< Ephesians 4 >

1 Therefore I, who am in prison because [I serve] the Lord [Jesus], urge you, whom God has chosen [to be his people, to do these things]: Conduct your lives as [God’s people] should.
သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​ကြောင့် အ​ကျဉ်း​ခံ​ရ​သူ​ငါ သည်​သင်​တို့​အား​နှိုး​ဆော်​ပါ​၏။ သင်​တို့ သည်​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော် မူ​ခြင်း​ကို​ခံ​ရ​သည်​နှင့်​အ​ညီ​ကျင့်​ကြံ ပြု​မူ​ကြ​လော့။-
2 Always be humble, and do not demand your own rights. Be patient [with each other], and, because you love each other, endure each other’s ([irritating] behavior/behavior that you do not like).
အ​စဉ်​စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​လော့။ သိမ်​မွေ့ နူး​ညံ့​ကြ​လော့။ စိတ်​ရှည်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​သည်း​ခံ​ခြင်း​အား​ဖြင့်​မေတ္တာ​ပြ ကြ​လော့။-
3 [God’s] Spirit has caused you to be united [with one another], so do all that you can to remain united [with one another] by acting peacefully [toward each other].
သင်​တို့​အား​စည်း​လုံး​စေ​သော​ငြိမ်​သက်​ခြင်း အား​ဖြင့် ဝိ​ညာဉ်​တော်​က​ပေး​သော​စည်​လုံး​ညီ ညွတ်​မှု​ကို​အ​စွမ်း​ကုန်​ထိန်း​သိမ်း​ကြ​လော့။-
4 [All we believers form just one group] [MET], and we have only one [Holy] Spirit. Similarly, you were chosen {[God] chose you} in order that you all might confidently keep expecting one [set of good] things [from God].
သင်​တို့​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ တော်​မူ​ခြင်း​ကြောင့်​မျှော်​လင့်​ခြင်း​တစ်​ပါး တည်း​ရှိ​သ​ကဲ့​သို့​ကိုယ်​ခန္ဓာ​တော်​တစ်​ပါး တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။-
5 There is only one Lord, [Jesus Christ]. We all believe the same [teaching about him. It was to show that we belong to him] alone that [we had someone] baptize us.
သ​ခင်​တစ်​ပါး​တည်း၊ ယုံကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း၊-
6 There is one God, who is the [spiritual] Father of all [us believers]. He [rules] over all his people; he enables all his people [to do powerful things] (OR, he sustains all his people); and his [Spirit lives] in all his people.
လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။
7 Christ has generously given to each one of us spiritual gifts, just like he decided to give them.
ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-
8 [When Christ gave] gifts to his people, [it was similar to what the Psalmist said about God receiving tribute money] from those whom he had conquered, When he ascended to heaven, he gave as gifts to people the things [that he had taken] from the people whom he captured:
ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''
9 The words ‘he ascended’ certainly imply/indicate [RHQ] that Christ had also previously descended to the earth.
ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။-
10 Christ, who descended [to earth], is also the one who ascended to the most exalted position in heaven, in order that he might show his power [MTY] throughout the universe.
၁၀သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။-
11 He appointed some people to be apostles. He appointed some people to be (prophets/ones who reveal messages that come directly from God). He appointed some people to be (evangelists/ones whose work is to tell others the message about Christ). He appointed some people to lead and teach [the congregations].
၁၁လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-
12 [He appointed all of these] in order that they would prepare God’s people to do [God’s] work, so that all the people who belong to Christ [MET] might become [spiritually] mature.
၁၂ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။-
13 He wants all of us [believers] to be united [because] we all believe in the Son of God (OR, the man who was also God) and [because] we all know [him]. He wants us to become spiritually mature; that is, he wants us to be (perfect/all that God wants us to be), [just like] Christ was ([perfect/all that God wanted him to be]).
၁၃ထို့​ကြောင့်​ငါ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ ကျွမ်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​တို့​ရ​ရှိ သ​မျှ​သည်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​ပ​မာ​ဏ​အ​တိုင်း ရင့်​ကျက်​သည့်​သူ​များ​အ​ဖြစ်​သို့​ရောက်​ကြ ပေ​အံ့။-
14 Then we will no longer be [spiritually immature], like [MET] little children [are immature]. We will no longer be constantly [changing what we believe, like] [MET] waves of the sea are [constantly changing as the wind blows and] tosses them back and forth. We will not allow people who teach [what is false] and who scheme to deceive/influence us.
၁၄ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။-
15 Instead, by loving [others] as we behave as [God’s] truth requires (OR, speak in a loving manner what is true), we will become more and more like Christ in every way. He is the one [who controls/guides all his people] [MET], [just like a person’s] head [controls/guides his] body.
၁၅ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။-
16 He [enables all those who belong to him to mature spiritually. A person’s body grows stronger, as] each part of the body is joined to the others by the ligaments and as each part (functions properly/works as it should). Similarly, believers will become mature [spiritually] by loving each other and by each of them doing the work [that God wants them to do] [MET].
၁၆ကိုယ်​တော်​၏​စီ​မံ​အုပ်​ချုပ်​မှု​အောက်​တွင်​ကိုယ်​အင်္ဂါ ရှိ​သ​မျှ​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု​အ​ဆစ်​အ​ပိုင်း များ​ဖြင့်​ဆက်​စပ်​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ် အင်္ဂါ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​မေတ္တာ​တ​ရား​အား ဖြင့်​တည်​ဆောက်​၍​ကြီး​ပွား​စေ​လေ​သည်။
17 The Lord [Jesus] has authorized me to strongly tell you that you must no longer conduct your lives like unbelievers do. The futile/worthless way in which they think [MET] [controls how they conduct their lives].
