< Exodus 6 >

1 Then Yahweh said to Moses/me, “Now you will see what I will do to the king [and his people]. I will powerfully [MTY] compel him to let my people go. In fact, by my power [MTY] [I will force] him to expel them from his land!”
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။
2 God also said to Moses/me, “I am Yahweh.
ဘု​ရား​သ​ခင်​က မော​ရှေ​အား``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။-
3 I am the one who appeared to Abraham, Isaac, and Jacob, and [told them that I] was God Almighty, but I did not [tell] them that my name [was Yahweh].
အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-
4 I also made my solemn agreement with them, promising to give them the Canaan region. That was the area in which they were living as foreigners.
ထို့​အ​ပြင်​သူ​တို့​သည်​ဧည့်​သည်​အ​ဖြစ်​ဖြင့်​နေ ထိုင်​ခဲ့​ရ​သော​ခါ​နာန်​ပြည်​ကို သူ​တို့​အား​ပေး မည်​ဟု​ငါ​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
5 Furthermore, I have heard the Israeli people as they were groaning [because of the hard work that] the Egyptians forced them to do as their slaves. I have thought about that solemn promise [that I made].
ယ​ခု​ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​ရ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​သံ​ကို ကြား​ရ​သ​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ် ကို​သ​တိ​ရ​ပြီ။-
6 So tell the Israeli people that [I said this: ] ‘I am Yahweh. I will free you from the burdens [of heavy work] that the Egyptians [have given you]. I will free you from being their slaves. With my great power [MTY] and by punishing them [MTY] very severely, I will save you.
ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-
7 I will cause you to be my own people, and I will be your God, [the one you worship]. You will truly know that I, Yahweh your God, am the one who has freed you from the burdens [of work as slaves] of the Egyptians.
ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-
8 And I will bring you to the land that I solemnly promised to give to Abraham, to Isaac, and to Jacob. You will possess it [forever]. I, Yahweh, am [promising this].’”
အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ငါ​က​တိ​ထား​သော​ပြည်​သို့​သင်​တို့​အား​ပို့ ဆောင်​မည်။ ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား အ​ပိုင်​ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ၏' ဟူ​၍​ပြော​ကြား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
9 Moses/I told that to the Israeli people, but they did not believe what he/I said. They were very discouraged [IDM] because of the hard work [that they had been forced to do as slaves].
မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။
10 Yahweh said to Moses/me,
၁၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
11 “Go and tell the king of Egypt [again] that he must allow the Israeli people to leave his land!”
၁၁``အီ​ဂျစ်​ဘု​ရင်​ထံ​သို့​ဝင်​၍​သူ​၏​တိုင်း​ပြည် မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထွက်​ခွင့် ပြု​စေ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။
12 But Moses/I said to Yahweh, “Listen [to what I am saying]. [Even] the Israeli people have not paid attention to what I [told them]. But I am a poor speaker. [MET, MTY] So (why should the king pay attention to what I tell him?/the king will certainly not pay attention to what I [tell him]!)” [RHQ]
၁၂ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။
13 But Yahweh spoke to Aaron and Moses/me and commanded them/us, “Tell the Israeli people and the king of Egypt that I have [commissioned you two] to lead the Israeli people out of Egypt.”
၁၃ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ရန်​သင်​တို့​အား ငါ​အ​မိန့် ပေး​တော်​မူ​ကြောင်း​ဣသ​ရေ​လ​အ​မျိုး​သား တို့​နှင့်​အီ​ဂျစ်​ဘု​ရင်​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
14 (Here is/I will now give you) a list of the ancestors of [Moses/me and Aaron]: The sons of Reuben, who was Jacob’s oldest son, [were] Hanoch, Pallu, Hezron, and Carmi. They were [ancestors of] the clans [that have those same names].
၁၄ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-
15 The sons of Simeon [were] Jemuel, Jamin, Ohad, Jachin, Zohar, and Shaul. Shaul’s mother was a woman from the Canaan people-group. Those men also were [ancestors of] clans [that have those same names].
၁၅ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-
16 These are the names of the sons of Levi, in the order in which they were born: Gershon, Kohath, and Merari. Levi was 137 years old [when he died].
