< Genesis 16 >
1 Now Sarai, Abram's wife, had not borne any children for him, but she had a female servant, an Egyptian, whose name was Hagar.
၁အာဗြံ ၏ မယား စာရဲ ၌ သားဘွား ခြင်းမ ရှိသဖြင့် ၊ အဲဂုတ္တု ပြည်သူဟာဂရ အမည် ရှိသောကျွန် မတယောက် ရှိသည်ဖြစ်၍၊
2 So Sarai said to Abram, “See, Yahweh has kept me from having children. Go sleep with my servant. It may be that I will have children by her.” Abram listened to the voice of Sarai.
၂စာရဲ က၊ အကျွန်ုပ် အား သားဘွား ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ် ၏ ကျွန် မထံသို့ ဝင် ပါလော့။ သူ့ အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံ အား ပြောဆို ၍ ၊ အာဗြံ သည် စာရဲ ၏စကား ကို နားထောင် လေ၏။
3 It was after Abram had lived ten years in the land of Canaan that Sarai, Abram's wife, gave Hagar, her Egyptian servant, to her husband as a wife.
၃ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။
4 So he had relations with Hagar, and she conceived. When she saw that she had conceived, she looked with contempt on her mistress.
၄အာဗြံသည်လည်း ဟာဂရ ထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ မိမိ သခင် မကို မထီမဲ့မြင် ပြုလေ၏။
5 Then Sarai said to Abram, “This wrong on me is because of you. I gave my servant woman into your embrace, and when she saw that she had conceived, I was despised in her eyes. Let Yahweh judge between me and you.”
၅စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။
6 But Abram said to Sarai, “See here, your servant woman is in your power, do to her what you think best.” So Sarai dealt harshly with her, and she fled from her.
၆အာဗြံ ကလည်း ၊ သင် ၏ ကျွန် မသည် သင် ၏လက် ၌ ရှိ၏။ သူ ၌ ပြု ချင်သမျှပြု ပါလော့ဟု စာရဲ အား ပြန်ပြော လျှင်၊ စာရဲ သည် ကျွန် မကို ညှဉ်းဆဲ သဖြင့် ၊ ကျွန်မသည် သခင် မထံမှ ထွက် ပြေးလေ၏။
7 The angel of Yahweh found her by a spring of water in the wilderness, the spring that is on the way to Shur.
၇ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊
8 He said, “Hagar, Sarai's servant, where did you come from and where are you going?” Then she said, “I am fleeing from my mistress Sarai.”
၈စာရဲ ကျွန် မဟာဂရ ၊ အဘယ် က လာ သနည်း။ အဘယ် အရပ်သို့ သွား မည်နည်းဟုမေးသော်၊ ကျွန်မ သည် သခင် မစာရဲ ထံမှ ပြေး လာပါသည်ဟု ဆို လေ၏။
9 The angel of Yahweh said to her, “Return to your mistress, and submit yourself to her authority.”
၉ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။
10 Then the angel of Yahweh said to her, “I will greatly multiply your descendants, so that they will be too numerous to count.”
၁၀တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ သင် ၏ အမျိုးအနွယ် ကို မ ရေတွက် နိုင်အောင်၊ ငါအလွန် များပြား စေမည်ဟူ၍၎င်း၊
11 The angel of Yahweh also said to her, “Behold, you are pregnant and will bear a son, and you will call his name Ishmael, because Yahweh has heard your affliction.
၁၁သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
12 He will be a wild donkey of a man. He will be hostile against every man, and every man will be hostile to him, and he will live apart from all his brothers.”
၁၂သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
13 Then she gave this name to Yahweh who spoke to her, “You are the God who sees me,” for she said, “Do I really continue to see, even after he has seen me?”
၁၃ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။
14 Therefore the well was called Beer Lahai Roi; behold, it is between Kadesh and Bered.
၁၄ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။
15 Hagar gave birth to Abram's son, and Abram named his son, whom Hagar bore, Ishmael.
၁၅ထိုနောက် ဟာဂရ သည် အာဗြံ အား သား ကို ဘွားမြင် ၏။ အာဗြံ လည်း ဟာဂရ တွင် မြင် သော သား ကို ဣရှမေလ အမည် ဖြင့် မှည့် လေ၏။
16 Abram was eighty-six years old when Hagar bore Ishmael to Abram.
၁၆အာဗြံ သည် သား ဣရှမေလ ကို ဟာဂရ ဘွားမြင် သောအခါ ၊ အသက် ရှစ် ဆယ်ခြောက် နှစ် ရှိသတည်း။