< 2 Corinthians 11 >
1 I could wish that you would tolerate a little folly in me! But indeed you do tolerate me.
၁ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
2 I am jealous over you with the jealousy of God. For I betrothed you to one husband, that I might present you to the Christ a pure bride.
၂အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
3 Yet I fear that it may turn out that, just as the Serpent by his craftiness deceived Eve, so your minds may have lost the loyalty and purity due from you to the Christ.
၃မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
4 For, if some new-comer is proclaiming a Jesus other than him whom we proclaimed, or if you are receiving a Spirit different from the Spirit which you received, or a Good News different from that which you welcomed, then you are marvellously tolerant!
၄သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။
5 I do not regard myself as in any way inferior to the most eminent Apostles!
၅ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
6 Though I am no trained orator, yet I am not without knowledge; indeed we made this perfectly clear to you in every way.
၆စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။
7 Perhaps you say that I did wrong in humbling myself that you might be exalted — I mean because I told you God’s Good News without payment.
၇သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
8 I robbed other churches by taking pay from them, so that I might serve you!
၈သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
9 And, when I was with you in need, I did not become a burden to any of you; for our Brothers, on coming from Macedonia, supplied my needs. I kept myself, and will keep myself from being an expense to you in any way.
၉သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
10 As surely as I know anything of the Truth of Christ, this boast, as far as I am concerned, shall not be stopped in any part of Greece.
၁၀ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။
11 Why? Because I do not love you? God knows that I do!
၁၁အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
12 What I am doing now I shall continue to do, that I may cut away the ground from under those who are wishing for some ground for attacking me, so that as regards the thing of which they boast they may appear in their true characters, just as we do.
၁၂အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
13 Men of this stamp are false apostles, treacherous workers, disguising themselves as Apostles of Christ!
၁၃အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
14 And no wonder; for even Satan disguises himself as an angel of Light.
၁၄ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။
15 It is not surprising, therefore, if his servants also disguise themselves as servants of Righteousness. But their end will be in accordance with their actions.
၁၅သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။
16 I say again — Let no one think me a fool! Yet, if you do, at least welcome me as you would a fool, that I, too may indulge in a little boasting.
၁၆တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။
17 When I speak thus, I am not speaking as the Master would, but as a fool might, in boasting so confidently.
၁၇ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။
18 As so many are boasting of earthly things, I, too, will boast.
၁၈လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။
19 For all your cleverness, you tolerate fools willingly enough!
၁၉သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။
20 You tolerate a man even when he enslaves you, when he plunders you, when he gets you into his power, when he puts on airs of superiority, when he strikes you in the face!
၂၀သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။
21 I admit, to my shame, that we have been weak. But whatever the subject on which others are not afraid to boast — though it is foolish to say so — I am not afraid either!
၂၁ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။
22 Are they Hebrews? So am I! Are they Israelites? So am I! Are they descendants of Abraham? So am I!
၂၂သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။
23 Are they ‘Servants of Christ’? Though it is madness to talk like this, I am more so than they! I have had more of toil, more of imprisonment! I have been flogged times without number. I have been often at death’s door.
၂၃သူတို့သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
24 Five times I received at the hands of the Jews forty lashes, all but one.
၂၄ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ။
25 Three times I was beaten with rods. Once I was stoned. Three times I was shipwrecked. I have spent a whole day and night in the deep.
၂၅သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။
26 My journeys have been many. I have been through dangers from rivers, dangers from robbers, dangers from my own people, dangers from the Gentiles, dangers in towns, dangers in the country, dangers on the sea, dangers among false Brothers.
၂၆အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
27 I have been through toil and hardship. I have passed many a sleepless night; I have endured hunger and thirst; I have often been without food; I have known cold and nakedness.
၂၇ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
28 And, not to speak of other things, there is my daily burden of anxiety about all the Churches.
၂၈ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
29 Who is weak without my being weak? Who is led astray without my burning with indignation?
၂၉ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။
30 If I must boast, I will boast of things which show my weakness!
၃၀ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။
31 The God and Father of the Lord Jesus — he who is for ever blessed — knows that I am speaking the truth. (aiōn )
၃၁ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။ (aiōn )
32 When I was in Damascus, the Governor under King Aretas had the gates of that city guarded, so as to arrest me,
၃၂ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ၍၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင်၊
33 but I was let down in a basket through a window in the wall, and so escaped his hands.
၃၃တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။