< Job 36 >
1 Elihu continued on and said,
၁တဖန် ဧလိဟု ဆက် ၍မြွက်ဆို သည်ကား၊
2 “Permit me to speak a little longer, and I will show you some things because I have a little more to say in defense of God.
၂ငါ့ ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြ ဦးမည်။ ဘုရား သခင့်အဘို့ ပြော စရာရှိသေး၏။
3 I will obtain my knowledge from far off; I will acknowledge that righteousness belongs to my Maker.
၃ငါသည်ဝေး သော အရပ်က ကိုယ် ပညာ ကို ဆောင် ခဲ့မည်။ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသခင် သည်ဖြောင့်မတ် တော်မူကြောင်းကို ငါပြ မည်။
4 For indeed, my words will not be false; someone who is mature in knowledge is with you.
၄အကယ် စင်စစ်မ မှန်သောစကား ကို ငါမ ပြော။ ပညာ အတတ် စုံလင် သောသူသည် သင် ၌ ရှိ၏။
5 See, God is mighty, and despises no one; he is mighty in strength of understanding.
၅ဘုရား သခင်သည် တန်ခိုး ကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင် ပြုတော်မ မူတတ်။ အစွမ်း သတ္တိ၊ ဉာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏။
6 He does not preserve the life of wicked people but instead does what is right for those who suffer.
၆မ တရားသောသူတို့၏ အသက် ကို စောင့်တော်မ မူ။ ဆင်းရဲ ခံရသောသူတို့ဘက်၌ တရား စီရင်တော်မူ၏။
7 He does not withdraw his eyes from righteous people but instead sets them on thrones like kings forever, and they are lifted up.
၇ဖြောင့်မတ် သောသူတို့ကို ပမာဏ မပြုဘဲ နေ တော်မ မူ။ ရှင်ဘုရင် နှင့်အတူ ရာဇ ပလ္လင်ပေါ် မှာ ထာဝရ နေရာ ချ၍ ချီးမြှောက် တော်မူ၏။
8 If they are bound in chains and trapped in cords of suffering,
၈သူတို့သည်အကျဉ်း နေ၍ ဒုက္ခ ကြိုး နှင့် ချည်နှောင် ခြင်းကိုခံရလျှင်၊
9 then he reveals to them what they have done, and their transgressions and their pride.
၉သူ တို့ပြုမိသောအမှု နှင့် ပြစ်မှားလွန်ကျူးမိသော အပြစ် များတို့ကို ပြ တော်မူ၏။
10 He also opens their ears to his instruction, and commands them to turn back from iniquity.
၁၀ဆုံးမ သောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက် ကိုစွန့် စေမည်အကြောင်း ပညတ် တော်မူ၏။
11 If they listen to him and worship him, they will spend their days in prosperity, their years in contentment.
၁၁စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက် လျှင် ၊ စည်းစိမ် ချမ်းသာနှင့် ပျော်မွေ့ လျက်၊ နှစ် လနေ့ ရက်ကာလကို လွန် စေတတ်ကြ၏။
12 However, if they do not listen, they will perish by the sword; they will die because they have no knowledge.
၁၂နား မ ထောင်လျှင် ထား ဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မ ရှိဘဲ သေ တတ်ကြ၏။
13 Those who are godless in heart store up their anger; they do not cry out for help even when God ties them up.
၁၃အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။
14 They die in their youth; their lives end among the cultic prostitutes.
၁၄အသက် ငယ် စဉ် ကပင်သေ ၍ ၊ ဆိုးညစ် သောသူတို့ နှင့်အတူ ဆုံးတတ်ကြ၏။
15 God rescues afflicted people by means of their afflictions; he opens their ears by means of their oppression.
၁၅အမှု ရောက်သောဆင်းရဲသား တို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲ ခြင်းကိုခံရသောအခါ ၊ နားထောင် စေ ခြင်းငှါပြုတော်မူ၏။
16 Indeed, he would like to draw you out of distress into a broad place where there is no hardship and where your table would be set with food full of fatness.
