< Ezra 9 >

1 When these things were done, the officials approached me and said, “The people of Israel, the priests, and the Levites have not separated themselves from the people of the other lands and their abominations: Canaanites, Hittites, Perizzites, Jebusites, Ammonites, Moabites, Egyptians, and Amorites.
ထို အမှုပြီး မှ၊ အကြီး အကဲတို့သည် ငါ့ ထံ သို့လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သား ရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ အမ္မုန် လူ၊ မောဘ လူ၊ အဲဂုတ္တု လူ၊ အာမောရိ လူတို့ ရွံရှာ ဘွယ်သောအကျင့် ကို ကျင့်ကြပါ၏။
2 For they have taken some of their daughters and sons, and have mixed the holy people with the people of other lands, and the officials and leaders have been first in this faithlessness.”
အကြောင်း မူကား၊ သူ တို့သမီး များကို ကိုယ် ဘို့ ၎င်း၊ ကိုယ် သား ဘို့ ၎င်း၊ သိမ်း ယူသဖြင့် ၊ သန့်ရှင်း သော အမျိုး သည် ဤပြည်သား ရင်းအမျိုးနှင့် ရောနှော လျက်ရှိ၍ ၊ အကြီး အကဲနှင့် မင်း အရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
3 When I heard this, I tore apart my clothing and robe and pulled out hair from my head and beard, and I sat down, devastated.
ထို စကား ကို ငါ ကြား လျှင် အတွင်း အဝတ်၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင် နှင့် မုတ်ဆိတ် ကို နှုတ် ပစ်လျက်၊ မိန်းမော တွေဝေလျက် ထိုင် နေ၏။
4 All those who trembled at the words of the God of Israel about this faithlessness gathered to me while I was sitting ashamed until the evening offering.
ထိုအခါ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် တော်ကို ကြောက်ရွံ သောသူအပေါင်း တို့သည်၊ သိမ်း သွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ၊ ငါ့ ထံ မှာစည်းဝေး ၍၊ ညဦးယံ ယဇ် ပူဇော်ချိန်တိုင်အောင် ငါ သည်မိန်းမော တွေဝေလျက် နေ ၏။
5 But at the evening offering I arose from my position of humiliation in my torn clothes and robe, and knelt down and spread my hands to Yahweh my God.
ညဦးယံ ယဇ် ပူဇော်ချိန်တွင် ၊ စိတ်ပျက် ရာမှ ထ ၍ အတွင်း အဝတ်၊ ပြင် အဝတ်ကို ဆုတ် ပြီးလျှင် ၊ ဒူး ထောက် ၍ ၊ ငါ ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ လက်ဝါး တို့ကို ဖြန့် လျက်၊
6 I said, “My God, I am ashamed and disgraced to raise my face to you, for our iniquities increase over our head, and our guilt grows to the heavens.
အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။
7 From the days of our ancestors until now we have been in great guilt. In our iniquities we, our kings, and our priests were given into the hand of kings of this world, to the sword, to captivity, and to plunder and ashamed faces, as we are today.
ဘိုးဘေး လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အလွန် ပြစ်မှား ပါပြီ။ ကိုယ် အပြစ် ကြောင့် ရှင်ဘုရင် နှင့် ယဇ်ပုရောဟိတ် မှစ၍၊ အကျွန်ုပ် တို့သည် ယနေ့ တိုင်အောင်ခံသကဲ့သို့ ၊ တပါးအမျိုးသားရှင်ဘုရင် လက် သို့ အပ် ခြင်း၊ အသေ သတ်ခြင်း၊ သိမ်း သွားခြင်း၊ လုယက် ခြင်း၊ မျက်နှာပျက် ခြင်းကို ခံရပါ၏။
8 Yet now for a short time, mercy from Yahweh our God has come to leave us a few survivors and to give us a foothold in his holy place. This was for our God to enlighten our eyes and to give us a little relief in our slavery.
ယခု ခဏ တွင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ အကျွန်ုပ် တို့ကို ဘေးမဲ့လွှတ် ၍ ကျန် ကြွင်းစေလျက် ၊ သန့်ရှင်း သော ဌာန တော်၌ စွဲထားသော တံစို့ ကိုပေး တော်မူသောကျေးဇူး တော်ကြီးလှပါ၏။ အကျွန်ုပ် တို့ဘုရား သခင်သည် အကျွန်ုပ် တို့ မျက်စိ ကို လင်း စေ၍ ၊ အကျွန်ုပ် တို့ ကျွန် ခံနေရာ၌ အသက်ရှု ပြန်ရသော အခွင့်ကိုပေး တော်မူပြီ။
9 For we are slaves, but our God has not forgotten us but has extended covenant faithfulness to us. He has done this in the sight of the king of Persia in order to give us new strength, so we could rebuild our God's house and raise its ruins. He did this so that he could give us a wall of safety in Judah and Jerusalem.