၁၆လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-
17 The sons of Gershon [were] Libni and Shimei. They were ancestors of clans that have those names.
၁၇ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-
18 The sons of Kohath [were] Amram, Izhar, Hebron, and Uzziel. Kohath was 133 years old [when he died].
၁၈ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-
19 The sons of Merari [were] Mahli and Mushi. All of those people whose names [I have listed] belonged to tribes/clans descended from Levi, in the order in which they were born.
၁၉မေ​ရာ​ရိ​၏​သား​နှစ်​ယောက်​မှာ​မ​ဟာ​လိ​နှင့် မု​ရှိ​တို့​ဖြစ်​ကြ​၏။ အ​ထက်​ဖော်​ပြ​ပါ​တို့ သည်​လေ​ဝိ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် ကြ​သ​တည်း။
20 Amram married his father’s sister, Jochebed. She was the mother of Aaron and Moses/me. Amram was 137 years old [when he died].
၂၀အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-
21 The sons of Izhar were Korah, Nepheg, and Zichri.
၂၁ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-
22 The sons of Uzziel were Mishael, Elzaphan, and Sithri.
၂၂သြ​ဇေ​လ​၏​သား​တို့​မှာ​မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တို့​ဖြစ်​ကြ​၏။
23 Aaron married Elisheba. She was the daughter of Amminadab and sister of Nahshon. Elisheba gave birth to [four sons]: Nadab, Abihu, Eleazar, and Ithamar.
၂၃အာ​ရုန်​သည်​အ​မိ​န​ဒပ်​၏​သ​မီး၊ နာ​ရှုန်​၏ နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်​၍​ဧ​လိ​ရှ​ဘ​သည် သား​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့ ကို​ဖွား​မြင်​၏။-
24 The sons of Korah [were] Assir, Elkanah, and Abiasaph. They were the ancestors of the Korah people-group.
၂၄ကော​ရ​၏​သား​သုံး​ယောက်​တို့​မှာ​အ​ဿိ​ရ၊ ဧ​လ ကာ​န၊ အ​ဗျာ​သပ်​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် ကော​ရ​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​များ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
25 Aaron’s son Eleazar married one of the daughters of Putiel, and she gave birth to Phinehas. [That ends the list of] the families and clans that were descended from Levi.
၂၅အာ​ရုန်​၏​သား​ဧ​လ​ဇာ​သည်​ပု​တျေ​လ​၏ သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်​၍ သူ​သည်​သား ဖိ​န​ဟတ်​ကို​ဖွား​မြင်​၏။ ဤ​သူ​တို့​သည်​လေ​ဝိ မိ​သား​စု​နှင့်​အ​ဆက်​အ​နွယ်​များ​၏​အ​ကြီး အ​ကဲ​များ​ဖြစ်​ကြ​သ​တည်း။
26 Aaron and Moses/I were the ones to whom Yahweh said, “Lead all the families and clans of the Israeli people out of Egypt.”
၂၆ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-
27 They/We were the ones who spoke to the king of Egypt about bringing the Israeli people out of Egypt.
၂၇ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည် မှ​ထွက်​ခွင့်​ပေး​ရန် အီ​ဂျစ်​ဘု​ရင်​အား​တောင်း ဆို​သူ​တို့​သည်​ကား​အာ​ရုန်​နှင့်​မော​ရှေ​တို့ ပင်​ဖြစ်​သ​တည်း။
28 On the day that Yahweh spoke to Moses/me in Egypt,
၂၈ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​မိန့်​ကြား​သ​မျှ​ကို​အီ​ဂျစ်​ဘု​ရင် အား​ပြော​လော့'' ဟု​အီ​ဂျစ်​ပြည်​တွင်​ရောက် ရှိ​နေ​သော​မော​ရှေ​အား​မိန့်​တော်​မူ​၏။
29 he said, “I am Yahweh. You must tell the king everything that I say to you.”
၂၉
30 But Moses/I said to Yahweh, “Listen to me. I am not a good speaker. [MET, MTY] So (the king will certainly not pay attention to what I say/why should the king pay attention to what I tell him?)!” [RHQ]
၃၀မော​ရှေ​က``အ​ကျွန်ုပ်​သည် နှုတ်​သတ္တိ​မ​ရှိ​သူ ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ဖာ​ရော ဘု​ရင်​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို​နား ထောင်​မည်​မ​ဟုတ်​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လေ​၏။

< Exodus 6 >