< Exodus 33 >
1 Then Yahweh spoke to Moses, “Go from here, you and the people whom you have brought up out of the land of Egypt. Go to the land about which I made an oath to Abraham, to Isaac, and to Jacob, when I said, 'I will give it to your descendants.'
၁တဖန် ထာဝရဘုရား က၊ သင် မှစ၍ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော လူ တို့၊ ဤ အရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆို သော ပြည် သို့ သွား ကြလော့။
2 I will send an angel before you, and I will drive out the Canaanites, Amorites, Hittites, Perizzites, Hivites, and Jebusites.
၂ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
3 Go to that land, which is flowing with milk and honey, but I will not go up with you, because you are a stubborn people. I might destroy you on the way.”
၃နို့ နှင့် ပျားရည် စီး သော ပြည် သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင် မ သွား။ သင် တို့သည် လည်ပင်း ခိုင်မာ သောလူမျိုး ဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင် တို့ကို ငါဖျက်ဆီး မည် စိုးရိမ် စရာရှိသည်ဟု မောရှေ အား မိန့် တော်မူ၏။
4 When the people heard these troubling words, they mourned, and no one put on any jewelry.
၄ထို မကောင်း သော သိတင်း ကို လူ များတို့သည်ကြား သောအခါ ၊ ငိုကြွေး မြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာ မ ဆင် ဘဲနေကြ၏။
5 Yahweh had said to Moses, “Say to the Israelites, 'You are a stubborn people. If I went among you for even one moment, I would destroy you. So now, take off your jewelry so that I may decide what to do with you.'”
၅အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
6 So the Israelites wore no jewelry from Mount Horeb onward.
၆ဣသရေလ အမျိုးသား တို့သည် ဟောရပ် တောင် ခြေရင်း၌ မိမိ တို့တန်ဆာ များကိုချွတ် ကြ၏။
7 Moses took a tent and pitched it outside the camp, some distance from the camp. He called it the tent of meeting. Everyone who asked Yahweh for anything went out to the tent of meeting, outside the camp.
၇မောရှေ သည် တဲ တော်ကို ယူ ၍ တပ် ပြင် ၌ ခပ်ဝေး ဝေးဆောက် ပြီးလျှင် ၊ ပရိသတ် စည်းဝေး ရာတဲ ဟူ၍ ခေါ် ဝေါ်၏။ ထာဝရဘုရား ကို ရှာ သောသူ အပေါင်း တို့သည် တပ် ပြင် ၌ ရှိသော ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြ၏။
8 When Moses would go out to the tent, all the people would stand up at their tent entrances and look at Moses until he had gone inside.
၈မောရှေ သည် တဲ တော်သို့ ထွက်သွား သောအခါ ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါး ဝ၌ ရပ် လျက် တဲ တော်အထဲ သို့ မောရှေ ဝင် သည် တိုင်အောင် ကြည့် ရှုလျက်နေကြ၏။
9 Whenever Moses entered the tent, the pillar of cloud would come down and stand at the tent entrance, and Yahweh would speak with Moses.
၉မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
10 Whenever all the people saw the pillar of cloud stand at the entrance to the tent, they would get up and worship, every man at his own tent entrance.
၁၀တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။
11 Yahweh would speak to Moses face to face, as a man speaks to his friend. Then Moses would return to the camp, but his servant Joshua son of Nun, a young man, would stay in the tent.
၁၁ထာဝရဘုရား သည် အဆွေ ခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာ ချင်းဆိုင် ၍ နှုတ်ဆက် တော်မူ၏။ မောရှေ သည် တပ် ထဲသို့ ပြန်ဝင် သောအခါ သူ ၏လက်ထောက် နုန် ၏သား ယောရှု မည်သော လုလင် သည်၊ တဲ တော်မှ မ ထွက် ဘဲ နေ၏။
12 Moses said to Yahweh, “See, you have been saying to me, 'Take this people on their journey,' but you have not let me know whom you will send with me. You have said, 'I know you by name, and you have also found favor in my eyes.'
၁၂မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
13 Now if I have found favor in your eyes, show me your ways so that I may know you and continue to find favor in your eyes. Remember that this nation is your people.”
၁၃သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ မျက်နှာ ရကြောင်းကို အကျွန်ုပ်သိ ပါမည် အကြောင်း ၊ ကိုယ်တော် ၏လမ်း ကိုပြ တော်မူပါ။ ဤ လူမျိုး သည် ကိုယ်တော် ၏လူ ဖြစ်ကြောင်း ကို ဆင်ခြင် တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆို ၏။
14 Yahweh answered, “My own presence will go with you, and I will give you rest.”
၁၄ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ် ခြင်းချမ်းသာကို ပေးမည်ဟု မိန့် တော်မူ၏။
15 Moses said to him, “If your presence does not go with us, do not take us up from here.
၁၅တဖန် မောရှေ က၊ ကိုယ်တော် တိုင် မ သွား လျှင် အကျွန်ုပ် တို့ကို ဤ အရပ်မှ ပို့ တော်မ မူပါနှင့်။
16 For otherwise, how will it be known that I have found favor in your eyes, I and your people? Will it not only be if you go with us so that I and your people are different from all the other peoples that are on the surface of the earth?”
၁၆အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
17 Yahweh said to Moses, “I will also do this thing that you have requested, for you have found favor in my eyes, and I know you by name.”
၁၇ထာဝရဘုရား က၊ သင်လျှောက် သည်အတိုင်း ငါပြု မည်။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီ။ သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏ဟု မောရှေ အား မိန့် တော်မူ၏။
18 Moses said, “Please show me your glory.”
၁၈တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
19 Yahweh said, “I will make all my goodness pass before you, and I will proclaim my name 'Yahweh' before you. I will be gracious to whom I will be gracious, and I will show mercy on whom I will show mercy.”
၁၉ထာဝရဘုရားက ငါ ၏ကောင်းမွန် ခြင်းရှိသမျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွားစေမည်။ ထာဝရဘုရား ၏နာမ တော်ကိုလည်း၊ သင့် ရှေ့ ၌ ငါကြွေးကြော် မည်။ ငါသည် ကျေးဇူး ပြုလိုသောသူ ကို ကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်။
20 But Yahweh said, “You may not see my face, for no one can see me and live.”
၂၀သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
21 Yahweh said, “See, here is a place by me; you will stand on this rock.
၂၁ငါ့ အနား မှာ နေရာ တခုရှိ၏။ သင်သည်ကျောက် ပေါ် မှာ ရပ် ရမည်။
22 While my glory passes by, I will put you in a crevice of the rock and cover you with my hand until I have passed by.
၂၂ငါ့ ဘုန်း ရှောက် သွားသောအခါ ၊ သင့် ကို ကျောက် ကြား ၌ ငါသွင်း ထား၍ ငါ ကြွ သွားသည်အခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံးအုပ် မည်။
23 Then I will take away my hand, and you will see my back, but my face will not be seen.”
၂၃ငါ လက် ကို သိမ်း ရုပ်သောအခါ ၊ ငါ့ ကျော ကိုသာ မြင် ရမည်၊ ငါ့ မျက်နှာ ကိုမ မြင် ရဟူ၍၎င်း မိန့် တော်မူ ၏။