the sanctuary of his God, because he has been consecrated as high priest by the anointing oil of his God. I am Yahweh.
၁၂သန့်ရှင်း ရာဌာနတော်ထဲက မ ထွက် ရ။ မိမိ ဘုရား သခင်၏ သန့်ရှင်း ရာဌာနတော်ကို မ ရှုတ် မချရ။ အကြောင်း မူကား၊ မိမိ ဘုရား သခင်၏ ဘိသိက် ဆီ နှင့်ဆိုင်သော သင်းကျစ် ကို ဆောင်းရသောသူဖြစ် ၏။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13 The high priest must marry a virgin as his wife.
၁၃ယဇ် ပုရောဟိတ်မင်းသည်၊ အပျို ကညာနှင့် သာစုံဘက် ရမည်။
14 He must not marry a widow, a divorced woman, or a woman who is a prostitute. He will not marry these kinds of women. He may only marry a virgin from his own people,
၁၄မုတ်ဆိုးမ ၊ လင်နှင့်ကွာ သောမိန်းမ၊ သီလ ပျက်သောမိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မ စုံဘက် ရ။ မိမိ အမျိုးသား ချင်း အပျို ကညာနှင့် သာ စုံဘက် ရမည်။
15 so he will not defile his children among his people, for I am Yahweh, who makes him holy.'”
၁၅မိမိ သား ကို၊ အမျိုးသား ချင်းတို့တွင် မ ရှုတ် မချရ။ ငါ ထာဝရဘုရား သည်၊ ယဇ် ပုရောဟိတ်မင်းကို သန့်ရှင်း စေသည်ဟု မိန့် တော်မူ၏။
16 Yahweh spoke to Moses, saying,
၁၆တဖန် မောရှေ အား ထာဝရဘုရား က၊
17 “Speak to Aaron and tell him, 'Whoever of your descendants throughout their generations has a bodily defect, he must not approach to offer the food to his God.
၁၇သင်သည် အာရုန် အား ဆင့်ဆို ရမည်မှာ၊ သင် ၏ အမျိုး အစဉ် အဆက်တွင် ကိုယ် ၌ အပြစ် ရှိ သော သူသည်၊ မိမိ ဘုရား သခင်၏ ပွဲတော် ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
18 Any man who has a bodily defect must not approach Yahweh, such as a blind man or a man who is unable to walk, one who is disfigured or deformed,
၁၈မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊
19 a man with a crippled hand or foot,
၁၉လက် ကျိုး သောသူ၊ ခြေ ကျိုး သောသူ၊
20 a man who has a hump in his back or is abnormally thin or short, or a man with a defect in his eyes, or with a disease, sore, scabs, or whose testicles have been crushed.
၂၀ကျော ကုန်းသောသူ၊ ပု သောသူ၊ မျက်စိ နာ သောသူ၊ ဝဲ စွဲသောသူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက် သောသူသည် မ ချဉ်း မကပ်ရ။
21 No man among the descendants of Aaron the priest with a bodily defect may come near to perform the offerings made by fire for Yahweh. Such a man has a bodily defect; he must not come near to offer the bread of his God.
၂၁ယဇ်ပုရောဟိတ် အာရုန် အမျိုး တွင် ၊ ကိုယ် ၌ အပြစ် ပါသော သူ တစုံ တယောက်မျှ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။ ကိုယ် ၌ အပြစ် ပါသောကြောင့်၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
22 He may eat the food of his God, whether some of the most holy or some of the holy.
၂၂သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။
23 However, he must not enter inside the curtain or come near the altar, because he has a bodily defect, so that he does not defile my holy place, for I am Yahweh, who makes them holy.'”
၂၃ကိုယ် ၌ အပြစ် ပါသောကြောင့် ၊ ငါ့ သန့်ရှင်း ရာ ဌာနအရပ်တို့ကို ရှုတ်ချ မည်ကို စိုးရိမ်၍ ၊ ကုလားကာ အတွင်း သို့ မ ဝင် ရ။ ယဇ် ပလ္လင်သို့ မ ချဉ်း မကပ်ရ။ ငါ ထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်း စေ သည်ဟု မိန့် တော်မူ၏။
24 So Moses spoke these words to Aaron, to his sons, and to all the people of Israel.
၂၄မောရှေ သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို လေ၏။

< Leviticus 21 >