< Amos 3 >
1 “You people of Israel, I brought all your ancestors out of Egypt; so listen to what I am saying about you.
၁အိုဣသရေလ အမျိုးသား တို့၊ အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သော အမျိုးသား အပေါင်း တို့၊ သင် တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့် တော်မူသောစကား ကို နားထောင် ကြလော့။
2 From all the people-groups on the earth, I [chose and] took care of only you. That is the reason that I will punish you for the sins that you have committed.”
၂မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင် သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။
3 Two [people] certainly cannot [RHQ] walk together if they have not [already] agreed [about what place they will start walking from].
၃လူနှစ် ဦးသည် သဘော မ တူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွား နိုင်သလော ။
4 A lion certainly does not [RHQ] roar in the bushes/forest if it has not killed another animal. It does not [RHQ] growl in its den if it is not eating [the flesh of an animal that it has caught].
၄ခြင်္သေ့ သည် ဘမ်းစရာ မ ရှိလျှင် ၊ တော ၌ ဟောက် လိမ့်မည်လော ။ ခြင်္သေ့ပျို သည် အဘယ်အရာကိုမျှမ ဘမ်းမိ လျှင် ၊ တွင်း ထဲက အသံ ပြု လိမ့်မည်လော ။
5 No one can [RHQ] catch a bird if [he does] not [set] a trap for it. A trap does not spring shut unless some [animal] has not sprung the trap.
၅မြေ ပေါ်မှာ ကျော့ကွင်း နှင့်မ ထောင် လျှင် ၊ ငှက် ကို ကျော့မိ လိမ့်မည်လော ။ ထောင် ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွား လိမ့်မည်လော ။
6 [Similarly, all] the people in a city certainly [RHQ] become afraid when [they hear someone] blowing a trumpet [to signal that enemies are attacking]. And when a city experiences disaster, Yahweh is the one who has caused it [RHQ].
၆မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။
7 And whatever Yahweh plans to do, he tells his prophets about it.
၇အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။
8 Everyone certainly becomes terrified [RHQ] when they hear a lion roar, and if Yahweh the Lord has given messages [to prophets like me], we certainly must [RHQ] proclaim those messages, [even if they cause people to become terrified].
၈ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။
9 [I said this to the leaders of Samaria] (OR, [Yahweh said this to me]): Send this message to the leaders [MET] in Ashdod [city] and to Egypt: “Come to the hills of Samaria and see [the way that their (leaders/wealthy people)] are causing people in that city to be terrified, and [the way that they] are causing the people to suffer!”
၉အာဇုတ် မြို့ ဘုံ ဗိမာန်တို့နှင့် အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင် သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။
10 Yahweh says that the people there do not know how to do things that are right. Their homes are filled with [valuable things] that they have stolen or [taken] violently [from others].
၁၀မြို့သားတို့သည် တရား သောအမှုကို မ ပြု တတ်၊ အနိုင်အထက် ပြု၍ လုယူ သောဥစ္စာကို ဘုံ ဗိမာန်တို့၌ သိုထား တတ်ကြသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
11 So Yahweh [our] God says that [soon] their enemies will come and tear down their (defenses/high city walls) and take away those valuable things.
၁၁ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရန်သူ တို့သည် ရှမာရိပြည် ကိုဝိုင်း ပြီးလျှင် ၊ သင် ၏အစွမ်း သတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန် တို့ကို ဖြိုဖျက် ကြလိမ့်မည်။
12 Yahweh has declared this: “When a lion attacks a sheep, [sometimes] a shepherd will be able to snatch from the lion’s mouth only two legs or an ear of the sheep. Similarly, [only] a few people from Samaria will escape, and [they will be able to rescue only] a part of a couch and a part of a bed.”
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိုးထိန်း သည် ခြင်္သေ့ နှုတ် ထဲက ခြေ နှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်း ကို နှုတ်ယူ သကဲ့သို့ ရှမာရိ မြို့၌ ခုတင် ထောင့် ၊ ဒမာသက် မွေ့ရာ ဖုံပေါ်မှာ ထိုင် သော ဣသရေလ အမျိုးသား တို့ကို နှုတ်ယူ ရလိမ့်မည်။
13 The Commander of the armies of angels said this: “Proclaim [this message] about the descendants [MTY] of Jacob:
၁၃ကောင်းကင်ဗိုလ်ခြေ ကို အစိုးပိုင်သော ဘုရား သခင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ် အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
14 When I, Yahweh, punish [the people of] Israel because of the sins that they have committed, I will cause the altars at Bethel [town] to be destroyed; even the projections at the corners of the altars will be cut off and fall to the ground.
၁၄အကယ် စင်စစ်ဣသရေလ အမျိုး၏ အပြစ် တို့ကို စစ်ကြော သောနေ့ ၌ ၊ ဗေသလ ယဇ် ပလ္လင်တို့ကို ငါစစ်ကြော လျက် ၊ ယဇ် ပလ္လင်ဦးချို တို့ကိုဖြတ် ၍ မြေ ပေါ် သို့ချ မည်။
15 I will cause the houses [that they live in during] the (winter/rainy season) and those [in which they live during] the (summer/dry season) to be torn down. [Beautiful] big houses and houses [that are decorated] with ivory will be destroyed. [That will surely happen because I], Yahweh, have said it!”
၁၅ဆောင်း ကာလ၌ စံသောနန်းတော် နှင့် နွေ ကာလ၌စံသော နန်းတော် တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ် ဖြင့် ပြီးသော အိမ် တို့ကိုဖျက်ဆီး မည်။ ဘုံ ဗိမာန်တို့သည်လည်း ဆုံး ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။