< 1 Samuel 5 >
1 Now the Philistines had captured the ark of God, and they brought it from Ebenezer to Ashdod.
၁ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ၍ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။
2 The Philistines took the ark of God, brought it into the house of Dagon, and set it up beside Dagon.
၂ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။
3 When the people of Ashdod got up early the next day, behold, Dagon had fallen facedown on the ground before the ark of Yahweh. So they took Dagon and set him up in his place again.
၃အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ ၍ သူ ၏နေရာ ၌ တင် ထား ပြန်ကြ၏။
4 But when they got up early the next morning, behold, Dagon had fallen facedown on the ground before the ark of Yahweh. The head of Dagon and both of his hands were lying cut off in the doorway. Only the trunk of Dagon remained.
၄တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
5 This is why, even today, the priests of Dagon and anyone who comes into Dagon's house does not step on the doorway of Dagon in Ashdod.
၅ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။
6 Yahweh's hand was heavy upon the people of Ashdod. He destroyed them and afflicted them with tumors, both Ashdod and its territories.
၆အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။
7 When the men of Ashdod realized what was happening, they said, “The ark of the God of Israel must not stay with us, because his hand is hard against us and against Dagon our god.”
၇အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ၊ ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် မ ရှိ စေရဟု ဆို လျက်၊
8 So they sent for and gathered together all of the rulers of the Philistines; they said to them, “What should we do with the ark of the God of Israel?” They answered, “Let the ark of the God of Israel be brought around to Gath.” So they carried the ark of the God of Israel there.
၈လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။
9 But after they brought it around, Yahweh's hand was against the city, causing a very great confusion. He afflicted the men of the city, both small and great; and tumors broke out on them.
၉ထိုမြို့သို့ ဆောင် သွားသောနောက် ၊ ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ၌ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ၊ ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။
10 So they sent the ark of God to Ekron. But as soon as the ark of God came into Ekron, the Ekronites cried out, saying, “They have brought to us the ark of the God of Israel to kill us and our people.”
၁၀တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ ၊ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်၊
11 So they sent for and gathered together all of the rulers of the Philistines; they said to them, “Send away the ark of the God of Israel, and let it return to its own place, so that it does not kill us and our people.” For there was a deathly panic throughout the city; the hand of God was very heavy there.
၁၁လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။
12 The men who did not die were afflicted with the tumors, and the cry of the city went up to the heavens.
၁၂သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ၊ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။