< 2 Chronicles 22 >
1 The inhabitants of Jerusalem made Ahaziah, Jehoram's youngest son, king in his place, for the band of men that came with the Arabians into the camp had killed all his older sons. So Ahaziah son of Jehoram, king of Judah, became king.
၁အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက် ၍၊
2 Ahaziah was twenty-two years old when he began to reign; he reigned for one year in Jerusalem. His mother's name was Athaliah; she was the daughter of Omri.
၂အာခဇိ သည် အသက် နှစ်ဆယ်နှစ် နှစ်ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဩမရိ မြေး အာသလိ အမည် ရှိ၏။
3 He also walked in the ways of the house of Ahab for his mother was his advisor in doing wicked things.
၃မယ်တော် သည် မ ကောင်းသောအကြံ ကိုပေး သောကြောင့် ၊ ထို မင်းသည် အာဟပ် အမျိုး လိုက် ရာ လမ်း သို့ လိုက်၍၊
4 Ahaziah did what was evil in the sight of Yahweh, as the house of Ahab was doing, for they were his advisors after the death of his father, to his destruction.
၄အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော် သေ သောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိ ကို အကျိုးနည်း စေခြင်းငှါ မကောင်းသောအကြံကိုပေး ကြ၏။
5 He also followed their advice; he went with Joram son of Ahab, king of Israel, to fight against Hazael, king of Aram, at Ramoth Gilead. The Arameans wounded Joram.
၅အာခဇိသည် သူ တို့စကား ကိုနားထောင် သဖြင့် ၊ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နှင့် ဝိုင်းလျက်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရာတွင် ၊ ရှုရိ လူတို့သည်ယောရံ ကို ထိခိုက် ကြ၏။
6 Joram returned to be healed in Jezreel of the wounds that they had given him at Ramah, when he fought against Hazael, king of Aram. So Ahaziah son of Jehoram, king of Judah, went down to Jezreel to see Joram son of Ahab, because Joram had been wounded.
၆ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ၍ ၊ ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။
7 Now the destruction of Ahaziah was brought about by God through Ahaziah's visit to Joram. When he had arrived, he went with Jehoram to attack Jehu son of Nimshi, whom Yahweh had chosen to destroy the house of Ahab.
၇ဘုရားသခင် စီရင် တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ ရောက် သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ် အမျိုး ကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ် ပေးတော်မူသော နိမ်ရှိ သား ယေဟု ကို ဆီးကြိုခြင်းငှါ၊ ယောရံ နှင့် အာခဇိတို့သည် ထွက်သွား ၏။
8 It came about, when Jehu was carrying out God's judgment on the house of Ahab, that he found the leaders of Judah and the sons of Ahaziah's brothers serving Ahaziah. Jehu killed them.
၈ယေဟု သည် အာဟပ် အမျိုး ကို တရား စီရင်သောအခါ ၊ ယုဒ မှူးမတ် တို့ကို၎င်း ၊ အာခဇိ မင်း၌ ခစား သော နောင် တော်၏သား တို့ကို၎င်း၊ တွေ့ ၍ သတ် လေ၏။
9 Jehu looked for Ahaziah; they caught him hiding in Samaria, brought him to Jehu, and killed him. Then they buried him, for they said, “He is a son of Jehoshaphat, who sought Yahweh with all his heart.” So the house of Ahaziah had no more power to rule the kingdom.
၉ရှမာရိ ပြည်၌ ပုန်း လျက်နေသော အာခဇိ ကို ရှာ ၍ ဘမ်းမိ သောအခါ ၊ ယေဟု ထံသို့ ဆောင် ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ် ကြ၏။ အကြောင်း မူကား၊ သူသည် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ သော ယောရှဖတ် ၏ အမျိုး ဖြစ်သည်ဟု ဆို ကြ၏။ ထိုသို့ အာခဇိ အမျိုး သည် နိုင်ငံ ကိုအုပ်စိုး ခြင်းငှါ မ တတ်နိုင်။
10 Now when Athaliah, the mother of Ahaziah, saw that her son was dead, she arose and killed all the royal children in the house of Judah.
၁၀အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိမြင် သော် ၊ ထ ၍ ယုဒ ပြည် ၏ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းလေ၏။
11 But Jehosheba, a daughter of the king, secretly took Joash son of Ahaziah away from the king's sons who were about to be killed. She put him and his nurse into a bedroom. So Jehosheba, a daughter of King Jehoram, the wife of Jehoiada the priest (for she was the sister of Ahaziah), hid him from Athaliah, so that Athaliah did not kill him.
၁၁သို့ရာတွင် ၊ ရှင်ဘုရင် သမီး ယောရှေဘ သည်၊ အာခဇိ ၏သား ယောရှ ကို အသေခံရသောဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါဝှက်ထားသဖြင့်၊
12 He was with them, hidden in the house of God for six years, while Athaliah reigned over the land.
၁၂ခြောက် နှစ် ပတ်လုံးယောရှသည် သူ တို့နှင့်အတူ ၊ ဗိမာန် တော်၌ ပုန်းရှောင် လျက်နေ ၍ အာသလိ သည် စိုးစံ လေ၏။