< Hosea 5 >

1 “Hear this, priests! Pay attention, house of Israel! Listen, house of the king! For judgment is coming against you all. You have been a snare at Mizpah and a net spread over Tabor.
အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။
2 The rebels stand deep in slaughter, but I will punish all of them.
ယဇ်ကောင် တို့ကိုသတ် သောအားဖြင့် မိမိတို့အပြစ် ကို များပြားစေကြ၏။ ထိုကြောင့် ၊ ငါ သည် ထိုသူ အပေါင်း တို့၌ အပြစ် ဒဏ်ပေးမည်။
3 I know Ephraim, and Israel is not hidden from me. Ephraim, now you have become like a prostitute; Israel is defiled.
ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
4 Their deeds will not allow them to turn to God, for the mind of adultery is in them, and they do not know Yahweh.
သူ တို့သည်ပြုမြဲပြုသောကြောင့်၊ သူ တို့၏ဘုရား သခင့်ထံ တော်သို့ပြန် ၍ မ လာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရား ကိုမ သိ ကြ။
5 The pride of Israel testifies against him; so Israel and Ephraim will stumble in their guilt; and Judah also will stumble with them.
ဣသရေလ အမျိုး၏ မာန သည်သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ ဣသရေလ နှင့် ဧဖရိမ် သည် မိမိ တို့ အပြစ် ၌ လဲ ၍ ၊ သူ တို့နှင့်အတူ ယုဒ အမျိုးသည်လည်း လဲ လိမ့်မည်။
6 They will go with their flocks and herds to seek Yahweh, but they will not find him, for he has withdrawn himself from them.
သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။
7 They were unfaithful to Yahweh, for they have borne illegitimate children. Now the new moon festivals will devour them with their fields.
သူတို့သည်ထာဝရဘုရား ထံတော်၌ ခံသောသစ္စာ ကို ဖျက်ကြပြီ။ အကြောင်း မူကား၊ တပါး အမျိုးသားတို့ကို ဘွားမြင် ကြပြီ။ လဆန်း နေ့ရောက်မှ သူ တို့နှင့် သူ တို့ဥစ္စာ သည်ပျက်စီး လိမ့်မည်။
8 Blow the horn in Gibeah, and the trumpet in Ramah. Sound a battle cry at Beth Aven: 'We will follow you, Benjamin!'
ဂိဗာ မြို့၌ နှဲ ခရာကို၎င်း ၊ ရာမ မြို့၌ တံပိုး ကို၎င်းမှုတ် ကြလော့။ ဗေသဝင် မြို့၌ ကြွေးကြော် ကြလော့။ အိုဗင်္ယာမိန် အမျိုး၊ နောက် သို့ ကြည့်ကြလော့။
9 Ephraim will become a desolation on the day of punishment. Among the tribes of Israel I have declared what is certain to happen.
ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။
10 The leaders of Judah are like those who move a boundary stone. I will pour my wrath on them like water.
၁၀ယုဒ မင်း တို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ သော သူကဲ့သို့ ဖြစ် ကြ၏။ ငါသည်သူ တို့အပေါ် သို့ ငါ့ အမျက် ကို ရေ ကဲ့သို့ သွန်းလောင်း မည်။
11 Ephraim is crushed; he is crushed in judgment, because he has willingly walked after idols.
၁၁ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။
12 So I will be like a moth to Ephraim, and like rot to the house of Judah.
၁၂ထိုကြောင့် ၊ ငါ သည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုး ကောင်၊ ယုဒ အမျိုး ၌ စား တတ်သော အနာကဲ့သို့ ဖြစ်မည်။
13 When Ephraim saw his sickness, and Judah saw his wound, then Ephraim went to Assyria, and Judah sent messengers to the great king. But he was not able to cure you people or heal your wound.
၁၃ဧဖရိမ် သည် မိမိ အပေါက် တို့ကို၎င်း ၊ ယုဒ သည် မိမိ အနာ ကို၎င်း မြင် သောအခါ ၊ ဧဖရိမ် သည် အာရှုရိ မင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင် ယာရက် ထံသို့ စေလွှတ် သော်လည်း ၊ ထိုမင်းတို့သည် သင် တို့အပေါက်ကို မ ဖါ နိုင် ၊ အနာ ကိုလည်း မ ပျောက် စေနိုင်ကြ။
14 So I will be like a lion to Ephraim, and like a young lion to the house of Judah. I, even I, will tear and go away; I will carry them off, and there will be no one to rescue them.
၁၄အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။
15 I will go and return to my place, until they acknowledge their guilt and seek my face, until they earnestly seek me in their distress.”
၁၅သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။

< Hosea 5 >