< Psalms 116 >

1 I love Yahweh, because he hears me when I cry for him to help me.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ပန်​ကြား လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၏။ ကိုယ်​တော်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ထောင်​တော်​မူ​၏။
2 He listens to me, so I will call out to him all during my life.
ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။
3 Everything around me [MET] caused me to think that I would die; I was very afraid that I would [die and go to] the place where dead people are. I was very distressed/worried and afraid. (Sheol h7585)
သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။ (Sheol h7585)
4 [But] then I called out to Yahweh, saying, “Yahweh, I plead with you to save/rescue me!”
ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။
5 Yahweh is kind and does what is right; he is our God, and he acts mercifully [to us].
ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။
6 He protects those who (are helpless/cannot defend themselves); and when I thought that I would die, he saved me.
ထာ​ဝ​ရ​ဘု​ရား​သည်​ခို​ကိုး​ရာ​မဲ့​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ ငါ​ဘေး​ဥ​ပဒ်​ရောက်​သော​အ​ခါ​ငါ့​ကို ကယ်​တော်​မူ​၏။
7 I must encourage/tell myself to (have inner peace/not worry any more), because Yahweh has done very good things for me.
အို ငါ့​စိတ်​နှ​လုံး၊ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ​ဖြစ်​၍ ယုံ​ကြည်​စိတ်​ချ​စွာ​နေ​လော့။
8 Yahweh has saved me [SYN] from dying, and has kept/protected me from [troubles that would cause me to] cry. He has kept/protected me from stumbling.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​သက်​ကို သေ​ဘေး​မှ​လည်း​ကောင်း၊ ငါ့​မျက်​စိ​ကို​မျက်​ရည်​ကျ​ခြင်း​မှ​လည်း ကောင်း၊ ငါ​၏​ခြေ​ကို​ချော်​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​တော်​မူ​ပြီ။
9 [So here] on the earth, where people are still alive, I live knowing that Yahweh is [directing] me.
သို့​ဖြစ်​၍​ငါ​သည်​အ​သက်​ရှင်​သူ လူ​သား​တို့​၏​ဘောင်​တွင် ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော်​၌ သက်​ရှင်​လှုပ်​ရှား​လျက်​နေ​ရ​၏။
10 I continued to believe/trust [in Yahweh], even when I said, “I am greatly afflicted/troubled.”
၁၀ငါ​သည်​ကြောက်​လန့်​သ​ဖြင့်``ငါ့​မှာ​ယုံ​ကြည် နိုင်​သူ တစ်​ယောက်​မျှ​မ​ရှိ'' ဟူ​၍​လည်း​ကောင်း ``ငါ​သည်​စိတ်​ဒုက္ခ​ကြီး​စွာ​ရောက်​ပါ​ပြီ'' ဟူ​၍​လည်း​ကောင်း​ဆို​စဉ်​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​မြဲ​ယုံ​ကြည် လျက်​နေ​ပါ​၏။
11 [Even] when I was distressed/worried and said, “I cannot trust anyone,” [I continued to trust in Yahweh].
၁၁
12 So now [I will tell you] [RHQ] what I will offer to Yahweh, because of all the good things that he has done for me.
၁၂ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။
13 I will offer to him a cup [of wine] to thank him for saving/rescuing me.
၁၃ငါ့​ကို​ကယ်​တော်​မူ​သည့်​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​စ​ပျစ်​ရည်​ကို ပူ​ဇော်​မည်။
14 When I am together with many [HYP] people who belong to Yahweh, I will give to him the offerings that I solemnly promised to give to him.
၁၄ငါ​သည်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ခဲ့ သည့်​အ​တိုင်း ကိုယ်​တော်​၏​လူ​စု​တော်​စု​ဝေး​ရာ​တွင် မိ​မိ​၏​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။
15 Yahweh is very grieved/sad when one of his people dies.
၁၅ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော်​အ​နက်​တစ်​စုံ တစ်​ယောက် သေ​ဆုံး​သွား​လျှင် ကိုယ်​တော်​အ​တွက်​ကြီး​မား​သော​ဆုံး​ရှုံး​မှု ဖြစ်​ပါ​သည်​တ​ကား။
16 I am one of those who serve Yahweh; I serve him like my mother did. He has freed/saved me from dying (OR, from being fastened by chains).
၁၆အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​၏​မိ​ခင်​နည်း​တူ​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သေ ဘေး​မှ ကယ်​တော်​မူ​ပါ​ပြီ။
17 [So] I will offer to him a sacrifice to thank him, and I will pray to him.
၁၇ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။
18 When I am together with many of [HYP] the people who belong to Yahweh, [in the courtyard] outside his temple in Jerusalem, I will give to him the offerings that I solemnly promised to give to him. Praise Yahweh!
၁၈ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​တို့ စု​ဝေး​ရာ ယေ​ရု​ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​၌ သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။

< Psalms 116 >