< Romans 11 >
1 Because of that, [if anyone should ask], “Has God rejected his people [the Jews?” I would declare that] he certainly has not [rejected all of us! You can realize that by remembering that] I also belong to the [people of] Israel. I am a descendant of Abraham, and I belong to the tribe of Benjamin, [but God has not rejected me]!
၁သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။
2 No, God has not rejected his people, whom he chose long ago [to be people whom he would bless in a special way]. Remember [RHQ] what is written [PRS] in the Scriptures about Elijah when he [mistakenly] complained to God about [the people of] Israel, saying,
၂ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊
3 “Lord, they have killed [the rest of] your [(sg)] prophets, they have destroyed your altars. I am the only one [who believes in you] who remains [alive], and now they are trying to kill me!”
၃သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော။
4 God answered him like this: “[You(sg) are not the only one who believes in me]! I have protected for myself [not just you, but] 7,000 [other] men who have not worshipped [the false god] Baal. (Remember that!/Do you not remember that?) [RHQ]”
၄ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။
5 So, similarly, there is also at this time a small group [of us Jews] who have become [believers. God] has chosen us [to become believers] (OR, [his people]) only because he acts kindly toward us, in ways that we do not deserve.
၅ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။
6 Since it is because he acts kindly [toward those whom he chooses, it is] not because they have done good things [that he has chosen them]. If [God chose people because they did good deeds], then it would not be because he was acting toward them in a way that they did not deserve.
၆ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။
7 [Since God chose only some people of Israel], [this is what I conclude: [RHQ] Most of the people of] Israel did not find [the way for him to erase the record of their sins], even though some of them were earnestly looking for it. The [people of Israel whom God had] chosen found it, but the rest [of them] were {[God]} made spiritually insensitive/unresponsive.
၇သို့ဖြစ်လျှင်အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။
8 [Our] fellow Jews are just like the [ones] about whom Isaiah wrote, God (caused their senses to be dull/made them unable to think clearly). Up to this very day, [they have] eyes but they cannot see [spiritually] [MET]. [They have] ears, but they cannot understand [spiritually] what they hear.
၈ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။
9 And [they remind me of what King] David said, [when he asked God to cause his enemies’ senses to be dull] [MET], [Make them stupid] [MTY], [like animals that are] caught in snares! May they [feel secure because of the things that they enjoy but which will catch them like a] trap [DOU, MET], with the result that you will destroy them.
၉ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။
10 May their ability to perceive [danger] be dulled {Dull their ability to perceive [spiritually]} [MET], with the result that they will not [become alarmed] [MET] [when there is danger]. May you cause them to carry heavy loads on their backs continually [as slaves do] [MTY].
၁၀သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။
11 [Perhaps someone will ask], “[When the Jews] sinned [by not believing in Christ, did] it result in their separating themselves from God [permanently?]” Then I [would reply], [No], they have certainly not [separated themselves from God permanently]! What is happening is that because they sinned, [God] is saving non-Jews in order to cause [the Jews] to envy [the way he blesses non-Jews and so ask Christ to save them].
၁၁သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့၌ သက်ရောက် လေ၏။
12 [When the Jews] sinned (OR, rejected Christ), [the result was that God] abundantly [blessed other people in] [MTY] the world by [offering them the opportunity to believe]. And [when the Jews] failed [spiritually, the result was that God] abundantly [blessed] the non-Jews. Since that is true, think how wonderful it will be when the complete number [of the Jews whom God has chosen will believe in Christ] [RHQ]!
၁၂သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
13 Now it is to you non-Jews that I am saying [what follows]. I am the one who is the apostle to non-Jews, and I highly esteem this work [that God appointed] me to do.
၁၃ထိုသို့ဆိုသော်၊
14 But I also hope that [by my labors] I will make my fellow Jews (jealous/want what you non-Jews have), [with the result that] some of them will [believe and] be saved.
၁၄ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။
15 [God] has rejected [most of my fellow Jews because they refused to believe, with the result that] he reconciled [many other people in] the world [MTY] [to himself]. But he will accept [my fellow Jews again when they trust in Christ]! And (this is what the result will be./do you know what the result will be?) [RHQ] It will be [as though God is making them] alive again after they have been dead!
၁၅ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။
16 [Just like] the whole lump [of dough] will belong to God if [people offer] to God [MET] the [bread baked from] the first part [of it] [MET], [so the Jews will belong to God because their ancestors belonged to God]. And just like the branches [of a tree] will be good if the roots are good [MET], [so the descendants of our great Jewish ancestors who belonged to God will also some day belong to God].
၁၆အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
17 [God has rejected] many of [the Jews] [MET], [like] branches [of a tree] are broken off {[like people] break off [dead] branches [of a tree]}. And each of you [non-Jews whom God has accepted is like] [MET] [a branch of] a wild/uncultivated olive tree [that] was {[that someone]} grafted among the branches (OR, onto one of the branches) [that were left on a cultivated olive tree]. [God has caused] you [to benefit from how he blessed our(exc) first Jewish ancestors, as branches] benefit from the nutritious sap from the roots of a [cultivated] olive tree [MET].
