< Deuteronomy 19 >
1 When Yahweh your God cuts off the nations, those whose land Yahweh your God is giving you, and when you come after them and live in their cities and houses,
၁သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ နေသောလူမျိုး တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ် တော်မူသဖြင့် ၊ သင်သည် သူ တို့ အရာ၌ ဝင်စား ၍ ၊ သူ တို့မြို့ ၊ သူ တို့အိမ် ၌ နေ သောအခါ၊
2 you must select three cities for yourself in the middle of your land that Yahweh your God is giving you to possess.
၂သင် ၏ဘုရားသခင် ထာဝရဘုရား သည် အပိုင် ပေး တော်မူသော ထိုပြည် အတွင်း ၌ မြို့ သုံး မြို့တို့ကို ခွဲ ထား ရမည်။
3 You must build a road and divide the borders of your land into three parts, the land that Yahweh your God is causing you to inherit, so that everyone who kills another person may flee there.
၃လူအသက်ကိုသတ် မိသောသူအပေါင်း တို့သည် ထို မြို့သို့ ပြေး နိုင် မည်အကြောင်း ၊ သင့် အမွေခံစရာဘို့ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သုံးပိုင်း ပိုင်း၍ လမ်း ခရီးကိုလည်း ပြင်ဆင် ရမည်။
4 This is the law for the one who kills another and who flees there to live—anyone who kills his neighbor unintentionally, and did not previously hate him.
၄လူအသက်ကိုသတ် မိ၍ ၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ ၊ ထို မြို့သို့ ပြေး ရသောသူ ၏အမှု ဟူမူကား ၊ လူသည် ထင်း ခုတ် ခြင်းငှာ အဘော် နှင့် တော သို့ သွား ၍ သစ်ပင် ကိုခုတ်လှဲ စဉ်အခါ ၊ ပုဆိန် သည် အရိုးကျွတ်၍အဘော် ကိုထိ သောကြောင့်၊ မိမိအဘော်သေအောင်ပြုမိသောသူနှင့်တူ၍၊
5 For example, if a man goes into the forest with his neighbor to cut wood, and his chops with the ax to cut down a tree, and the ax head slips off of the handle and strikes his neighbor and kills him—then that man must flee to one of these cities and save his life.
၅ရန်ငြိုးဖွဲ့ ခြင်းမ ရှိဘဲမိမိ အဘော် ကိုအမှတ်တမဲ့ သတ်မိ သောသူသည်၊ ထို မြို့ တစုံတမြို့ သို့ ပြေး ၍ အသက် ချမ်းသာရလိမ့်မည်။
6 Otherwise the avenger of blood might go after the one who took a life, and in the heat of his anger overtake him, if the distance is too great, strike him and kill him, even though that man did not deserve to die, since he had not hated his neighbor in the past.
၆သို့မဟုတ် သေ စားသေစေသောသူသည် စိတ် မာန် ထစဉ်အခါ၊ လူ သတ်ကို လိုက် လျက် ခရီး ဝေး သောကြောင့် မှီ ၍ သတ် လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုး ဖွဲ့ ခြင်း မ ရှိသောကြောင့် အသေ သတ်ခြင်းကို မ ခံထိုက်။
7 Therefore I command you to select three cities for yourself.
၇ထိုကြောင့် မြို့ သုံး မြို့ကို ခွဲ ထားရမည်ဟု ငါ မှာ ထား၏။
8 If Yahweh your God enlarges your borders, as he has sworn to your ancestors to do, and gives you all the land that he promised to give to your ancestors;
၈ယနေ့ ငါ မှာထား သမျှ သော ဤ ပညတ် တော်တို့ကိုကျင့်စောင့် ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ် သောစိတ်နှင့် အစဉ်အမြဲ လမ်း တော်သို့ လိုက် လျှင်၎င်း၊
9 if you keep all these commandments to do them, which I am commanding you today—commandments to love Yahweh your God and to always walk in his ways, then you must add three more cities for yourself, besides these three.
၉သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ဘိုးဘေး တို့အား ပေး ခြင်းငှာ ဂတိထား သော ပြည် ရှိသမျှ ကို သင့် အား ပေး တော်မူ၍ ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို သည်အတိုင်း ၊ သင့် နေရာပြည် ကို ကျယ်ဝန်း စေတော်မူလျှင် ၎င်း၊
10 Do this so that innocent blood is not shed in the midst of the land that Yahweh your God is giving you for as an inheritance, so that no bloodguilt may be on you.
