< Judges 19 >
1 In those days, when there was no king in Israel, there was a man, a Levite, living for a while in the most remote area of the hill country of Ephraim. He took for himself a woman, a concubine from Bethlehem in Judah.
၁ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
2 But his concubine was unfaithful to him; she left him and went back to her father's house in Bethlehem of Judah. She stayed there for four months.
၂သို့ရာတွင်ထိုသူငယ်မသည်ခင်ပွန်းနှင့် စိတ်ဆိုးသဖြင့် ဗက်လင်မြို့ရှိသူ့ဖခင်၏ အိမ်သို့ပြန်ပြီးလျှင်ထိုအိမ်တွင်လေးလ မျှနေလေသည်။-
3 Then her husband got up and went after her in order to persuade her to come back. His servant was with him, and a pair of donkeys. She brought him into her father's house. When the girl's father saw him, he was glad.
၃ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-
4 His father-in-law, the girl's father, persuaded him to stay for three days. They ate and drank, and they spent the night there.
၄သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-
5 On the fourth day they got up early and he prepared to go, but the girl's father said to his son-in-law, “Strengthen yourself with a bit of bread, then you may go.”
၅စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
6 So the two of them sat down to eat and drink together. Then the girl's father said, “Please be willing to spend the night and have a good time.”
၆သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
7 When the Levite got up to leave, the father of the young woman urged him to stay, so he changed his plan and spent the night there again.
၇လေဝိအမျိုးသားသည်ထ၍ခရီးသွားရန် ပြင်ဆင်သော်လည်း ယောက္ခမဖြစ်သူကဆက် လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ထိုညတွင် လည်းထိုအိမ်၌အိပ်လေသည်။-
8 On the fifth day he woke up early to leave, but the girl's father said, “Strengthen yourself, and wait until the afternoon.” So the two of them had a meal.
၈ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။
9 When the Levite and his concubine and his servant rose up to depart, his father-in-law, the girl's father said to him, “See, now the day is advancing toward evening. Please stay another night, and have a good time. You can get up early tomorrow and go back home.”
၉သူသည်မိမိ၏မယားငယ်နှင့်အစေခံကို ခေါ်၍ ထွက်ခွာမည်ပြုသောအခါယောက္ခမ က``ကြည့်ပါညနေချမ်းအချိန်သို့ရောက် လေပြီ။ မကြာမီပင်မှောင်လာတော့အံ့။ ဤ အရပ်၌ပင်တစ်ညအိပ်၍ပျော်မွေ့စွာနေ ပါလော့။ နက်ဖြန်နံနက်စောစောထ၍ပြန် ပါလော့'' ဟုဆိုလေသည်။
10 But the Levite was not willing to spend the night. He got up and left. He went toward Jebus (that is Jerusalem). He had a pair of saddled donkeys—and his concubine was with him.
၁၀သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
11 When they were near Jebus, the day was nearly over, and the servant said to his master, “Come, let us turn aside to the city of the Jebusites and spend the night in it.”
၁၁
12 His master said to him, “We will not turn aside into a city of foreigners who do not belong to the people of Israel. We will go on to Gibeah.”
၁၂သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-
13 The Levite said to his young man, “Come, let us go to one of those other places, and spend the night in Gibeah or Ramah.”
၁၃
14 So they went on, and the sun set as they came near to Gibeah, in the territory of Benjamin.
၁၄သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-
15 They turned aside there to spend the night in Gibeah. They went and sat down in the city square, but no one took them into his house for the night.
၁၅ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
16 But then an old man was coming from his work in the field that evening. He was from the hill country of Ephraim, and he was staying for a while in Gibeah. But the men living in that place were Benjamites.
၁၆ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-)
17 He raised his eyes and saw the traveler in the city square. The old man said, “Where are you going? Where are you coming from?”
၁၇အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။
18 The Levite said to him, “We are on our way from Bethlehem in Judah to the most remote part of the hill country of Ephraim, which is where I come from. I went to Bethlehem in Judah, and I am going to the house of Yahweh, but there is no one who will take me into his house.
၁၈လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။-
19 We have straw and feed for our donkeys, and there is bread and wine for me and your female servant here, and for this young man with your servants. We lack nothing.”
၁၉ကျွန်ုပ်တို့တွင်မိမိတို့မြည်းများအတွက် ကောက်ရိုး၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏မယားနှင့် အစေခံအတွက် အစားအစာနှင့်စပျစ် ရည်ရှိပါ၏။ အကျွန်ုပ်တို့မှာတစ်စုံတစ်ခု မျှမလိုပါ'' ဟုပြန်ပြောလေသည်။
20 The old man greeted them, “Peace be with you! I will take care of all your needs. Only do not spend the night in the square.”
