< Esther 9 >
1 The first law that the king had commanded was to be made effective on March 7th. On that day the enemies of the Jews hoped to get rid of them. But instead, on that same day the Jews defeated their enemies.
၁ရှင်ဘုရင် အမိန့် တော်အတိုင်း စီရင် ရသောအချိန်နီး ၍ ၊ ယုဒ အမျိုး၏ ရန်သူ တို့က၊ ငါတို့နိုင် မည်ဟု မြော်လင့် သော နေ့ ၊ အမှုပြောင်းလဲ ၍ ယုဒ လူတို့သည် မနာလို သောသူတို့ ကို နိုင် သော နေ့ရက်တည်းဟူသောအာဒါ မည်သော ဒွါဒသမ လ တဆယ် သုံး ရက် နေ့တွင်၊
2 Throughout the empire, the Jews gathered together in their cities to attack those who wanted to get rid of them. No one could fight against the Jews, because all the other people in the areas where the Jews lived were afraid of them, [so they did not want to help anyone who attacked the Jews].
၂ရှင်ဘုရင် အာရွှေရု ၏ နိုင်ငံ တော် အပြည်ပြည် အမြို့မြို့၌ နေသောယုဒ လူတို့သည်၊ ညှဉ်းဆဲ လိုသောသူတို့ ကို ဆီးတား ခြင်းငှါ စုဝေး ကြ၏။ ပြည်သူ ပြည်သားအပေါင်း တို့သည် ကြောက်ရွံ့ သောကြောင့် ၊ အဘယ်သူမျှရန်မပြုဝံ့ဘဲနေကြ၏။
3 All the governors and [other] officials and important people in all the provinces helped the Jews, because they were afraid of Mordecai.
၃အပြည် ပြည်ကို အုပ်စိုးသောမင်း ၊ ကိုယ်စား တော် မင်း၊ မြို့ဝန် မင်း၊ အမှု တော်စောင့် အရာရှိအပေါင်း တို့ သည် မော်ဒကဲ ကို ကြောက်ရွံ့ သောကြောင့် ၊ ယုဒ လူတို့ကို မစ ကြ၏။
4 They were afraid of him because in all the provinces [they knew that] Mordecai was now the king’s most important official, [with the authority that Haman previously had]. Mordecai was becoming more famous because [the king was giving him] more and more power.
၄အကြောင်း မူကား၊ မော်ဒကဲ သည် နန်းတော် တွင် ဘုန်း ကြီးလျက် ၊ အတိုင်း တိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား ၍၊ တနေ့ထက် တနေ့ကြီး မြင့်ရာသို့ ရောက် သတည်း။
5 [On March 7th, ] the Jews attacked and killed with their swords all of their enemies. They did whatever they wanted to do, to the people who hated them.
၅ထိုနေ့တွင် ယုဒ လူတို့သည် ရန်သူ အပေါင်း တို့ကို ထား နှင့်လုပ်ကြံ သတ်ဖြတ် ဖျက်ဆီး ၍ ၊ မနာလို သောသူတို့ ၌ ပြုချင်သမျှပြု ကြ၏။
6 [Just] in Susa alone, the capital city, they killed 500 people.
၆ရှုရှန် မြို့ တော်၌ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
7 Among those whom they killed were the ten sons of Haman. [Their names were] Parshandatha, Dalphon, Aspatha,
၇ယုဒ အမျိုး၏ ရန်သူ ဟမ္မေဒါသ သား ဖြစ်သော ဟာမန် ၏သား တကျိပ် တည်းဟူသော ပါရှန္ဒါသ ၊ ဒါလဖုန် ၊ အာသပါသ၊
8 Poratha, Adalia, Aridatha,
၈ပေါရသ ၊ အာဒလိ ၊ အာရိဒါသ ၊ ပါမရှာတ ၊
9 Parmashta, Arisai, Aridai, and Vaizatha.
၉အရိသဲ ၊ အရိဒဲ ၊ ဝါဇေဇာသ တို့ကိုလည်း သတ် ကြ၏။
10 Those were grandsons of Hammedatha and sons of Haman, the enemy of the Jews. The Jews killed them, but they did not take the things that belonged to the people whom they killed.