၁၇သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။-
18 They are unable to think clearly [MET] [about what is right and what is wrong]. Because they have decided that they do not want to know about God and because they stubbornly [IDM] refuse to [listen to his message], they do not have the [eternal] life that God [gives us].
၁၈သူ​တို့​သည်​ဉာဏ်​အ​လင်း​ကွယ်​၍​အ​သိ​တ​ရား လုံး​ဝ​ကင်း​မဲ့​လျက်​ခေါင်း​မာ​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​ချ​မှတ်​ပေး​တော်​မူ​သော​အ​သက်​နှင့် ကင်း​ကွာ​လျက်​ရှိ​ကြ​၏။-
19 The result is that because they have ceased (to care/to be concerned) [about what is right and what is wrong], they have (deliberately committed themselves to doing/wholeheartedly decided to do) the shameful things that their bodies want, and they commit all kinds of immoral acts, and continually are eager to do more of those things.
၁၉ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။
20 But when you learned [about] Christ, you did not learn [to behave] like that.
၂၀ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။-
21 I am sure that you heard the message about [Christ], and because you are people who have a close relationship with him, you were taught {[others] taught you} the true [way to live] that Jesus [showed us].
၂၁ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-
22 [You were taught] {[They taught you]} that you must put aside [MET] your evil nature; [that is, that you must not behave like you formerly did]. Your evil desires deceived you, making you want to do evil things and causing you to think that [doing that was good for you]; and your thinking like that was destroying you [spiritually].
၂၂သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-
23 Others taught you that instead, you must let [God’s Spirit] change the way you think,
၂၃သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။-
24 and that you must start being [MET] the new persons that God made you to become. That is, your [behavior] must be righteous and truly/genuinely devout.
၂၄ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။
25 Therefore, quit lying to one another. Instead, because we all belong to just one group [of believers], speak truthfully to each other.
၂၅ထို့​ကြောင့်​မု​သား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​အ​ပေါင်း သည် ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ် ကြ​သ​ဖြင့် ယုံ​ကြည်​သူ​အ​ချင်း​ချင်း​အား​သစ္စာ စ​ကား​ကို​ပြော​ကြ​လော့။-
26 If you get angry, do not sin [as a result of] getting angry. Before the end of the day [MTY], stop being angry;
၂၆သင်​တို့​သည်​အ​ပြစ်​ကူး​ရာ​ရောက်​သည့်​တိုင်​အောင် အ​မျက်​မ​ထွက်​ကြ​နှင့်။ နေ​မ​ဝင်​မီ​အ​မျက်​ကို ပြေ​ငြိမ်း​စေ​ကြ​လော့။-
27 [by doing that], you will not allow the devil to make you do evil.
၂၇မာရ်​နတ်​ကို​အ​ခွင့်​မ​ပေး​ကြ​နှင့်။-
28 Those who have been stealing must not steal any longer. Instead, they should work hard to earn (their living/what they need) ([by] their own efforts/[by] what they do themselves) [MTY], in order that they may have [something] to give to those who are needy.
၂၈ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။-
29 Do not use [MTY] foul language. Instead, say only things that are useful for helping people when they need help, things that will help [spiritually] the people that you talk to.
၂၉ညစ်​ညမ်း​သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​သင်​တို့​နှုတ်​မှ မ​ထွက်​စေ​နှင့်။ သူ​တစ်​ပါး​တို့​အား​အ​ကျိုး​ရှိ​စေ​မည့် စ​ကား၊ အ​ပြု​သ​ဘော​ပါ​သည့်​စ​ကား​ကို​သာ ပြော​ကြား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​၏​စကား ကို​ကြား​ကြ​သူ​တို့​သည်​အ​ကျိုး​ကျေး​ဇူး​ခံ​စား ရ​လိမ့်​မည်။-
30 [God has given you his] Spirit (to confirm/to assure you) that some day [God will claim all] you people [whom Christ has] redeemed [MET], [just like people confirm that something belongs to them by] putting their seal on it. So do not cause God’s Holy Spirit to be sad ([by the way you talk/by the things that you say]).
၃၀ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။-
31 Do not be resentful at all towards others. Do not become angry in any way. Never shout abusively at others. Never (slander/say bad things about) others. Never act maliciously/be mean in any way.
၃၁ထို့​ကြောင့်​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက် ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ သူ​တစ်​ပါး အ​သ​ရေ​ဖျက်​ခြင်း၊ ခပ်​သိမ်း​သော​မုန်း​တီး​ခြင်း တို့​ကို​ပယ်​ရှား​ကြ​လော့။-
32 Be kind to one another. Act mercifully toward each other. Forgive each other, just like God forgave you because of [what] Christ [has done].
၃၂သင်​တို့​သည်​တစ်​ဦး​ကို​တစ်ဦး​သ​နား​ချစ်​ခင်​ကြ လော့။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​ကြောင့်​သင်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည် လည်း​တစ်​ဦး​နှင့်​တစ်​ဦး​အ​ပြစ်​လွှတ်​ကြ​လော့။

< Ephesians 4 >