၁၆ထိုသို့သင့် ကိုလည်း ကျဉ်းမြောင်း သောအရပ် မှ ကျယ်ဝန်း ရှင်းလင်း သောအရပ်သို့ပြောင်း စေ၍၊ သင် ၏ စားပွဲ ပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံ သော ခဲဘွယ် စားဘွယ်ကို တင် ထားတော်မူလိမ့်မည်။
17 But you are full of judgment on wicked people; judgment and justice have laid hold of you.
၁၇သို့မဟုတ်မ တရားသော သူကဲ့သို့အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
18 Do not let your anger entice you to mockery, or the greatness of a ransom to turn you aside.
၁၈အမျက် တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်းကိုယ်ကို မရွေးမနှုတ်နိုင်။
19 Can your wealth benefit you, so that you will not be in distress, or can all the force of your strength help you?
၁၉သင် ၏ဥစ္စာ ကို ပမာဏ ပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်းပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။
20 Do not desire the night, to commit sin against others, when peoples are cut off in their place.
၂၀ညဉ့် ကိုမ တောင့်တ နှင့်။ ညဉ့်အခါလူ တို့သည် ပယ်ရှင်း ခြင်းကိုခံရတတ်ကြ၏။
21 Be careful that you do not turn to sin because you are being tested by suffering so that you will stay away from sinning.
၂၁သတိပြု ပါ။ မ တရားသောအမှုကို မ ငဲ့ကွက် နှင့်။ ထိုသို့ သော အမှုကို ဆင်းရဲ ခြင်းထက် သင်သည် အလို ရှိ လေပြီတကား။
22 See, God is exalted in his power; who is a teacher like him?
၂၂ဘုရား သခင်သည် တန်ခိုး တော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ် နိုင်သနည်း။
23 Who has ever instructed him about his way? Who can ever say to him, 'You have committed unrighteousness?'
၂၃ကြွတော်မူရသောလမ်း ကို အဘယ်သူ စီရင် သနည်း။ ကိုယ်တော်သည် မ တရားသောအမှုကို ပြု မိပြီဟု အဘယ်သူ ဆို ရာသနည်း။
24 Remember to praise his deeds, of which people have sung.
၂၄လူ တို့သည် ချီးမွမ်း အပ်သော အမှု တော်ကို ချီးမြှောက် ခြင်းငှါ သတိပြု လော့။
25 All people have looked on those deeds, but they see those deeds only from far away.
၂၅လူ ခပ်သိမ်း တို့သည် အမှုတော်ကို မြင် ကြ၏။ အဝေး က ကြည့်ရှု တတ်ကြ၏။
26 See, God is great, but we do not understand him well; the number of his years is incalculable.
၂၆ဘုရား သခင်သည် ကြီးမြတ် တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မ သိ နိုင်။ အသက် တော်နှစ်ပေါင်း ကို စစ် ၍မ ကုန်နိုင်ကြ။
27 For he draws up the drops of water that he distills as rain from his vapor,
၂၇ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
28 which the clouds pour down and drop in abundance on mankind.
၂၈မိုဃ်းတိမ် မှ လူ တို့အပေါ် သို့ မိုဃ်း ပေါက်ကျ၍၊ များစွာ သော မိုဃ်း ရွာတတ်၏။
29 Indeed, can anyone understand the extensive spread of the clouds and the thunder from his hut?
၂၉မိုဃ်းတိမ် တော်နှံ့ပြား ခြင်း၊ တဲ တော်အသံ မြည် ခြင်းကို အဘယ်သူနားလည် သနည်း။
30 See, he spreads his lightning around him and covers the roots of the sea.
၃၀တဲတော်အပေါ် မှာ အလင်း တော်ကို ဖြန့် တော်မူ၏။ သမုဒ္ဒရာ ၌ အနက်ဆုံး သောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
31 In this way he judges the peoples and gives food in abundance.
၃၁ထိုသို့သောအားဖြင့် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ များစွာ သော အစာ အာဟာရကိုလည်း ပေး တော်မူ၏။
32 He fills his hands with the lightning until he commands it to strike its mark.
၃၂အလင်း ကိုလက် တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ် တော်မူ၏။
33 Its thunder warns of the storm, the cattle can also hear it is coming.
၃၃ထိုသူမှစသောတိရစ္ဆာန် များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။