အကျွန်ုပ် တို့သည် ကျွန် ခံလျက်နေရပါ၏။ ထိုသို့ ကျွန် ခံလျက် နေရသော်လည်း ၊ အကျွန်ုပ် တို့၏ ဘုရား သခင် သည် စွန့်ပစ် တော်မ မူ။ အကျွန်ုပ် တို့ အသက် လွတ် ခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့ ဘုရား သခင်၏အိမ် တော်ကို ထူထောင် ၍ ၊ ပြိုပျက် ရာတို့ကို ပြုပြင် ခြင်းငှါ ၎င်း ၊ ယုဒ ပြည် ယေရုရှလင် မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ် အား ပေး ခြင်းငှါ ၎င်း ၊ ပေရသိ ရှင် ဘုရင်တို့သည် အကျွန်ုပ် တို့၌ ကျေးဇူးပြုချင်သော စေတနာ စိတ်ကိုပေး သနားတော်မူပြီ။
10 But now, our God, what can we say after this? We have forgotten your commands,
၁၀ယခု လည်း အိုအကျွန်ုပ် တို့၏ ဘုရား သခင်၊ ဤသို့ ပြုမိပြီးမှ၊ အဘယ် သို့လျှောက် ရပါမည်နည်း။
11 the commands that you gave to your servants the prophets, when you said, “This land that you are entering to possess is an unclean land. It is contaminated by the people of the lands with their abominations. They have filled it from one end to the other with their uncleanness.
၁၁ကိုယ်တော်က၊ သင် တို့သွား ၍ သိမ်း ယူလတံ့ သော ပြည် သည်၊ ပြည်သူ ပြည်သားတို့ အညစ် အကြေးကြောင့် ညစ်ညူး သော ပြည် ဖြစ်၏။ တပြည်လုံး ကို ရွံရှာ ဘွယ်အမှုတို့နှင့် ပြည့် စေကြပြီ။
12 So now, do not give your daughters to their sons; do not take their daughters for your sons, and do not seek their ongoing peace and welfare, so that you will be strong and eat the good of the land, so you will cause your children to possess it for all time.”
၁၂သို့ဖြစ်၍ သင် တို့သမီး ကို သူ တို့သား အား မ ပေးစား ကြနှင့်။ သူ တို့၏သမီး ကို သင် တို့သား နှင့် မ စုံဘက် စေကြနှင့်။ သူ တို့ချမ်းသာ နှင့် သူ တို့စည်းစိမ် ကို အလျှင်းမ ပြုစု ကြနှင့်။ သင်တို့သည် ခွန်အား ကြီး၍ မြေ အသီး အနှံကို စား ရသောအခွင့်၊ ထိုမြေ ကို ကိုယ် သား မြေးတို့၌ နိစ္စ အမွေမြေဖြစ်စေ၍၊ အပ်ရသောအခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော် ကျွန် ၊ ပရောဖက် တို့အားဖြင့်မှာ ထားတော်မူသော ပညတ် စကားတော်ကို အကျွန်ုပ်တို့သည် နား မထောင်ပါ တကား။
13 Yet after everything that came on us for our evil practices and our great guilt—since you, our God, have held back what our iniquities deserve and left us survivors—
၁၃အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား တည်းဟူသောကိုယ်တော် သည် အကျွန်ုပ် တို့ခံထိုက်သမျှသော အပြစ် ဒဏ်ကိုပေး တော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြု မိသော ဒုစရိုက် အမှု၊ ကြီး စွာသော လွန်ကျူးခြင်းအပြစ် ကြောင့် ၊ ဤမျှလောက်ခံရ ပြီးမှ ၎င်း၊ ကိုယ်တော်သည် ဤ မျှလောက် ချမ်းသာ ပေး တော်မူပြီးမှ၎င်း၊
14 should we again break your commandments and make mixed marriages with these abominable people? Will you not be angry and annihilate us so there will be no one left, no one to escape?
၁၄အကျွန်ုပ်တို့သည် ပညတ် တရားတော်တို့ကို တဖန် လွန်ကျူး ၍ ၊ ဤ ရွံရှာ ဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုး နှင့် ပေါင်းဘော် လျှင် တယောက်မျှမလွတ်၊ မ ကျန် ကြွင်းစေခြင်းငှါ ၊ အမျက် တော်ထွက်၍ အကျွန်ုပ် တို့ကို ဖျက်ဆီး တော်မူမည်မဟုတ် လော။
15 Yahweh, God of Israel, you are righteous, for we have remained as a few survivors at this day. Look! We are here before you in our guilt, for there is no one who can stand before you because of this.
၁၅အို ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့ အသက် လွတ်၍ ကျန် ကြွင်းသေးသောသူဖြစ် ပါ၏။ ကိုယ် အပြစ် များကို ရှေ့ တော်၌ တောင်းပန်ပါ၏။ ထို အပြစ်ကြောင့် ၊ ရှေ့ တော်၌ နေရာ မရနိုင်ပါဟု တောင်းလျှောက်လေ၏။

< Ezra 9 >