< Nehemiah 9 >
1 On October 31, the people gathered together again. They (fasted/abstained from eating food), they wore clothes made from rough cloth, and they put dirt on their heads [to show that they were sorry for their sins].
၁ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ် ကိုဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကို တင်လျက် စည်းဝေး ကြ၏။
2 The Israeli people separated themselves from all the foreigners. They stood there and confessed their sins and the sins that their ancestors had committed.
၂ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့ သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ၍၊ ကိုယ်အပြစ် နှင့် ဘိုးဘေးတို့၏ အပြစ်များကို ဘော်ပြတောင်းပန် ကြ၏။
3 The scroll that contained the laws of Yahweh, the God whom they [worshiped], was read to them for three hours. Then for three more hours they confessed their sins and they worshiped Yahweh.
၃မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။
4 [Some of] the descendants of Levi were standing on the stairs. They were Jeshua, Bani, Kadmiel, Shebaniah, Bunni, Sherebiah, [another] Bani, and Kenani.
၄ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။
5 Then [the leaders of] the Levites called out to the people. They were Jeshua, Bani, Hashabneiah, Sherebiah, Hodiah, Shebaniah, and Pethahiah. They said, “While you are standing there, praise Yahweh your God, who has always lived and will live forever!” [Then one of them continued by praying this to God], “Yahweh, we praise your glorious name! You are much greater than anything that we can think about or talk about!
၅တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
6 “You only are God. You made the sky and the heavens and all the stars. You made the earth and everything that is on it, and you made the seas/oceans and everything that is in them. You are the one who gives life to everything and helps them remain alive. All the angels who are in heaven worship you.
၆ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
7 “Yahweh, you are God. You chose Abram and brought him out of Ur [city] in Chaldea [region]. You gave him a new name, Abraham.
၇အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။
8 You saw that he was trustworthy. Then you made (an agreement with/a promise to) him, saying that you would give [to him and] to his descendants the land that the descendants of Canaan, Heth, Amor, Periz, Jebus, and Girgash lived in. And you have done what you promised, because you always do what is right.
၈ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
9 “You saw what our ancestors were suffering in Egypt. You heard them cry to you for help when they were at the Red Sea.
၉အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။
10 Because you knew that the leaders of Egypt were treating our ancestors very arrogantly, you performed many kinds of miracles that caused the king and his officials and all his people to suffer. As a result, you became famous then, and you are still famous!
၁၀ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 You caused the Red Sea to divide, with the result that your people walked through it on the ground without [getting their feet] wet. [After they were all safely on the other side, ] you [caused the water to come back again], and you hurled into the deep water the [soldiers of the Egyptian army] that were pursuing our ancestors. Their soldiers sank into the deep sea like stones!
၁၁သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
12 During each day you led our ancestors with a bright cloud that resembled a huge pillar, and each night you led them by a flaming cloud that gave them light to show them where to walk.
၁၂ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
13 “When our ancestors were at Sinai Mountain, you came down from heaven and spoke to them. You gave them many regulations and instructions that are just and reliable, and you gave them commands and laws that are good.
၁၃ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ၏။
14 You taught them about your holy (Sabbath/day of rest), and you gave many kinds of laws to your servant Moses for him to tell to the people.
၁၄သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။
15 When they were hungry, you gave them manna from the sky; and when they were thirsty, you gave them water from a rock. You commanded them to go and take, from the people who lived there, the land which you had promised to give to them.
၁၅သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။
16 “But our ancestors were very proud and stubborn [IDM], and they did not do what you commanded them to do.
၁၆သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။
17 They refused to heed you, and they forgot about all the miracles that you had performed for them. Instead, they became stubborn [IDM], and they appointed someone to lead them back to Egypt, where they would be slaves again! But you are a God who forgives us and who is kind and merciful [to us]. You do not quickly become angry. You always faithfully love us.
၁၇သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
18 So, even though their [leaders] made an idol that resembled a calf and insulted you by saying [about the idol], ‘This is our god, who brought you up out of Egypt,’ you did not desert them.
၁၈ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊
19 “Because you always act mercifully, you did not abandon them when they were in the desert. The bright cloud which was like a huge pillar continued to lead them during the daytime, and the fiery cloud showed them where to walk at night.
