< Psalms 100 >
1 Everyone in the world should shout joyfully to Yahweh!
၁အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
2 We should worship Yahweh gladly! We should come before him singing joyful songs.
၂ထာဝရဘုရားအားရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုကြလော့။ ဝမ်းမြောက်ဖွယ်ရာသီချင်းများဆိုလျက် ရှေ့တော်သို့ဝင်ကြလော့။
3 We should acknowledge/recognize that Yahweh is God; it is he who made us, [so] we belong to him. We are the people that he takes care of [MET]; we are [like] sheep that are cared for by their shepherd.
၃ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
4 Enter the gates [of his temple] thanking him; enter the courtyard [of the temple] singing songs to praise him! Thank him and praise him,
၄ကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။ ထောမနာပြုလျက်တံတိုင်းတော်တွင်းသို့ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်အား ထောမနာပြုကြလော့။
5 because Yahweh always [does] good [things for us]. He faithfully loves us, and (is faithful/is loyal to us forever/will never forsake us).
၅ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။