< Exodus 14 >

1 Then Yahweh spoke to Moses, saying,
ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် လည် ၍ ၊ ပိဟဟိရုတ် မြို့နား၊
2 “Say to the Israelites that they should turn and camp before Pi Hahiroth, between Migdol and the sea, before Baal Zephon. You are to camp by the sea opposite Pi Hahiroth.
မိဂဒေါလ မြို့နှင့် ပင်လယ် စပ်ကြား ၊ ဗာလဇေဖုန် မြို့ရှေ့ မှာ တပ်ချ စေခြင်းငှာ မှာ လိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ် ကမ်းနားမှာ တပ်ချ ရကြမည်။
3 Pharaoh will say about the Israelites, 'They are wandering in the land. The wilderness has closed in on them.'
အကြောင်းမူကား၊ ဖာရော ဘုရင်က၊ ဣသရေလ အမျိုးသား တို့သည် ကျဉ်းကျုပ် ရာသို့ ရောက် ကြပြီ။ တော လမ်းပိတ် လျက်ရှိ၏ဟု ဆို လိမ့်မည်။
4 I will harden Pharaoh's heart, and he will pursue them. I will get honor because of Pharaoh and all his army. The Egyptians will know that I am Yahweh.” So the Israelites camped as they were instructed.
ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
5 When the king of Egypt was told that the Israelites had fled, the minds of Pharaoh and his servants turned against the people. They said, “What have we done? We have released Israel from serving us.”
ထိုလူ တို့ထွက်ပြေး ကြောင်း ကို၊ အဲဂုတ္တု ရှင်ဘုရင် အား ကြား ရှောက်သဖြင့် ၊ သူ မှစ၍ ကျွန် များတို့သည် မနာလိုသောစိတ် ဖောက်ပြန် လျှင်၊ ငါတို့သည် ဤ သို့ပြု ၍ ဣသရေလ လူတို့ကို ငါ တို့စေခိုင်း ရာမှ အဘယ်ကြောင့် လွှတ် ရသနည်းဟု ပြောဆို ကြ၏။
6 Then Pharaoh got his chariots ready and took his army with him.
ထိုအခါ ဖာရောဘုရင်သည်၊ ရထား တော်ကို ပြင် ၍ ၊ မိမိ လူ အပေါင်းတို့ကို ခေါ် လေ၏။
7 He took six hundred chosen chariots and all the other chariots of Egypt, with officers on all of them.
ရွေး သော ရထား ခြောက် ရာ ၊ အဲဂုတ္တု မြင်းစီးသူရဲ အပေါင်း နှင့်တကွ ၊ ဗိုလ် မင်းအသီးအသီး တို့ကို ခေါ်ယူ လေ၏။
8 Yahweh hardened the heart of Pharaoh, king of Egypt, and the king pursued the Israelites. Now the Israelites had gone away in triumph.
ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
9 But the Egyptians pursued them, together with all his horses and chariots, his horsemen, and his army. They overtook the Israelites camping by the sea beside Pi Hahiroth, before Baal Zephon.
ထိုသို့ ဖာရော ဘုရင်၏ မြင်း တော်၊ ရထား တော်၊ မြင်းစီးသူရဲ ဗိုလ်ပါ ၊ အဲဂုတ္တု လူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ် မြို့နား ၊ ဗာလဇေဖုန် မြို့ရှေ့ ၌ ပင်လယ် ကမ်းနားမှာ တပ်ချ လျက်နေသောဣသရေလ လူတို့ကို မှီ ကြ၏။
10 When Pharaoh came close, the Israelites looked up and were surprised. The Egyptians were marching after them, and they were terrified. The Israelites cried out to Yahweh.
၁၀ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
11 They said to Moses, “Is it because there were no graves in Egypt, that you have taken us away to die in the wilderness? Why have you treated us like this, bringing us out of Egypt?
၁၁မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
12 Is this not what we told you in Egypt? We said to you, 'Leave us alone, so we can work for the Egyptians.' It would have been better for us to work for them than to die in the wilderness.”
၁၂ငါ တို့သည် အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံနေလျက် ရှိ ကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ပြော ရာတွင်၊ ဤ အမှု ကို ရည်ဆောင်၍ ပြော သည်မဟုတ် လော။ ငါ တို့သည် ဤတော ၌ သေ ရသည်ထက် ၊ အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံလျှင် သာ၍ ကောင်းသည်ဟု ဆို ကြ၏။
13 Moses said to the people, “Do not be afraid. Stand still and see the rescue that Yahweh will provide for you today. For you will never see again the Egyptians whom you see today.
၁၃မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
14 Yahweh will fight for you, and you will only have to stand still.”
၁၄သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
15 Then Yahweh said to Moses, “Why are you, Moses, continuing to call out to me? Tell the Israelites to go forward.
၁၅ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
16 Lift up your staff, reach out with your hand over the sea and divide it in two, so that the people of Israel may go through the sea on dry ground.
