< Psalms 93 >

1 Yahweh, you are the King! You are majestic, and the power that you have is [like] [MET] a robe that a king wears. You put the world firmly in place, and it will never be moved/shaken.
ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။
2 You ruled as king a very long time ago; you have always existed.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။
3 Yahweh, [when you created the world, you separated] the water from [the chaotic mass and formed oceans], and the waves of the waters [of those oceans] still roar,
အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။ သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။
4 [but] you are greater than the roar of those oceans, more powerful than the ocean waves! You are Yahweh, the one who is greater than any other god!
ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင် အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။
5 Yahweh, your laws never change, and your temple has always been holy/sacred. And that will be true forever.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။

< Psalms 93 >