< Isaiah 29 >
1 Woe to Ariel, Ariel, the city where David encamped! Add year to year; let the festivals come round.
၁အရေလ မြို့၊ ဒါဝိဒ် မင်းနေ သောအရေလ မြို့ သည် အမင်္ဂလာ ရှိ၏။ တနှစ် ပေါ် မှာ တနှစ် ထပ်ကြလော့။ ပွဲ တို့ကို အလှည့် လှည့်ခံကြလော့။
2 But I will besiege Ariel, and she will be mourning and lamenting; and she will be to me like Ariel.
၂သို့ရာတွင်၊ အရေလ မြို့ကို ငါဆင်းရဲ စေ၍ ၊ ထိုမြို့ သည် ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းရှိ သော်လည်း ၊ အရေလ မြို့ကဲ့သို့ ငါ့ ရှေ့ မှာ ဖြစ် ရလိမ့်မည်။
3 I will encamp against you in a circle and will lay siege against you with a palisade, and I will raise siege works against you.
၃ငါသည် သင့် ပတ်ဝန်းကျင် ၌ တပ်ချ မည်။ မြေရိုး နှင့် ဝိုင်း ထား၍ ၊ မြေကတုပ် များကိုလည်း တူး လုပ်မည်။
4 You will be brought down and will speak from the ground; your speech will be low from the dust. Your voice will sound like a spirit that speaks from the ground, and out of the dust your speech will whisper.
၄သင်သည် နှိမ့်ချ ခြင်းကိုခံ ၍ မြေ ထဲ က ပြော ရ လိမ့်မည်။ မြေမှုန့် ထဲ က ငယ်သောအသံ နှင့် မြွက် ရ လိမ့်မည်။ သင် ပြောသောအသံ သည် နတ် ဝင်သူပြောသံကဲ့သို့ မြေ ထဲက ထွက် ၍ ၊ သင် သည် မြေ မှုန့်ထဲက အသံ သေးနှင့် တိုးတိုးမြွက် ဆိုရလိမ့်မည်။
5 The great number of your invaders will become like fine dust, and the multitude of the ruthless ones as chaff that passes away. It will happen suddenly, in an instant.
၅သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။
6 Yahweh of hosts will come to you with thunder, earthquake, great noise, with strong winds and violent storm, and the flames of a devouring fire.
၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ မိုဃ်းချုန်း ခြင်း၊ မြေ လှုပ်ခြင်း၊ အသံ ဗလံမြည်ခြင်းနှင့် တကွ မိုဃ်းသက်မုန်တိုင်း ၊ လောင် တတ်သော မီးလျှံ အားဖြင့်အပြစ် ပေးတော်မူမည်။
7 It will be like a dream, a vision of the night: A horde of all the nations will fight against Ariel and her stronghold. They will attack her and her fortifications to press upon her.
၇အပြည်ပြည် ကလာ၍၊ အရေလ မြို့ကို စစ်တိုက် သော အလုံး အရင်း၊ အရေလ မြို့နှင့် ရဲတိုက် ကိုတိုက် ၍ ညှဉ်းဆဲ သော သူအပေါင်း တို့သည်၊ အိပ်မက် တည်းဟူသော ညဉ့် ရူပါရုံ ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
8 It will be like when a hungry man dreams he is eating, but when he awakes, his stomach is empty. It will be like when a thirsty man dreams that he is drinking, but he when he awakes, he is fainting, with his thirst not quenched. Yes, so will be the great number of nations that fights against Mount Zion.
၈မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
9 Astonish yourselves and be astonished; blind yourselves and be blind! Be drunk, but not with wine; stagger, but not with beer.
၉ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
10 For Yahweh has poured out on you the spirit of deep sleep. He has closed your eyes, the prophets, and has covered your heads, the seers.
၁၀အကြောင်း မူကား၊ ထာဝရဘုရား သည် အိပ် ချင် သောသဘော ကို သင် တို့၌ သွင်း သဖြင့် ၊ သင် တို့မျက်စိ ကို ပိတ် ၍၊ သင် တို့၏ ပရောဖက် များ၊ မင်း များ၊ ဗျာဒိတ် ခံသူများ တို့ကို ဖုံးလွှမ်း တော်မူပြီ။
11 All revelation has become to you as the words of a book that is sealed, which men might give to one who is learned, saying, “Read this.” He also says, “I cannot, for it is sealed.”
