< Nahum 3 >
1 Terrible things will happen to [Nineveh], that city [that is full of people who] murder [MTY] and lie. [The city is] full of things that were seized [from other countries by their soldiers]; [their armies] continually [LIT] have acted brutally towards people whom they conquered.
၁တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊ လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။
2 But [now listen to the enemy soldiers coming to attack Nineveh]; [listen to them] cracking their whips, and [listen to the] rattle of [their chariot] wheels! [Listen to] their galloping horses and their chariots as they bounce along!
၂နှင်တန်ရိုက်သံ၊ရထားဘီးလှိမ့်သံ၊မြင်းခွာသံ၊ စစ်မြင်းရထားဆောင့်သံကိုနားထောင်လော့။
3 [Look at their] flashing swords and glittering spears as the horsemen race forward! Many [people of Nineveh will be] killed; [there will be] piles of corpses, [with the result that] people will stumble over them.
၃မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။
4 All [that will happen] because [Nineveh is like] [MET] a beautiful prostitute [who lures men to where they will be ruined]; [Nineveh is a beautiful city] which has attracted/enticed [people of] other nations [to come there]. [The people of Nineveh] taught those people [of other nations rituals of] magic, and caused them to become their slaves.
၄နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။ သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင် ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။
5 [So] the Commander of the armies of angels says to [the people of Nineveh]: “I am your enemy, and I will [cause the people in other] nations to see you [completely] humiliated like [MET] [women who have committed adultery are humiliated by] having their skirts lifted high, [with the result that] people can see their naked [bodies].
၅အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။
6 I will cause rubbish/garbage to be thrown at you; I will show [others] that I despise you very much, and I will cause you to be publicly ridiculed.
၆ငါသည်စက်ဆုပ်ရွံရှာမှုနှင့်သင့်ကိုဆက်ဆံ၍ အညစ်အကြေးများဖြင့်ဖုံးအုပ်မည်။ လူတို့သည်သင့်အားအော့နှလုံးနာလျက် ငေး၍ကြည့်ကြလိမ့်မည်။
7 All those who see you will turn their backs to you and say, ‘Nineveh is ruined, but absolutely no one [RHQ] will mourn for it.’ No one will regret Nineveh being destroyed!”
၇သင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။ သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။ အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။
8 Your city is certainly [RHQ] no safer than Thebes [city] was. [Thebes was an important city] beside the Nile [River]; the river was [like] [SIM] a wall that protected the city [DOU].
၈အို နိနေဝေမြို့၊ သင်သည်အီဂျစ်ပြည်၏မြို့ တော်သီဘီမြို့ထက်သာလွန်ကောင်းမွန်ပါ သလော။ ထိုမြို့တွင်လည်းမြို့ရိုးသဖွယ်ကာ ကွယ်မှုကိုပေးသည့်မြစ်တစ်ခုရှိပေသည်။ နိုင်းမြစ်ကားထိုမြို့၏ကွယ်ကာရာပင်တည်း။-
9 [The rulers of] Ethiopia and Egypt helped Thebes; there was no limit to their power. [The governments of the nearby countries of] Put and Libya were also allies of Thebes.
၉သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-
10 But Thebes was captured, and [its people were] (exiled/forced to go to other countries). Their babies were dashed to pieces in the streets [of the city]. [Enemy soldiers] (cast lots/threw small marked stones) to decide who would get each official in Thebes [to become his slave]. All the leaders of Thebes were fastened/tied by chains.
၁၀သီဘီမြို့သူမြို့သားတို့သည်ပြည်နှင်ဒဏ်သင့် ကြလျက်သူတို့၏သားသမီးများသည်လမ်း ဆုံလမ်းခွတိုင်း၌အရိုက်အနှက်ခံရကြ၏။ သူတို့အထဲမှဂုဏ်အသရေရှိသူများကို သံကြိုးများနှင့်ချည်နှောင်ခေါ်ဆောင်ကာ မိမိတို့အချင်းချင်းမဲချ၍ခွဲဝေယူကြ၏။
11 You [people of Nineveh] will similarly become dazed and drunk, and you will search for places to hide [to escape] from your enemies.
၁၁အို နိနေဝေမြို့၊ သင်သည်မူးယစ်ထုံထိုင်း လျက်ရန်သူများ၏လက်မှလွတ်မြောက် ရန်ကြိုးစားလိမ့်မည်။-
12 [Your enemies will cause] the walls around your city to fall down like [SIM] the first figs that fall from fig trees [each year]. [Your city will be captured easily, like] [MET] [figs that fall] into the mouths [HYP] of those who shake the fig trees.
၁၂သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
13 Look at your soldiers! They will be [as weak/helpless as] [MET] women! The gates of your city will be opened wide [to allow] your enemies [to enter them], [and then] the bars of those gates will be burned.
၁၃သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
14 Store up water [now to use when] your enemies surround the city! Repair the forts! Dig up clay and trample it [to make it soft], and put it into molds to make bricks [to repair the walls]!
၁၄မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
15 [Nevertheless, your enemies] will burn your [city]; they will kill you with their swords; they will kill you like [SIM] locusts [destroy crops].
၁၅သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။ သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။-
16 In your [city] there are now very many merchants; [it seems that] there are more of them than there are stars. But [when your city is being destroyed, those merchants will take the valuable things and disappear] [like] [SIM] locusts that strip the leaves from plants and [then] fly away.
၁၆မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-
17 Your leaders are [also] like a swarm of [SIM] locusts [DOU] that crowd together on the stone fences/walls on a cold day, and [then] fly away when the sun comes up, and no one knows where they have gone.
၁၇သင်၏အစောင့်များနှင့်မှူးမတ်များသည်ချမ်း ဧချိန်ညဥ့်အခါနံရံများတွင်နားနေပြီး လျှင် နေထွက်သည်နှင့်ပျံထွက်သွားသဖြင့် အဘယ်အရပ်သို့ရောက်ရှိနေမှန်းမသိရ သည့်ကျိုင်းကောင်အုပ်နှင့်တူကြ၏။
18 O King of Assyria, your officials will [all] be dead [EUP]; your important people will lie down and rest [forever]. Your people will be scattered over the mountains, and there will no one to gather them [together].
၁၈အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-
19 You [are like someone who] has a wound that cannot be healed; [it will be] a wound that causes him to die. And all those who hear about what has happened to you will clap their hands [joyfully]. [They will say, ] “Everyone has [RHQ] suffered because he continually was [very] cruel to us.”
၁၉သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။