< Ezekiel 42 >

1 Next the man sent me out to the outer courtyard on the north side, and he brought me to rooms in front of the outer courtyard and the northern outer wall.
ထို​လူ​သည်​ငါ့​အား​တံ​တိုင်း​အ​ပြင်​ဝင်း အ​တွင်း​သို့​ခေါ်​ဆောင်​ကာ​ဗိ​မာန်​တော်​မြောက် ဘက်​၌​ရှိ​သော​အ​ဆောက်​အ​အုံ​သို့​ခေါ် ဆောင်​သွား​၏။ ထို​အ​ဆောက်​အ​အုံ​သည် အ​လျား​တစ်​ရာ​ခု​နစ်​ဆယ်​ပေ၊ အ​နံ​ရှစ် ဆယ့်​ငါး​ပေ​ရှိ​၍​ဗိ​မာန်​တော်​အ​နောက် ဘက်​၌​ရှိ​သည့်​အ​ဆောက်​အ​အုံ​နှင့် မ​ဝေး​ချေ။-
2 Those rooms were one hundred cubits along their front and fifty cubits in width.
3 Some of those rooms faced the inner courtyard and were twenty cubits away from the sanctuary. There were three levels of rooms, and the ones above looked down on the ones below and were open to them, having a walkway. Some of the rooms looked out onto the outer courtyard.
ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။-
4 A passage ten cubits in width and one hundred cubits in length ran in front of the rooms. The rooms' doors were toward the north.
မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။-
5 But the upper halls were smaller, for the walkways took away from them more space than they did in the lowest and middle levels of the building.
အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။-
6 For the halls on the third story had no columns, unlike the courtyards, which did have columns. So the highest level's rooms were smaller in size compared to the rooms in the lowest and middle levels.
မြေ​ပြင်​သုံး​ဆင့်​စ​လုံး​၌​ရှိ​သော​အ​ခန်း တို့​သည်​မြေ​ပြန့်​ကုန်း​မြင့်​များ​ပေါ်​တွင်​တည် ဆောက်​ထား​သ​ဖြင့်​ယင်း​တို့​သည်​တံ​တိုင်း အ​ပြင်​ဝင်း​အ​တွင်း​မှ​အ​ခြား​အ​ဆောက် အ​အုံ​များ​မှာ​ကဲ့​သို့​ကျောက်​တိုင်​များ မ​ရှိ​ချေ။-
7 The outside wall ran along the rooms toward the outer courtyard, the courtyard that was in front of the rooms. That wall was fifty cubits in length.
အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့်​အ​ဆောက်​အ​အုံ ၏​နံ​ရံ​သည်​အ​လျား​တစ်​ဝက်​မှာ​ရှစ်​ဆယ့် ငါး​ပေ​ဖြစ်​၏။ ကျန်​သော​ရှစ်​ဆယ့်​လေး​ပေ တွင်​အ​ခန်း​များ​ရှိ​၏။ ဗိ​မာန်​တော်​နှင့်​ကပ် လျက်​ရှိ​သော​ဘက်​တွင် ပေ​တစ်​ရာ့​ခု​နစ်​ဆယ် ရှိ​သည်။ အ​ဆင့်​ထိပ်​ဆုံး​မြေ​ပြင်​တွင်​အ​ဆောက် အ​အုံ​တစ်​လျှောက်​လုံး​၌​အ​ခန်း​များ​ရှိ​၏။-
8 The length of the rooms of the outer courtyard was fifty cubits, and the rooms facing the sanctuary were one hundred cubits in length.
9 There was an entrance to the lowest rooms from the east side, coming from the outer courtyard.
ဤ​အ​ခန်း​များ​အောက်​အ​ဆောက်​အ​အုံ​၏ အ​ရှေ့​စွန်း​ပိုင်း​တံ​တိုင်း​အ​ပြင်​ဝင်း​အ​စ ပြု​သည့်​နေ​ရာ​၌​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ထွက်​ပေါက်​ရှိ​၏။ ဗိ​မာန်​တော်​တောင်​ဘက်​အ​ပြင်​တံ​တိုင်း​တစ် လျှောက် ဗိ​မာန်​တော်​အ​ပြင်​ဝင်း​နှင့်​ဆက်​၍ တံ​တိုင်း​နံ​ရံ​၏​ဆန့်​ကျင်​ဘက်​တွင် အ​ဆောက် အ​အုံ​များ​ရှိ​လေ​သည်။-
10 Along the wall of the outer courtyard on the eastern side of the outer courtyard, in front of the sanctuary's inner courtyard, there were also rooms
၁၀
11 with a walkway in front of them. They were as the appearance of the rooms on the northern side. They had the same length and breadth and the same exits and arrangements and doors.
