< Isaiah 27 >

1 On that day Yahweh with his hard, great and fierce sword will punish Leviathan the slithering serpent, Leviathan the squirming serpent, and he will kill the monster that is in the sea.
ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။
2 In that day: A vineyard of wine, sing of it.
ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊-
3 “I, Yahweh, am its protector; I water it every moment. I guard it night and day so no one will hurt it.
``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-
4 I am not angry, Oh, that there were briers and thorns! In battle I would march against them; I would burn them all together;
စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။-
5 unless they grasp my protection and make peace with me; let them make peace with me.
သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
6 In the coming day, Jacob will take root; Israel will blossom and bud; and they will fill the surface of the ground with fruit.”
ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။
7 Has Yahweh attacked Jacob and Israel as he attacked those nations who attacked them? Have Jacob and Israel been killed as in the slaughter of those nations that were killed by them?
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-
8 In exact measure you have contended, sending Jacob and Israel away; he drove them away with his fierce breath in the day of the east wind.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။-
9 So in this way, the iniquity of Jacob will be atoned for, for this will be the full fruit of the removal of his sin: when he will make all the altar stones as chalk and crushed to pieces, and no Asherah poles or incense altars will remain standing.
ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။
10 For the fortified city is desolate, the habitation is deserted and forsaken like the wilderness. There a calf feeds, and there he lies down and consumes its branches.
၁၀ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-
11 When the boughs are withered, they will be broken off. Women will come and make fires with them, for this is not a people of understanding. Therefore their Maker will not have compassion on them, and he who made them will not be merciful to them.
၁၁သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။
12 It will come about on that day that Yahweh will thresh from the Euphrates River to the Wadi of Egypt and you, the people of Israel, will be gathered together one by one.
၁၂ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။
13 On that day a great trumpet will be blown; and the perishing ones in the land of Assyria will come, and the outcasts in the land of Egypt, they will worship Yahweh on the holy mountain in Jerusalem.
၁၃ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။

< Isaiah 27 >