၁၀သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံစရာ ဘို့ပေး တော်မူသော ပြည် ၌ အသေမခံထိုက်သောသူသည်အသေခံ၍ လူ့အသက်ကိုသတ်သောအပြစ်သည် သင့် အပေါ်မှာ မ ရောက်မည် အကြောင်း၊ ယခု ဆိုခဲ့ပြီးသောမြို့သုံး မြို့မှတပါး၊ အခြား သောမြို့ သုံး မြို့ကိုထပ်၍ ခွဲထားရမည်။
11 But if anyone hates his neighbor, lies in wait for him, rises up against him, and mortally wounds him so that he dies, and if he then flees into one of these cities—
၁၁တနည်းကား၊ မိမိ အဘော် ကို ရန်ငြိုး ဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12 then the elders of his city must send and bring him back from there, and turn him over into the hand of the responsible relative, so that he may die.
၁၂သူ့ နေရာမြို့ ၌ အသက်ကြီး သူတို့သည် လူကို စေလွှတ် ၍ ထိုသူ ကို ဆောင် ခဲ့သဖြင့် ၊ သေ စေခြင်းငှာ သေစား သေစေသောသူ၏ လက် ၌ အပ် လိုက်ရကြမည်။
13 Your eye must not pity him; instead, you must eradicate the bloodguilt from Israel, that it may go well with you.
၁၃သင်၏မျက်စိ သည် သူ့ ကို မ သနား ရ၊ သင် သည် ချမ်းသာ ရမည်အကြောင်း ၊ လူ့ အသက်သတ်ခြင်းအပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။
14 You must not remove your neighbor's landmark that they set in place a long time ago, in your inheritance that you will inherit, in the land that Yahweh your God is giving you to possess.
၁၄သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အား အပိုင် ပေး တော်မူသော ပြည် မှာ အမွေခံ ရာ မြေ၌ ရှေး လူဟောင်းတို့သည် စိုက် ထားနှင့်သော အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို မ ရွှေ့ ရ။
15 One sole witness must not rise up against a man for any iniquity, or for any sin, in any matter that he sins; at the mouth of two witnesses, or at the mouth of three witnesses, must any matter be confirmed.
၁၅လူ သည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံ တဦး တည်း ရှိလျှင် သူ၏စကားမ တည် ရ။ သက်သေခံ နှစ် ဦး၊ သုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။
16 Suppose that an unrighteous witness rises up against any man to testify against him of wrongdoing.
၁၆မမှန်သော သက်သေခံတယောက်သည်၊ သူတပါး တဘက် ၌ မ မှန်သောသက်သေ ကို ခံ လျှင်၊
17 Then both men, the ones between whom the controversy exists, must stand before Yahweh, before the priests and the judges who serve in those days.
၁၇တရား တွေ့သောသူနှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်သို့၎င်း ၊ ထို ကာလ ၌ ရှိသောယဇ် ပုရောဟိတ်၊ တရားသူကြီး ရှေ့ သို့၎င်း လာ သဖြင့်၊
18 The judges must make diligent inquiries; see, if the witness is a false witness and has testified falsely against his brother,
၁၈တရားသူကြီး တို့သည် စေ့စေ့ စစ်ကြော ၍ ထိုသက်သေ ခံသောသူသည် မိမိ အဘော် တဘက် ၌ မ မှန် သောသက်သေ ကို ခံ ပြီးလျှင်၊
19 then must you do to him, as he had wished to do to his brother; and you will remove the evil from among you.
၁၉မိမိ အဘော် ၌ ပြု မည်ဟု အကြံ ရှိသည်အတိုင်း သူ ၌ ပြု ရမည်။ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ထိုသို့ ပယ်ရှား ရမည်။
20 Then those who remain will hear and fear, and will from then on commit no longer any such evil among you.
၂၀ကြွင်း သောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက် သောကြောင့် ၊ နောက် တဖန် ထိုသို့ သော ဒုစရိုက် ကို မ ပြု ဘဲနေကြလိမ့်မည်။
21 Your eyes must not pity; life will pay for life, eye for eye, tooth for tooth, hand for hand, foot for foot.
၂၁သင် ၏မျက်စိ သည် မ သနား ရ။ အသက် အတွက် အသက် ကို၎င်း ၊ မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း ဒဏ်ပေးရမည်။