< Isaiah 18 >
1 Woe to the land of the rustling of wings, which is along the rivers of Cush;
၁ဆူဒန်မြစ်များ၏အလွန်တွင် တောင်ပံခတ် သံများကိုကြားရသည့်တိုင်းပြည်တစ် ပြည်ရှိ၏။-
2 who send ambassadors by the sea, in vessels of papyrus on the waters. Go, you swift messengers, to a nation tall and smooth, to a people feared far and near, a nation strong and trampling down, whose land the rivers divide.
၂ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
3 All you inhabitants of the world and you who live on the earth, when a signal is lifted up on the mountains, look; and when the trumpet is blown, listen.
၃ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသူလူအပေါင်းတို့၊ နားထောင်ကြ လော့။ တောင်ထိပ်ဖျားတွင်လွှင့်ထူမည့်အချက် ပြအလံကိုစောင့်မျှော်ကြည့်ရှုကြလော့။ တံပိုးခရာမှုတ်သံကိုနားစွင့်၍နေကြ လော့။-
4 This is what Yahweh said to me, “I will quietly observe from my home, like the simmering heat in sunshine, like a cloud of mist in the heat of harvest.
၄ထာဝရဘုရားကငါ့အား``အသီးအနှံ ရိတ်သိမ်းချိန်၏ပူအိုက်သည့်ညတို့၌ဆီးနှင်း များသည်ငြိမ်သက်စွာကျလာသကဲ့သို့ လည်းကောင်း၊ အပူရှိန်ပြင်းသည့်နေ့၌နေ သည်ကြည်လင်ဆိတ်ငြိမ်စွာထွန်းလင်းတောက် ပသကဲ့သို့လည်းကောင်း ငါသည်ကောင်းကင် ဘုံမှငြိမ်သက်စွာငုံ့၍ကြည့်တော်မူမည်။-
5 Before the harvest, when the blossoming is over, and the flower is ripening into a grape, he will cut off the sprigs with pruning hooks, and he will cut down and take away the spreading branches.
၅စပျစ်သီးများကိုမစုသိမ်းမီ၊ အပွင့်များ ကြွေ၍အသီးများမှည့်လာချိန်၌သူသည် ဋ္ဌားဖြင့် စပျစ်ခက်များကိုအလွယ်တကူ လှီးဖြတ်သကဲ့သို့ဆူဒန်အမျိုးသားတို့ အားသုတ်သင်ဖျက်ဆီးပစ်ကြလိမ့်မည်။-
6 They will be left together for the birds of the mountains and for the animals of the earth. The birds will summer on them, and all the animals of the earth will winter on them.”
၆သူတို့၏အလောင်းများသည်ငှက်များနှင့် သားရဲတိရစ္ဆာန်များအတွက်ကျန်ရှိနေ လိမ့်မည်။ နွေအခါငှက်တို့နှင့်ဆောင်းအခါ သားရဲတို့သည် ထိုလူသေကောင်တို့ကိုစား ကြလိမ့်မည်။
7 At that time tribute will be brought to Yahweh of hosts from a people tall and smooth, from a people feared far and near, a nation strong and trampling down, whose land the rivers divide, to the place of the name of Yahweh of hosts, to Mount Zion.
၇နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။