၂၀အဖိုးအိုက``သင်သည်ငါ၏အိမ်တွင်တည်း ခိုနိုင်ပါသည်။ သင့်အားငါကြည့်ရှုပြုစု အံ့။ ဤည၌ကွက်လပ်တွင်သင်တို့အိပ် စက်ရန်မလိုပါ'' ဟုဆို၏။-
21 So the man brought the Levite into his house and gave feed to the donkeys. They washed their feet and ate and drank.
၂၁သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။
22 While they were making their hearts glad, some men of the city, worthless men, surrounded the house, beating on the door. They spoke to the old man, the master of the house, saying, “Bring out the man who came into your house, so we can have sex with him.”
၂၂ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။
23 The man, the master of the house, went out to them and said to them, “No, my brothers, please do not do this evil thing! Since this man is a guest in my house, do not do this wicked thing!
၂၃သို့ရာတွင်အဖိုးအိုသည်အိမ်ပြင်သို့ထွက် ၍``မိတ်ဆွေတို့၊ ကျေးဇူးပြု၍ဤသို့ဆိုးညစ် ဟော့ရမ်းသည့်အမှုကိုမပြုကြပါနှင့်။ ဤ သူသည်ငါ၏ဧည့်သည်ဖြစ်ပါသည်။-
24 See, my virgin daughter and his concubine are here. Let me bring them out now. Violate them and do with them whatever you like. But do not do such a wicked thing to this man!”
၂၄ဤမှာသူ၏မယားငယ်နှင့်ငါ့ကိုယ်ပိုင်သမီး အပျိုစင်ရှိပါ၏။ သူတို့အားယခုငါထုတ် ပေးပါမည်။ သင်တို့အလိုရှိသလိုပြုကျင့် ကြပါ။ သို့ရာတွင်ငါ၏ဧည့်သည်ကိုမူဤ မျှဆိုးသွမ်းသည့်အမှုကိုမပြုကြပါနှင့်'' ဟုတောင်းပန်၏။-
25 But the men would not listen to him, so the man seized his concubine and brought her out to them. They raped her and abused her all throughout the night, and at dawn they let her go.
၂၅သို့ရာတွင်ထိုသူတို့သည်သူ၏စကားကို နားမထောင်သောကြောင့် လေဝိအမျိုးသား သည်မိမိ၏မယားငယ်ကိုထုတ်၍ သူတို့ အားအပ်လိုက်သဖြင့်သူတို့သည်ထိုအမျိုး သမီးအား တစ်ညလုံးရက်စက်ကြမ်းကြုတ် စွာပြုပြီးနောက်မိုးသောက်မှလွှတ်လိုက် ကြ၏။
26 At dawn the woman came and she fell down at the door of the man's house where her master was, and she lay there until it was light.
၂၆အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။-
27 Her master rose up in the morning and opened the doors of the house and went out to go on his way. He could see his concubine lying there at the door, with her hands on the threshold.
၂၇ထိုနေ့နံနက်၌သူ၏ခင်ပွန်းသည်ခရီးပြုရန် ထ၍တံခါးကိုဖွင့်လိုက်သောအခါ မိမိ၏ မယားငယ်သည်တံခါးခုံကိုလက်တင်၍အိမ် ရှေ့တွင်လဲလျက်နေသည်ကိုတွေ့ရှိရလေသည်။-
28 The Levite said to her, “Get up. Let us go.” But there was no answer. He put her on the donkey, and the man set out for home.
၂၈သူက``ထလော့၊ ငါတို့သွားကြစို့'' ဟုဆိုသော် လည်းမည်သည့်အဖြေကိုမျှမရချေ။ သို့ ဖြစ်၍သူသည်သူငယ်မ၏ရုပ်အလောင်း ကိုမြည်းပေါ်တွင်တင်၍အိမ်သို့ပြန်လေ၏။-
29 When the Levite came to his house, he took a knife, and he took hold of his concubine, and cut her up, limb by limb, into twelve pieces, and sent the pieces everywhere throughout Israel.
၂၉အိမ်သို့ရောက်သောအခါအိမ်ထဲသို့ဝင်ပြီး လျှင်ဋ္ဌားတစ်လက်ကိုယူ၍ မယားငယ်၏ ရုပ်အလောင်းကိုတစ်ဆယ့်နှစ်ပိုင်းဖြတ်၏။ ထို နောက်ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ထံ သို့တစ်ပိုင်းစီပေးပို့လိုက်လေသည်။-
30 All who saw this said, “Such a thing has never been done or seen from the day the people of Israel came up out of the land of Egypt to this present day. Think about it! Give us advice! Tell us what to do!”
၃၀ထိုအခြင်းအရာကိုတွေ့မြင်ရသူမှန်သမျှ တို့က``ဤအမှုမျိုးကိုငါတို့အဘယ်အခါ ၌မျှမတွေ့မမြင်ခဲ့ဘူးပါ။ အီဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ထွက်ခွာလာချိန် မှစ၍ ယနေ့တိုင်အောင်ဤသို့မဖြစ်မပျက် ခဲ့ဘူးပါ။ ထို့ကြောင့်ငါတို့သည်ဤအမှုနှင့် ပတ်သက်၍တစ်ခုခုပြုကြရမည်။ အဘယ် သို့ပြုကြရပါမည်နည်း'' ဟုဆိုကြ၏။