၁၀သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။
11 [At the end of] that day someone reported to the king the number of people whom the Jews killed in Susa.
၁၁ထိုနေ့ ၌ ရှုရှန် မြို့ တော်တွင် သေ သောသူစာရင်း ကို ရှင်ဘုရင် ရှေ့ တော်မှာ ပြကြ၏။
12 Then the king said to Queen Esther, “The Jews have killed 500 people here in Susa, including the ten sons of Haman! [So I think that] they must have killed many more people in the rest of my empire [RHQ]! [But okay], now what else do you want me to do for you. You tell me, and I will do it.”
၁၂ရှင် ဘုရင်သည် မိဖုရား ဧသတာ ကို ခေါ် ၍ ၊ ယုဒ လူတို့သည် ရှုရှန် မြို့ တော်၌ ဟာမန် သား တကျိပ် နှင့်တကွ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံ တော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြု ကြပြီနည်း။ သင် သည် အဘယ် အလို ရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ် ဆုကို တောင်း ချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
13 Esther replied, “If it pleases you, allow the Jews here in Susa to do again tomorrow what [you] commanded [them] to do today. And command that the bodies of Haman’s ten sons be hanged on the gallows/poles.”
၁၃ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည် ယနေ့ အမိန့် တော် အတိုင်း နက်ဖြန် နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန် သား တကျိပ် ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားရမည် အကြောင်းအမိန့်ရှိတော်မူပါဟု လျှောက် သည်အတိုင်း၊
14 So the king commanded that the Jews be permitted to kill more of their enemies the next day. After he issued [another] order in Susa, the bodies of Haman’s ten sons were hanged.
၁၄ရှင်ဘုရင် မိန့် တော်မူ၍ ရှုရှန် နန်းတော်၌ အမိန့် တော်ကို ထုတ် ပြီးမှ ၊ ဟာမန် သား တကျိပ် ကို ဆွဲ ထား ကြ၏။
15 On the next day, the Jews in Susa gathered together and killed 300 more people. But [again, ] they did not take the things that belonged to the people whom they killed.
၁၅ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည်လည်း ၊ အာဒါ လ တဆယ် လေး ရက် နေ့တွင် စုဝေး ၍ ၊ ရှုရှန် မြို့သား သုံး ရာ တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။
16 That happened on March 8th. On the following day, the Jews [in Susa] rested and celebrated. In all the other provinces, the Jewish people gathered together to defend themselves, and they killed 75,000 people who hated them, but [again] they did not take the things that belonged to the people whom they killed.
၁၆နိုင်ငံ တော်အတိုင်းတိုင်း အပြည်ပြည်၌ ရှိသော ယုဒ လူအခြား တို့သည် အာဒါ လ တဆယ် သုံး ရက် နေ့တွင် ၊ မိမိ တို့အသက် ကို စောင့် လျက် ၊ ရန်သူ လက်သို့မရောက်ဘဲ ချမ်းသာ ရမည်အကြောင်း ၊ စုဝေး ၍ ရန်သူ ခုနစ် သောင်း ငါးထောင်တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲ နေကြ၏။
17 That occurred on March 7th, and on the following day they rested and celebrated.
၁၇ထိုလ တဆယ် လေး ရက်နေ့တွင် ငြိမ်ဝပ် စွာနေ ၍ ပွဲ ခံရာနေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။
18 After the Jews in Susa gathered together [and killed their enemies] on March 7th and 8th, they rested and celebrated on March 9th.
၁၈ရှုရှန် မြို့၌ ရှိသော ယုဒ လူများမူကား ၊ တဆယ် သုံး ရက်နေ့နှင့် တဆယ်လေး ရက်နေ့တွင် စုဝေး ကြ၏။ တဆယ် ငါး ရက်မြောက်သောအခါ ငြိမ်ဝပ် စွာနေ၍ ပွဲ ခံရာ နေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။
19 That is why [every year], on March 8th, the Jews who live in villages now celebrate [defeating their enemies]. They have feasts and give gifts [of food] to each other.