၁၉ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ်။
20 You sent your good Spirit to instruct them. You continued to provide water when they were thirsty.
၂၀သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ် တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေ ခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
21 For 40 years you took care of them in the desert. During all that time, they had everything [that they needed]. Their clothes did not wear out, and their feet did not swell up [even though they were continually walking].
၂၁အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။
22 “You helped our ancestors to defeat armies of great kings who ruled many people-groups. By doing that, you enabled our ancestors to (occupy/live in) even the most distant places in this land. They occupied the land over which King Sihon ruled from Heshbon [city] and the land over which King Og ruled in [the] Bashan [area].
၂၂နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23 You caused our ancestors’ descendants to become as numerous as the stars in the sky, and you brought them into this land, the land that you told their fathers to enter and occupy.
၂၃သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24 Their sons went in and took the land [from the people that lived there]. You enabled them to defeat the descendants of Canaan who lived here in this land. You enabled them to conquer the descendants of Canaan and their kings and the people whom they ruled. You enabled our ancestors to do to those people whatever they wanted to do.
၂၄သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25 Our ancestors captured cities that had walls around them, and they took possession of fertile land. They took possession of houses that were full of good things, where there were wells that were already dug. They took possession of many vineyards and groves of olive trees and fruit trees. They ate all that they wanted to and became fat. They were delighted in all these good things that you gave to them.
၂၅ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်း သောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော် ကြ၏။
26 “But they disobeyed you and rebelled against you. They (turned their backs on/rejected) your laws. They killed the prophets who warned them that they should return to you. They badly insulted you.
၂၆သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏။
27 So you allowed their enemies to defeat them. But when their enemies caused them to suffer, they called out to you. You heard them from heaven, and because you are very merciful, you sent them people to help them, and those leaders rescued them from their enemies.
၂၇ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။
28 “But after there was a time of peace again, our ancestors again did things that displeased you. So again you allowed their enemies to conquer them. But whenever they cried out to you again [to help them], you heard them from heaven, and because you act mercifully, you rescued them many times.
၂၈တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29 “You warned them that they should again [obey] your laws, but they became proud and stubborn, and they disobeyed your commands. They sinned by disobeying what you commanded them to do, the things that would enable them to live a good long life [if they obeyed them]. They stubbornly refused [IDM] to listen to you and continued sinning.
၂၉တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။
30 You were patient with them for many years. You warned them trough [the messages] your Spirit gave to the prophets. But they did not (heed/pay attention to) those messages. So again you allowed [the armies of] other nations to defeat them.
၃၀နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။
31 But because you act very mercifully, you did not get rid of them completely or abandon them [forever]. You are a very gracious/kind and merciful God!
၃၁သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။
32 “Our God, you are great! You are mighty! You are awesome! You faithfully love us as [you promised in] your agreement with us that you would do! But now we are experiencing great difficulties/hardships. Great troubles have come to us, to our kings, to our [other] leaders, to our priests, and to our prophets. We have been experiencing these troubles since [the armies of] the kings of Assyria [conquered us], and we are still experiencing them. We ask that you sincerely think about [LIT] all these things.
၃၂သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
33 [We know that] you acted justly each time that you punished us. We have sinned greatly, but you have treated us fairly.
၃၃ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။
34 Our kings and other leaders and our priests and our other ancestors did not obey your laws. They did not heed your commands or the warnings that you gave to them.
၃၄အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ။
35 Even when they had their own kings, and they enjoyed the good things that you did for them in this large and fertile land that you gave to them, they did not serve you. They refused to quit doing what was evil.
၃၅ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ၍၊ သူတို့ပိုင်သော နိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည် ကောင်း၌နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။
36 “So now we are [like] slaves here in this land that you gave to our ancestors, the land that you gave to them in order that they could enjoy all the good things that grow here.
၃၆ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန်ခံရကြပါ၏။
37 Because we have sinned, [we cannot eat the things that grow here]. The kings that now rule over us are enjoying the things that grow here. They rule us and [take] our cattle. We have to serve them and do the things that please them. We are experiencing great misery/distress.
၃၇အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
38 “However, we [Israeli] people now are making an agreement/promise [to obey you], and we are writing this agreement/promise [on a scroll]. We will write on it the names of our leaders and the names of the Levites and the names of the priests, and then we will seal it.”
၃၈ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင် ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့ အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ် ခတ်ကြ၏။