< 2 Peter 3 >
1 This letter that I am now writing to you whom I love, is the second [letter] that I have written to you. [In both] these letters I have reminded you [about the things you already know, in order that I may] stimulate/cause you to think sincerely [about those things].
၁ချစ်သူတို့၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခု ငါရေး၍ ပေးလိုက်၏။
2 [I want you] to remember the words that were spoken by the holy prophets {that the holy prophets spoke} long ago, and also to remember what our Lord and Savior commanded, things that we, your apostles, told you about.
၂သန့်ရှင်းသော ပရောဖက်တို့သည်၊ အထက်က ဟောပြောသော စကားများကို၎င်း၊ ကယ်တင်တော်မူ သော အရှင်သခင်ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ၏ ပညတ်ကို၎င်း၊ သင်တို့သည် အောက်မေ့ စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ် တို့ကို ငါသတိပေး၍ နှိုးဆော်၏။
3 It is important for you to understand that in the time [immediately] before Christ comes back, there will be people who will ridicule [the idea of his coming back. Those people will do whatever] evil things they wish to do.
၃ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊
4 They will say, “[Although it was] promised [that Christ] will come back, ([nothing has happened that would indicate] that he is coming back./[what happened to the promise] that he is coming back?) [RHQ] We say that because ever since the [Christian] leaders [who lived] long ago died [EUP], everything [has remained the same]. Things are as [they always have been] since God created [the world!]”
၄သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော် သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြလိမ့်မည်။
5 [They will say that because] they (deliberately overlook [the fact/have decided to ignore what they know]) that God, by commanding [long ago that it should be so], caused the heavens to exist, and he caused the earth to appear out of water and to be separate from the water.
၅ရှေးကာလ၌မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲက ထွက်၍ရေဖြင့် တည်သောမြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
6 And God, by [commanding that it should be so], later destroyed the world [that existed] at that time, by causing the earth to be flooded with water {water to flood the earth}.
၆ဖြစ်ဘူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။
7 Furthermore, [God], commanded that the heavens and the earth [that exist] now remain until the time when [he] will judge (ungodly people/people whose lives are not pleasing to him). And at that time [he] will destroy the heavens and the earth by burning them.
၇ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။
8 Dear friends, I want you to understand well that the Lord [God is willing to wait a long time to judge the people in the world! How much time passes before] the Lord God [judges the people in the world does not matter to him! He considers] that one day [passes no more quickly than] 1,000 years, and [he also considers] that 1,000 years [pass as quickly as] one day passes [to us]!
၈ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့်။
9 [Therefore, you should not think that because Christ has not yet come back to judge people], the Lord God is (delaying/slow to do) what he promised. Some people think that this is so, [and they say that Christ will never come back]. But [you should understand that the reason why Christ has not yet come back to judge people is that] God is being patient with you, because he does not want anyone to be lost [eternally]. Instead, he wants everyone to turn away from their sinful behavior.
၉လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။
10 Although [God is being patient, at] the time [MTY] [that he has chosen], the Lord [Jesus Christ] will [certainly] come back [to judge people]. He will come back [unexpectedly], like a thief [SIM] [comes unexpectedly]. At that time there will be a great roaring sound. The heavens will cease to exist. (The elements/The parts [of which the universe consists]) will be destroyed by fire, and the earth [that God made] and everything on it [that people have made] will disappear (OR, will be burned up).
၁၀သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရ ဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
11 Because God will certainly destroy all these things like [I just said], you certainly know how you should behave. [RHQ] You should behave (in a [godly manner/] a [manner that pleases God])
၁၁သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့်၊
12 while you [eagerly/expectantly] wait for [Christ] to return on the day that God [has chosen] [MTY], and you should try to make that day come soon. Because of what [God] [PRS] [will do on that day], the heavens will be destroyed. (The elements/The parts of which the universe consist) will melt and burn up.
၁၂မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း။
13 Although [all those events/things will happen, we rejoice because] we are waiting for the new heavens and new earth that [God] has promised. The [only people who will be] in the new heavens and on this new earth will be [people who are] [PRS] righteous.
၁၃ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ၏။
14 Therefore, dear friends, because you are waiting for these things [to happen], do all that you can [live] (in a [godly manner/] a [manner that pleases God]), [in order that Christ] will see that you [are] completely pure [DOU] [and that you are living] peacefully [with each other].
၁၄ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ် အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့။
15 And think about this: Our Lord [Jesus Christ is] patient [because he wants] people to be saved. Our dear (brother/fellow believer) Paul also wrote wise words to you [about these same matters], because God enabled him to understand [these] ([events/things that will happen]).
၁၅ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများ ကိုပြော၍စီရင်သော ဩဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့။
16 In the [letters] that Paul wrote there are certain things that are difficult for people to understand. People [who are spiritually] ignorant and (unstable/do not believe firmly in Christ) interpret these things wrongly, as they also (interpret/explain the meaning of) the other parts of the Scriptures wrongly. The result is that they will destroy themselves [spiritually], and [God] will punish them.
၁၆ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောင်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။
17 Therefore, dear friends, [since you already know about those who teach what is false], (guard against them/beware). Do not let those wicked people deceive you by telling you things that are wrong, with the result that you yourselves begin to doubt [what you now firmly believe].
၁၇သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း၊ ဤအရာများကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့။
18 [Instead, live in such a manner that you] experience more and more our Savior Jesus Christ being kind [to you], and that you get to know him [better and better]. 2 Peter 3:18b [I pray/desire that Jesus Christ] will be honored both now and forever! (aiōn )
၁၈ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ (aiōn )