< Psalms 25 >

1 Yahweh, my God, I give myself to you.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
2 I trust in you. Do not allow my enemies [to defeat me], with the result that I would be ashamed/disgraced. Do not allow my enemies to defeat/conquer me, with the result that they would rejoice.
ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
3 Do not allow any of those who trust in you to be disappointed/disgraced. Cause those who (act treacherously toward/try to deceive) others to be disappointed/disgraced.
ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။
4 Yahweh, show me the way that I should (conduct my life/live as you want me to), teach me how to act in the manner that you want me to act/behave.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။
5 Teach me to conduct my life [by obeying] your truth because you are my God, the one who saves me. All the time I trust in you.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။
6 Yahweh, do not forget how you have acted mercifully to me and have faithfully loved me; that is the way that you have acted toward me from long ago.
အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့် က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
7 Forgive me for all the sinful things I did and the ways that I rebelled against you when I was young; I ask this because you faithfully love your people and do good things for them, Yahweh, do not forget me!
အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က ကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
8 Yahweh is good and fair/just; therefore he shows sinners (how they should conduct their lives/how to live as you want them to).
ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ် ဖြောင့်​မှန်​တော်​မူ​သ​ဖြင့် အ​ပြစ်​ကူး​သူ​တို့​အား​လျှောက်​လိုက်​သင့်​သည် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။
9 He shows humble people what is right for them to do and teaches them what he wants [them to do].
စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​လျက် ကိုယ်​တော်​၏​အ​လို​တော်​ကို​သွန်​သင်​တော်​မူ​၏။
10 He always faithfully loves and does what he has promised to those who keep his agreement with them and who do what he requires.
၁၀ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား ကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။
11 Yahweh, forgive me for all my sins, which are many, in order that I may honor you [MTY].
၁၁အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။
12 To all those who revere you [RHQ], you show them the (right way to conduct their lives/things that they should do).
၁၂ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ တို့​သည် မိ​မိ​တို့​လျှောက်​အပ်​သည့်​လမ်း​စဉ်​ကို ကိုယ်​တော်​၏​ထံ​မှ​သင်​ယူ​ကြ​လိမ့်​မည်။
13 They will always be prosperous, and their descendants will continue to live in [this] land.
၁၃သူ​တို့​သည်​အ​စဉ်​ပင်​ကောင်း​စား​ကြ​လျက် သူ​တို့​၏​သား​သ​မီး​များ​သည်​ပြည်​တော် ကို ပိုင်​ရ​ကြ​လိမ့်​မည်။
14 Yahweh is a friend of those who have an awesome respect for him, and he teaches them the agreement that he [made with them].
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​တော် မူ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တရား တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။
15 I always ask [MTY] Yahweh to help me, and he rescues me from danger [MET].
၁၅ကယ်​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ခါ​ခပ်​သိမ်း​မျှော်​ကြည့်​၏။ ကိုယ်​တော်​သည်​လည်း​ငါ့​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​၏။
16 Yahweh, pay attention to me and be merciful to me, because I am alone, and I am very distressed because I am suffering/oppressed.
၁၆အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။
17 Help me to not worry, and rescue me from my troubles.
၁၇ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​အ​ပေါင်း​ကို ငြိမ်း​စေ​တော်​မူ​လျက် ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ ကယ်​တော်​မူ​ပါ။
18 Note that I am distressed and troubled [DOU], and forgive [me for] all my sins.
၁၈ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။
19 Also note that I have many enemies, see that they hate me very much.
၁၉ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။
20 Protect me, and rescue me from them; do not allow [them to defeat me], [with the result that] I would be ashamed/disgraced; I have come to you to (get refuge/be safe).
၂၀ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။ ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ရန်​ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။
21 Protect me because I do what is good and honest/just [PRS], and because I trust in you.
၂၁ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​သစ္စာ​သ​မာ​ဋ္ဌိ​ရှိ​မှု​သည် ကျွန်​တော်​မျိုး​အား​စောင့်​ထိန်း​ပါ​စေ​သော။
22 God, rescue [us] Israeli people from all of our troubles!
၂၂အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဣ​သ​ရေ​လ​လူ​မျိုး​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ပါ။

< Psalms 25 >