၁၉မြို့ရိုး မရှိသောရွာ တို့၌ နေ သောယုဒ လူတို့သည် လည်း၊ အာဒါ လ တဆယ် လေး ရက် နေ့ကို ပျော်မွေ့ စွာ ပွဲ ခံရာနေ့၊ မင်္ဂလာ နေ့ ၊ တယောက် ကိုတယောက်လက်ဆောင် ပေး လိုက်ရာနေ့ဖြစ်စေကြ၏။
20 Mordecai wrote down all the things that had happened. Then he sent letters to the Jews who lived throughout the empire of King Xerxes.
၂၀တဖန် မော်ဒကဲ သည် ဤ အမှု အရာတို့ကို ရေး ထား၏။
21 He told them that every year they should celebrate on the 8th and 9th of March,
၂၁ယုဒ လူတို့သည် ရန်သူ လက်မှ လွတ်၍ ချမ်းသာ ရသောနေ့ ၊ သူတို့ဝမ်းနည်းခြင်း နှင့်မြည်တမ်းခြင်း ပျောက်၍ ဝမ်းမြောက်ခြင်း နှင့်ပျော်မွေ့ခြင်း သို့ရောက် သောလ တည်းဟူသော အာဒါ လ တဆယ်လေး ရက် နှင့် တဆယ်ငါး ရက် နေ့တို့ကို နှစ် တိုင်းစောင့်၍ ပွဲခံရာ နေ့ ၊ ပျော်မွေ့ရာ နေ့၊ တယောက် ကိုတယောက်လက်ဆောင် ပေးလိုက် ၍၊
22 because those were the days when the Jews got rid of their enemies. He also told them that they should celebrate on those days by feasting and giving gifts [of food] to each other and to poor people. They would remember it as the month in which they changed from being very sorrowful to being very joyful, from crying to celebrating.
၂၂ဆင်းရဲသောသူ တို့အား စွန့်ကြဲရာနေ့ဖြစ်စေသောထုံးစံကိုစီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီး အဝေး ရှိသောယုဒ လူအပေါင်း တို့နေရာသို့ မှာစာ ကိုပေး လိုက်လေ၏။
23 So the Jews agreed to do what Mordecai wrote. They agreed to celebrate on those days [every year].
၂၃လူတို့ကလည်း ၊ ပြု စ ရှိ၍ မော်ဒကဲ မှာ လိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံ ကြ၏။
24 They would remember how Haman, son of Hammedatha, a descendant of [King] Agag, became an enemy of all the Jews. [They would remember] how he had made an evil plan to kill the Jews, and that he had (cast lots/thrown small marked stones) to choose the day to kill [DOU] them.
၂၄ယုဒ လူအပေါင်း တို့၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် သည် ယုဒ အမျိုးကို ဖျက်ဆီး မည်အကြံ ရှိ၍ ၊ ဖျက်ဆီး ပယ်ရှင်း ခြင်းငှါ ပုရ စာရေးတံ ချ သောကြောင့် ၎င်း၊
25 [They would remember] that when Esther told the king about Haman’s plan, the king arranged that the evil plan that Haman had made to kill the Jews would fail, and that he [would be killed] instead of the Jews, and that Haman and that his sons were hanged.
၂၅ဧသတာသည် ရှင်ဘုရင် ထံ တော်သို့ ဝင် ၍ ယုဒ လူတို့တဘက် ၌ ဟာမန် ကြံစည် သော အဓမ္မ အကြံ ကို သူ ၏ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်အကြောင်း၊ သူ နှင့် သူ ၏သား တို့ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားစေမည် အကြောင်း၊ အမိန့်တော်စာ ကို ပေးတော်မူသည်ဖြစ်၍၎င်း၊
26 [Because the (lot/small marked stone) that Haman threw was called] Pur, the Jews called these days Purim. And, because of everything that ([Mordecai] wrote/was written) in that letter, and because of all that happened to them,
၂၆ပုရ ဟူသောစကားကို အစွဲ ပြုသဖြင့်၊ ထို နေ့ ကို ပုရ နေ့ဟူ၍ခေါ်ဝေါ် ကြ၏။ ထိုအမိန့် တော်စာ ချက်နှင့် ကိုယ်တိုင်တွေ့မြင် သော အမှု ကို ထောက် လျက်၊
27 the Jews [throughout the empire] agreed to celebrate in that manner on those two days every year. They said that they would tell their descendants and those people who became Jews to be certain to celebrate this festival every year. They should celebrate just as [Mordecai] told them to do [in the letter] that he wrote.
