< 2 Samuel 8 >

1 After this it came about that David attacked the Philistines and defeated them. So David took Metheg Ammah from the control of the Philistines.
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ် သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​နှိမ်​နင်း ကာ သူ​တို့​၏​စိုး​မိုး​မှု​ကို​နိ​ဂုံး​ချုပ်​စေ တော်​မူ​၏။
2 Then he defeated Moab and measured their men with a line by making them lie down on the ground. He measured off two lines to put to death, and one full line to keep alive. So the Moabites became servants to David and began to pay him tribute.
ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။
3 David then defeated Hadadezer son of Rehob, the king of Zobah, as Hadadezer was traveling to recover his rule by the Euphrates River.
ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-
4 David captured from him 1,700 chariots and twenty thousand footmen. David hamstrung all the chariot horses, but reserved enough of them for a hundred chariots.
မြင်း​တပ်​သား​တစ်​ထောင်​ခုနစ်​ရာ​နှင့်​ခြေ​လျင် တပ်​သား​နှစ်​သောင်း​ကို​ဖမ်း​ဆီး​ရ​မိ​တော် မူ​၏။ မင်း​ကြီး​သည်​ရ​ထား​အ​စီး​တစ်​ရာ အ​တွက်​မြင်း​တစ်​ရာ​ကို​သိမ်း​၍ ကျန်​သော မြင်း​ရှိ​သ​မျှ​တို့​၏​ခြေ​ကြော​ကို​ဖြတ် လေ​၏။-
5 When the Arameans of Damascus came to help Hadadezer king of Zobah, David killed twenty-two thousand Aramean men.
ဒ​မာ​သက်​မြို့​မှ​ရှုရိ​ပြည်​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ကို​စစ်​ကူ​ရန်​လာ​ရောက်​ကြ သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​ကို​တိုက် ခိုက်​၍​လူ​နှစ်​သောင်း​နှစ်​ထောင်​ကို​သုတ် သင်​ပစ်​လေ​၏။-
6 Then David put garrisons in Aram of Damascus, and the Arameans became servants to him and brought him tribute. Yahweh gave victory to David wherever he went.
ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​နယ် မြေ​တွင်​စစ်​စ​ခန်း​များ​ကို​တည်​ဆောက် ထား​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​သွား​ရောက် လေ​ရာ​အ​ရပ်​ရပ်​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။-
7 David took the golden shields that were on Hadadezer's servants and brought them to Jerusalem.
ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​စစ်​ဗိုလ်​များ ကိုင်​ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​များ​ကို​သိမ်း ၍​ယေ​ရု​ရှလင်​မြို့​သို့​ယူ​ဆောင်​သွား​၏။-
8 From Tebah and Berothai, cities of Hadadezer, King David took very much bronze.
မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။
9 When Tou, king of Hamath, heard that David had defeated all the army of Hadadezer,
ဟာ​ဒ​ဒေ​ဇာ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​ချေ​မှုန်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင် တော​ဣ​မင်း​ကြား​လျှင်၊-
10 Tou sent Hadoram his son to King David to greet him and to bless him, because David had fought against Hadadezer and defeated him, and because Hadadezer had waged war against Tou. Hadoram brought with himself objects of silver, gold, and bronze.
၁၀သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။-
11 King David set aside these objects to Yahweh, together with the silver and gold from all the nations that he conquered—
၁၁ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။
12 from Aram, Moab, the people of Ammon, the Philistines, and Amalek, along with all of the plundered goods of Hadadezer son of Rehob, the king of Zobah.
၁၂
13 David's name was well known when he returned from conquering the Arameans in the Valley of Salt, with their eighteen thousand men.
၁၃ဒါ​ဝိဒ်​သည်​ဆား​ချိုင့်​ဝှမ်း​မှ​ဧ​ဒုံ​ပြည်​သား တစ်​သောင်း​ရှစ်​ထောင်​ကို သုတ်​သင်​ရာ​မှ​ပြန် လာ​သော​အ​ခါ​ပို​၍​ပင်​ထင်​ပေါ်​ကျော် ကြား​၍​လာ​လေ​သည်။-
14 He placed garrisons throughout all of Edom, and all the Edomites became servants to him. Yahweh gave victory to David wherever he went.
၁၄သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။
15 David reigned over all Israel, and he administered justice and righteousness to all his people.
၁၅ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။-
16 Joab son of Zeruiah was the commander of the army, and Jehoshaphat son of Ahilud was recorder.
၁၆ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။-
17 Zadok son of Ahitub and Ahimelech son of Abiathar were priests, and Seraiah was scribe.
၁၇အ​ဟိ​တုတ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မ​လက်​တို့​ကား​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။ စ​ရာ​ယ​သည်​စာ​ရေး တော်​ကြီး​ဖြစ်​၍၊-
18 Benaiah son of Jehoiada was in charge of the Kerethites and Pelethites, and David's sons were the chief officials at the king's hand.
၁၈ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။

< 2 Samuel 8 >