၁၆သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။
17 Be aware that I will harden the Egyptians' hearts so they will go after them. I will get honor because of Pharaoh and all his army, his chariots, and his horsemen.
၁၇ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
18 Then the Egyptians will know that I am Yahweh when I have gotten honor because of Pharaoh, his chariots, and his horsemen.”
၁၈ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
19 The angel of God, who went before the Israelites, moved and went behind them. The pillar of cloud moved from before them and went to stand behind them.
၁၉ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
20 The cloud came between the camp of Egypt and the camp of Israel. It was a dark cloud to the Egyptians, but it lit the night for the Israelites, so one side did not come near the other all night.
၂၀ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
21 Moses reached out with his hand over the sea. Yahweh drove the sea back by a strong east wind all that night and made the sea into dry land. In this way the waters were divided.
၂၁မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
22 The Israelites went into the middle of the sea on dry ground. The waters formed a wall for them on their right hand and on their left.
၂၂ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
23 The Egyptians pursued them. They went after them into the middle of the sea—all Pharaoh's horses, chariots, and horsemen.
၂၃အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။
24 But in the early morning hours, Yahweh looked down on the Egyptian army through the pillar of fire and cloud. He caused panic among the Egyptians.
၂၄နံနက် ယံ ၌ ထာဝရဘုရား သည် မီး မိုဃ်းတိမ် တိုင် အားဖြင့် အဲဂုတ္တု တပ် ကို ကြည့်ရှု ၍ နှောင့်ရှက် တော်မူ၏။
25 Their chariot wheels were clogged, and the horsemen drove with difficulty. So the Egyptians said, “Let us flee from Israel, for Yahweh is fighting for them against us.”
၂၅သူ တို့ရထား အသွား ခက် စေခြင်းငှာ ရထားဘီး များကို ချို့တဲ့ စေတော်မူ၏။ အဲဂုတ္တု လူတို့ကလည်း ၊ ဣသရေလ လူတို့ထံမှ ပြေး ကြစို့။ ထာဝရဘုရား သည် သူ တို့ဘက်၊ အဲဂုတ္တု လူတို့တဘက်၌ စစ်တိုက် သည်ဟု ပြောဆို ကြ၏။
26 Yahweh said to Moses, “Reach out with your hand over the sea so that the waters may come back onto the Egyptians, their chariots, and their horsemen.”
၂၆ထာဝရဘုရား ကလည်း ၊ ပင်လယ်ရေ သည် အဲဂုတ္တု လူများ၊ ရထား များ၊ မြင်းစီးသူရဲ များတို့အပေါ် သို့ ပြန် စေခြင်းငှာ ၊ ပင်လယ် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
27 So Moses reached out with his hand over the sea, and it returned to its normal course when the morning appeared. The Egyptians fled into the sea, and Yahweh drove the Egyptians into the middle of it.
၂၇မိုဃ်းလင်း သောအခါ ၊ မောရှေ သည် လက် ကို ပင်လယ် ပေါ် မှာ ဆန့် သဖြင့် ၊ ပင်လယ် ရေသည် အားကြီး၍ ပြန် လာသည်ကို၊ အဲဂုတ္တု လူတို့သည် ပြေး ကြသော်လည်း၊ ထာဝရဘုရား သည် သူ တို့ကို ပင်လယ် အလယ် ၌ လှဲ တော်မူ၏။
28 The waters came back and covered Pharaoh's chariots, horsemen, and his entire army that had followed the chariots into the sea. No one survived.
၂၈ထိုသို့ ပင်လယ်ရေ သည် ပြန်လာ ၍ ၊ ပင်လယ် ထဲသို့ လိုက် ဝင်သော ဖာရော ဘုရင်၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေ အပေါင်း တို့ကို လွှမ်းမိုး သဖြင့်၊ တစုံတယောက် မျှ မ ကျန်ရစ် ရ၊
29 However, the Israelites walked on dry land in the middle of the sea. The waters were a wall for them on their right hand and on their left.
၂၉ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
30 So Yahweh saved Israel that day out of the hand of the Egyptians, and Israel saw dead Egyptians on the seashore.
၃၀ထိုသို့ ထာဝရဘုရား သည် ထိုနေ့ ၌ ဣသရေလ လူတို့ကို ၊ အဲဂုတ္တု လူတို့လက် မှ ကယ်လွှတ် တော်မူသဖြင့် ၊ ပင်လယ် ကမ်းနား မှာ အဲဂုတ္တု လူ အသေ ကောင်တို့ကို မြင် ရကြ၏။
31 When Israel saw the great power that Yahweh used against the Egyptians, the people honored Yahweh, and they trusted in Yahweh and in his servant Moses.
၃၁ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။

< Exodus 14 >