၁၁ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
12 If the book is given to one who cannot read, saying, “Read this,” he says, “I cannot read.”
၁၂ထိုစာကို စာ မ တတ် သောသူ အား ပေး ၍၊ ဤ စာ ကိုဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ငါသည် စာ မ တတ် ဟုပြန်ပြော တတ်၏။
13 The Lord said, “This people comes close to me with their mouths and honors me with their lips, but their heart is far from me. Their honor for me is only a commandment of men that has been taught.
၁၃ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
14 Therefore, see, I will proceed to do a marvelous thing among this people, wonder after wonder. The wisdom of their wise men will perish, and the understanding of their prudent men will disappear.”
၁၄ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။
15 Woe to those who deeply hide their plans from Yahweh, and whose deeds are in darkness. They say, “Who sees us, and who knows us?”
၁၅ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲ သောအကြံ ကို ကြံ ၍ ၊ မှောင်မိုက် ထဲမှာ အမှုကိုပြု လျက်၊ ငါ တို့ကို အဘယ်သူ မြင် သနည်း။ ငါ တို့ကို အဘယ်သူ သိ သနည်းဟု ပြော ဆိုတတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
16 You turn things upside down! Should the potter be considered like clay, so that the thing that is made should say about him who made it, “He did not make me,” or the thing formed say about him who formed it, “He does not understand”?
၁၆သင် တို့သည် ဖောက်ပြန် ကြသည်တကား။ အိုးထိန်း သမားကို၊ အိုး မြေကဲ့သို့ မှတ် ရမည်လော။ လုပ် အပ် သောအရာသည် လုပ် တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ ကိုမ လုပ် ဟု ဆို ရမည်လော။ ဖန်ဆင်း အပ်သော အရာသည် ဖန်ဆင်း တတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာ အတတ်မ ရှိဟု ဆို ရမည်လော။
17 In just a little while, Lebanon will be turned into a field, and the field will become a forest.
၁၇လေဗနုန် တောင်သည် ဝပြော သောလယ်ပြင်ကဲ့သို့ ၎င်း၊ ဝပြော သောလယ်ပြင်သည် တော ကဲ့သို့ ၎င်း ဖြစ် ရ သောအချိန်နီး ပြီ မ ဟုတ်လော။
18 On that day the deaf will hear the words of a book, and the eyes of the blind will see out of the deep darkness.
၁၈ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
19 The oppressed will again rejoice in Yahweh, and the poor among men will rejoice in the Holy One of Israel.
၁၉စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။
20 For the ruthless will cease, and the scoffer will vanish. All those who love to do evil will be eliminated,
၂၀အကြောင်း မူကား၊ ကြောက်မက် ဘွယ်သောသူသည် ဆုံးရှုံး ရ၏။ ဆဲရေး သောသူသည် ပျောက် ကုန်ရ၏။ သူ့အပြစ် ကို ချောင်းမြောင်း သောသူ၊
21 who by a word make a man out to be an offender. They lay a snare for him who seeks justice at the gate and put the righteous down with empty lies.
၂၁တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
22 Therefore this is what Yahweh says concerning the house of Jacob—Yahweh, who redeemed Abraham, “Jacob will no longer be ashamed, nor will his face be pale.
၂၂သို့ ဖြစ်၍အာဗြဟံ အမျိုးကို ရွေးနှုတ် တော်မူသော ထာဝရဘုရား သည်၊ ယာကုပ် အမျိုး ကိုရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ယာကုပ် အမျိုးသည် နောက်တဖန် ရှက် ကြောက်ခြင်း၊ မျက်နှာ ပျက် ခြင်း မ ရှိရ။
23 But when he sees his children, the work of my hands, they will make my name holy. They will make holy the name of the Holy One of Jacob and they will stand in awe of the God of Israel.
၂၃ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
24 Those who err in spirit will gain understanding, and complainers will learn knowledge.”
၂၄စိတ် သဘောဖောက်ပြန် သောသူတို့သည် ပညာ သတိ ကို ရကြ၍၊ ဆန့်ကျင် ဘက်ပြုသော သူတို့ သည်လည်း ၊ ဆုံးမ ဩဝါဒစကားကို နာယူ ကြလိမ့်မည်။