၁၇အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။
18 However, you [non-Jews] must not despise [the Jews whom God rejected] [MET], [who are like] the branches that [were broken off from the tree] If any of you [wants to] boast [about having received blessings from God], [remember this: Branches] do not nourish the roots. Instead the roots nourish [the branches] [MET]. [Similarly, you are blessed by God because of what] you [have received from the Jews! It is not what the Jews have received from] you [that blesses them] [MET]!
၁၈ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။
19 If one of you then says, “[God rejected the Jews] [MET] [like] branches [MET] that are broken {that people broke} off [a tree and rejected], in order that [he might accept us non-Jews, as] branches [MET] of a tree are grafted in {[as people] graft in branches of a tree},”
၁၉ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
20 [I would reply that] this is true. However, it is because the Jews did not believe [in Christ] that they were rejected [MET] {that [God] rejected [MET] them}. As for you, it is [only] because you believe [in Christ] that [God has accepted] you! [So] do not [any of you] become proud, but instead beware [of what could happen to you]
၂၀မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
21 Since God did not spare [the unbelieving Jews] [MET] [who were like a tree’s] natural branches, he will not spare any of you [if you do] not [keep trusting in him]!
၂၁အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြော တော်မူမည်လော။
22 Note then, that God acts kindly, but he also acts severely. He has acted severely toward [the Jews] who have stopped trusting in him. On the other hand, he acts kindly toward each of you [non-Jews only] if you continue [to appreciate his acting] kindly [toward you]. However, you will be rejected {[he] will reject you} if you do not [keep trusting in him].
၂၂သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
23 And if the Jews believe [in Christ] [LIT], God also will [reunite them to himself as] branches are grafted {[as people] graft branches} into [a tree again], because God is able to do that.
၂၃သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
24 Each of you [non-Jews who were previously separated from God has benefited from the ways in which God blessed the Jews] [MET]. [That is like taking branches] that have been cut {that someone has cut} from a wild olive tree that just grew [without being planted] {[someone planting it]} and, contrary to what people usually do, grafting them into a cultivated olive tree. So God will much more readily [receive back the Jews because they belonged to him before] [MET]! [That will be like] the original branches [that had been cut off] being grafted {like grafting the original branches [that someone cut off], } back into the olive tree to which they [originally belonged]!
၂၄အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
25 My [non-Jewish] fellow believers, I certainly want you to understand [LIT] this truth that God has now revealed [about my fellow Jews who are refusing to believe]. You should not proudly think [that] God [now favors you] more [than the Jews] (OR, [that you understand God’s further plans for the Jews]). Many [people of] Israel will continue to be stubborn until all the non-Jews [whom God has chosen have believed in Jesus].
၂၅ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
26 And then all [HYP] [the people of] Israel will be saved {[God] will save all [HYP] [the people of] Israel}. Then these words that are written {that [a prophet] wrote} [in the Scriptures will] ([become true/be fulfilled]): The one who sets [his people] free will originate from [the place where] God dwells (OR, from the Jews) [MTY]. Then he will remove the guilt of the Israelite people (OR, descendants of Jacob) [MTY].
၂၆ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊
27 And [as God says], The contract that I will make with them is that I will forgive their sins.
၂၇သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
28 With regard to [the Jews rejecting] the good message [about Christ, God treats] them as enemies, which has benefited you [non-Jews]. But in regard to [their being the people whom God] chose, [God still] loves them because of [what he promised] their ancestors.
၂၈သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
29 [He still loves them], because he never changed his mind about the privileges/blessings he [gave to them] and about his choosing [them to be his people].
၂၉အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊
30 You [non-Jews] once disobeyed God, but now he has acted mercifully towards you because the [Jews] disobeyed him.
၃၀သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့၊
31 Now the Jews have disobeyed God. The result is that by the very same way in which he acted mercifully towards you, he will act mercifully towards them [again].
၃၁ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။
32 God has declared and proved that all people, [both Jews and non-Jews] [MET], disobey ([him/his laws]). He has declared that because he wants to act mercifully towards us all. (eleēsē )
၃၂ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။ (eleēsē )
33 [I marvel how] vast and great are the wise things that God [has done] and what he has [always] known [DOU]! We are completely unable to understand the things that he has decided and the ways [in which he acts toward us] [DOU]!
၃၃ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။
34 [I remember the Scriptures that say], (No one has known what the Lord thinks./Who has known what the Lord thinks?) [RHQ] (Absolutely no one has given him advice [about what he should do!]/Who has advised him [about what he should do]?) [RHQ]
၃၄ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။
35 And, (No one has given anything to God that [he did not previously receive from God!]/Has anyone given anything to God that [he did not previously receive from God]?) [RHQ] So God (is not obligated to/does not have to) pay back anything to anyone!
၃၅ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။
36 God [is the one who created] all things. He is also the one who [sustains all things]. The reason that he created them was that [everything he created might praise] him. May [all people] honor him forever! (May it be so!/Amen!) (aiōn )
၃၆ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn )