< Titus 1 >

1 I, Paul, [am writing this letter to you, Titus]. [God appointed me to be] his servant and [to be] an apostle [who represents] Jesus Christ. [God appointed me in order that I might teach] those whom God has chosen [to be his people] to [correctly] believe [in him]. He wants me to teach them the true [teachings about God], in order that they will learn to behave (in a [godly manner/] a [manner that pleases God]).
မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊
2 [As a result of my doing these things, his people] confidently expect that God will cause them to live forever. God, who never lies, promised before he created the world that [his people] would live forever. (aiōnios g166)
ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊ (aiōnios g166)
3 Then at the time that he [chose], he revealed [to us his] message. [Specifically], God our Savior gave this message to me, and he trusted me to proclaim it to people.
ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
4 Titus, [I am writing this letter] to [you because you are like] a true son [MET] [to me because I led/helped you to] believe the same [teachings about Christ that I do]. ([I pray that/May]) [God our Father and Christ Jesus our Savior will continue to] act kindly toward you and cause you to have [inner] peace.
ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
5 When I [asked you] to stay on Crete [island], I wanted you to do these things: [Teach the believers what they need to know so that they] can understand correctly the [spiritual] matters about which some are teaching wrongly. Appoint elders [in the congregation] in each town in the manner in which I told you to do.
ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။
6 [When you appoint men as elders], you must choose men whom no one can [justly] accuse of [habitually] doing what is wrong (OR, whom everyone speaks well of). Specifically, appoint men who have been faithful to their wives. Appoint men whose children faithfully obey [them. Do not appoint men whose children habitually] do all the things that their bodies urge them to do, or who refuse to obey their parents.
အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။
7 Leaders [of the congregation] must be [men] who, as everyone knows, habitually do what is good (OR, [whom] no one can [justly] accuse of doing what is wrong), because it is on God’s behalf that they will direct/serve [the congregation. Specifically, they must] not be arrogant/proud. They must not easily become angry. They must not [be men who] drink much alcohol. They must not [be men who] ([act] violently/fight) [when they are angry. They must] not [be men who are] (greedy for/strongly desire to get) money.
အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊
8 Instead, they must be ones who welcome and take care of guests. They must (be devoted to/like to do) what is good. They must do [what God considers] to be right. They must be (holy/completely dedicated to God). They must be men who do what their minds tell them is right to do [and not what their emotions/desires urge them to do].
ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။
9 They must firmly believe in the message [about Jesus Christ] exactly as [I/we(inc)] taught it, in order that they might be able to teach [the believers] what is correct and to urge [them to follow it well. If they firmly accept our message], they will be able to convince those who oppose [what is correct that they are wrong].
စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။
10 [I say this] because there are many [people who oppose the correct teachings]. They refuse to obey people who have authority over them, they talk ([on and on/without stopping]), saying what helps no one, and they deceive people. The Jewish [believers] [MTY] [who insist we must obey all the Jewish rituals are] especially [doing this].
၁၀အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။
11 [You and the leaders whom you appoint] should prevent such people from teaching [the believers]. They are causing whole families to stop believing in the correct teachings [MET] by means of their teaching [people wrong ideas/teachings. They are teaching people only] in order that people will give them money, [which is very] shameful [for them to do].
၁၁ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။
12 A man from Crete [island] whom [they consider] a prophet said, “[My fellow] Cretan people are always lying [to one another! They are like dangerous] wild animals [MET]! They are lazy and always eat too much food [SYN]!”
၁၂သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲ ကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။
13 The words that this man said [about the Cretan people] are [still] true, [especially about their being liars]. So, rigorously convince/show [those Cretan believers] that those [false teachings] are wrong. Tell them to [firmly] believe in the correct teachings.
၁၃ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
14 [Teach them that] they should no [longer] listen to the stories that the Jews (made up/invented). [Especially] they should refuse to obey those who reject our true teachings, because those people are teaching things that only come from human beings, [not from God].
၁၄အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။
15 [Believers should reject] what they teach about food, [because] no [food that we eat] can make us unacceptable to God if we are pure [in our] ([inner beings/hearts]). But if people are evil and they do not trust [in Christ Jesus], there is no [ritual] that can make them acceptable to God. Such people’s way of thinking has been ruined {Such people have ruined their way of thinking}, and they do not even feel guilty [when they do what is evil].
၁၅စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။
16 Even though they claim/say that they know God, by what they do they [show that they] do not know (God/his true teaching). They do not obey [God], and they are unable to do anything that he considers to be good. [So God considers them to be absolutely] disgusting!
၁၆သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ် မရှိသောသူဖြစ်ကြ၏။

< Titus 1 >