၂၇ယုဒ လူတို့သည် ကိုယ်တိုင်မှစ၍သား မြေး၊ ဘာသာဝင် သူ အပေါင်း တို့နှင့်တကွ ၊ မော်ဒကဲမှာစာ၌ စီရင် ထုံးဖွဲ့သည်အတိုင်း ၊ ထို နေ့ နှစ် ရက်ကိုနှစ် တိုင်း အစဉ် မပြတ်စောင့် မည်အကြောင်း၊
28 They said that they would remember and celebrate on those two days every year, in each family, in every city, and in every province. They solemnly declared that they and their descendants would never stop remembering and celebrating those days called Purim.
၂၈ထို ပုရနေ့ တို့သည် ယုဒ အမျိုး၌ မပျောက်၊ သားစဉ် မြေးဆက်တို့သည် မ မေ့မလျော့၊ အပြည် ပြည် အမြို့မြို့၌ နေသောအဆွေ အမျိုးအသီးအသီးအစဉ် အဆက်တို့သည်အောက်မေ့စောင့်ရှောက်မည်အကြောင်းဝန်ခံကြ၏။
29 Then Mordecai and Queen Esther, who was the daughter of Abihail, wrote a second letter about the Purim feast. Esther used the authority that she had because of being the queen to confirm that what Mordecai had written in the first letter was true.
၂၉ထိုအခါ အဘိဟဲလ သမီး မိဖုရား ဧသတာ နှင့် ယုဒ အမျိုး မော်ဒကဲ တို့သည်၊ ပုရ နေ့တို့ကို မြဲမြံစွာ တည် စေခြင်းငှါ ကျပ်တည်းစွာ အာဏာ ထား၍ မှာစာ ကို တဖန် ရေး ထားကြ၏။
30 What they wrote [in the second letter] was, “We wish that all of you will be living peacefully and safely/righteously. We want you and your descendants to celebrate Purim each year on the days that we two established, and to do the things that we two told you to do.” In that letter, Queen Esther and Mordecai also gave them instructions about (fasting/abstaining from eating food) and being sorrowful. Then copies of that letter were sent to all the Jews who were living in the 127 provinces of the empire.
၃၀ယုဒ အမျိုးသားမော်ဒကဲ နှင့် မိဖုရား ဧသတာ မှာထား၍၊ ယုဒလူတို့သည် ကိုယ်အဘို့ နှင့် သားစဉ်မြေးဆက် အဘို့ စီရင် သည်အတိုင်း၊
၃၁ချိန်းချက် သောအချိန်၌ အစာရှောင်ခြင်း ၊ ဆုတောင်းခြင်း နှင့်တကွ ပုရ နေ့ တို့ကိုအမြဲစောင့်စေခြင်းငှါ၊ အာရွှေရု နိုင်ငံ တော်တွင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်၌ ရှိသောယုဒ လူအပေါင်း တို့နေရာသို့ ငြိမ်သက် စေသောသစ္စာ စကား နှင့် ထိုမှာစာ ကိုမော်ဒကဲပေး လိုက်လေ၏။
32 The letter that Esther wrote about the manner in which they should celebrate the Purim feast was also written in an official record.
၃၂ဧသတာ စီရင် သောအားဖြင့် ၊ ပုရ နေ့တို့ကို စောင့်ရာ ထုံးစံ သည် အမြဲတည် ၍ ဤ စာ ၌ ရေး ထားလျက်ရှိသတည်း။