၁၁အ​ခန်း​များ​၏​ရှေ့​တွင်​မြောက်​ဘက်​မှာ​ကဲ့ သို့​ပင်​လမ်း​တစ်​သွယ်​ရှိ​၏။ ထို​အ​ခန်း​တို့ ၏​အ​တိုင်း​အ​တာ၊ ပုံ​ပန်း​သဏ္ဌာန်​နှင့်​တံ​ခါး ပေါက်​များ​သည်​မြောက်​ဘက်​ရှိ​အ​ခန်း​များ အ​တိုင်း​ပင်​ဖြစ်​၏။-
12 On the south side were doors into rooms that were just the same as on the north side. A passage on the inside had a door at its head, and the passage opened into the various rooms. On the east side there was a doorway into the passage at one end.
၁၂ဤ​အ​ဆောက်​အ​အုံ​၏​တောင်​ဘက်​ပိုင်း ရှိ​အ​ခန်း​များ​အောက်​တွင်​တံ​တိုင်း​အ​စ ပြု​သည့်​အ​ရှေ့​စွန်း​၌​တံ​ခါး​တစ်​ခု​ရှိ​၏။
13 Then the man said to me, “The northern rooms and the southern rooms that are in front of the outer courtyard are holy rooms where the priests who work nearest to Yahweh may eat the most holy food. They will put the most holy things there—the food offering, the sin offering, and the guilt offering—for this is a holy place.
၁၃ထို​သူ​က​ငါ့​အား``ဤ​အ​ဆောက်​အ​အုံ​နှစ် ခု​စ​လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏။ ထာ​ဝရ ဘု​ရား​၏​ရှေ့​တော်​သို့​ဝင်​ရ​သူ​ယဇ်​ပု​ရော ဟိတ်​တို့​သည်​ထို​အ​ဆောက်​အ​အုံ​များ​ထဲ ၌​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော် သ​ကာ​များ​ကို​စား​သောက်​ရ​ကြ​၏။ ထို အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက် ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော​အ​လွန်​သန့်​ရှင်း မြင့်​မြတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ထား ကြ​သည်။-
14 When the priests enter there, they must not go out of the holy place to the outer court, without laying aside the clothes in which they served, since these are holy. So they must dress in other clothes before going near the people.”
၁၄ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။
15 The man completed measuring the inner house and then took me out to the gate that faced the east and measured all the surrounding area there.
၁၅ထို​လူ​သည်​ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​အ​ကျယ် အ​ဝန်း​ကို​တိုင်း​တာ​ပြီး​နောက် ငါ့​အား​အ​ရှေ့ တံ​ခါး​မှ​ခေါ်​ဆောင်​ကာ​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။-
16 He measured the east side with a measuring stick—five hundred cubits with the measuring stick.
၁၆သူ​သည်​ကူ​ရိုး​ကို​ယူ​၍​အ​ပြင်​ပိုင်း​ကို တိုင်း​ရာ​ရှစ်​ရာ​လေး​ဆယ်​ပေ​ရှိ​လေ​သည်။-
17 He measured the north side—five hundred cubits with the measuring stick.
၁၇ထို​နောက်​မြောက်​ပိုင်း၊ တောင်​ပိုင်း​နှင့်​အ​နောက် ပိုင်း​တို့​ကို​တိုင်း​တာ​၏။ ယင်း​တို့​အား​လုံး အ​လျား​ပေ​ရှစ်​ရာ​လေး​ဆယ်​စီ​ရှိ​ကြ​၏။-
18 He also measured the south side—five hundred cubits with the measuring stick.
၁၈
19 He also turned and measured the west side—five hundred cubits with the measuring stick.
၁၉
20 He measured it on four sides. It had a wall around it that was five hundred cubits in length, and five hundred cubits in width, to separate the holy from that which is common.
၂၀သို့​ဖြစ်​၍​တံ​တိုင်း​သည်​စ​တု​ရန်း​ပေ​ရှစ်​ရာ လေး​ဆယ်​ရှိ​သော​မြေ​ကို​ကာ​ရံ​၍​ထား​လေ သည်။ ဤ​တံ​တိုင်း​က​သန့်​ရှင်း​သော​အ​ရပ်​နှင့် မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို​ပိုင်း​ခြား​၍ ထား​သ​တည်း။

< Ezekiel 42 >